အကျိုးပြုအဏုဇီဝမြေဩဇာ (အီးအမ်)ပြုလုပ်နည်း (၄) နည်း
ယခုနောက်ပိုင်းမှာ EM (အီးအမ်)ဖျော်ရည်ကို မြေဆွေးပြုလုပ်ရာတွင်လည်းကောင်း၊ သဘာဝ မြေသြဇာရည် ပြုလုပ်ရာတွင်လည်းကောင်း၊ မွေးမြူရေးတွင်လည်းကောင်း၊ အနံဆိုးများ ဖယ်ပျောက် ရာတွင် လည်းကောင်း တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။
EM ဖျော်ရည်ကို အလွယ်ဝယ်ယူနိုင်သော်လည်း အကြီးအကျယ် စိုက်ပျိုးရေးကို တစ်ကယ် လုပ်တော့မယ်ဆိုရင် ကိုယ်တိုင်ပြုလုပ်သုံးစွဲမှ တွက်ချေကိုက်ပေလိမ့်မယ်။ EM ကို ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွာရှိတဲ့ အပြင် တစ်မျိုးနဲ့တစ်မျိုး ပါဝင်ပစ္စည်း မတူတဲ့အတွက် အာနိသင်ကွာခြားမူ အနည်းငယ် ရှိပါတယ်။
ပထမနည်း
ပါဝင်ပစ္စည်းများ
(၁) သင်္ဘောသီး = ၅၀ သား ဝန်းကျင်
(၂) ငှက်ပျောသီး = ၅၀ သား ဝန်းကျင်
(၃) ရွှေဖရုံသီး = ၅၀ သား ဝန်းကျင်
(၄) ကြက်ဥ = ၃-လုံး
(၇) ဖွဲနု = ၁- ပိဿာ
(၈) တင်လဲရည် = ၂ ပိဿာ
(၉) ရေ = ၅လီတာ ဝန်းကျင်
(၁၀) ရေ ၈ ဂါလံဆန့် ပလပ်စတစ်ပုံး (သို့) စဥ့်အိုး
ပြုလုပ်နည်းအဆင့်ဆင့်
(၁) ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး၊ တို့ကို ဓါးဖြင့်ပါးပါးလှီးပါ။(အမှည့်ဖြစ်ရ) အခွံများပါ ထည့်ရပါတယ်။ အသီးများကို ရေမဆေးရပါ။ (အသီးတွင်ကပ်နေသော အကျိုးပြုပိုးများကို ရေနဲ့ ဆေးလိုက်သလို ဖြစ်တက်တာကြောင့်)။ ပြီးနောက် ပါဝင်ပစ္စည်းအားလုံး ထည့်ပါ။
(၂) ပလက်စတစ်အိတ်အကြည်ဖြင့် လုံအောင်အုပ်၍ စည်းထားပါ။ အိုးကို အရိပ်ရဲ့ အေးသောနေရာ၌ ထား ပေးပါ။ ၂ရက်တစ်ခါ အိုးကို ဖွင့်ပြီး မွှေပေးပါ။ ၁ပတ်၊ ၂ပတ်ကြာသော် အဖြူရောင်မှိုများ အနည်း ငယ်တက်နေပါလိမ့်မယ်။ ၁၅ ရက်ခန့်ဆို ပိတ်ပါး စဖြင့် စစ်ယူပြီး ဘူးတစ်ဘူးထဲ ထည့် ထားပါ။ ဒီနည်းဖြင့်ပြုလုပ်ထားတဲ့ EM ဖျော်ရည်က ၆ လ ကျော်သွားပါက အာနိသင် နည်းသွား တက်ပါတယ်။
ဒုတိယနည်း
ပါဝင်ပစ္စည်းများ
(၁) ဝါးရုံမြေအောက် မြေကြီး = ၅ ကျပ်သား
(၂) လက်ဆက်သောနွားသေး = ၁ လီတာ
(၃) လက်ဆက်သောနွားချေး = ၆၀ သား
(၄) ပဲစိမ်း = ၁၅ ကျပ်သား
(၅) တင်လဲရည် = ၃၀ သား
(၆) ရေ = ၄ ဂါလန်
ပြုလုပ်နည်း
(၁) အထက်ပါ ပါဝင်ပစ္စည်းအားလုံးကို ရောမွေပြီး စဥ့်အိုးထဲ၌ ရက် ၃၀ခန့်ထားပါ။
(၂) အိုးအဖုံးလုံအောင် ပိတ်ရပါမယ်။ ၂ ရက်တစ်ခါ အဖုံးဖွင့်ပြီး မွေပေးရပါမယ်။ သတိပြုရန်အချက်သည် အိုး၏ တစ်ဝက်ခန့်ကို လေဟာနယ်ဖြစ်အောင် ထားပေးရမှာပဲဖြစ်ပါတယ်။ (အိုးကို ပြည့်နေအောင် မထည့်ပဲ တစ်ဝက်ခန့် ပဲထည့်ပေးခြင်းဖြင့် လေဟာနယ်အဖြစ် ထားပေးနိုင်ပါတယ်။)
(၃) အိုးကို အရိပ်ထဲ အေးပြီး ခြောက်သွေ့တဲ့ နေရာတွင် ထားရပါမယ်။ ရက်၃၀ပြည့်လျှင် ပိတ်ပါးနှင့် စစ်ယူပြီး အလုံပိတ်ဘူးထဲ ထည့်ကာ သိုလောင်နိုင်ပါတယ်။
တတိယနည်း
ပါဝင်ပစ္စည်းများ
(၁) အုန်းစိမ်းနုနုအရည် = ၄ လုံး
(၂) ပဲငန်ပြာရည် = ၃ ဇွန်း (ထမင်းစားဇွန်း)
(၃) နို့ချဥ်ရည် = ၃၀၀ စီစီ
(၄) လော်စာတုံး = ၁ တုံး (သို့) တဆေး = ၂ ဇွန်း (ထမင်းစားဇွန်း)
ပြုလုပ်နည်း
(၁) အားလုံးကိုရောပြီး အလုံပိတ်ဘူးထဲ ၇ရက်ခန့် ထားပေးပါ။
(၂) ၇ရက် ပြည့်လျင် အကျိုးပြုအဏုဇီဝဖျော်ရည် EM ဦးရည်ရပါပြီ။

စတုတ္ထနည်း
ပါဝင်ပစ္စည်းများ
(၁) အုန်းသီးရင့်ရင့်အရည် = ၄လီတာ
(၂) တင်လဲရည် = ၁ ပိသာ
ပြုလုပ်နည်း
အုန်းရည်၊ တင်လဲရည်ကို ရောပြီး ပုံးထဲထည့်ပြီး အလုံပိတ်ထားပါ။ ရက် ၃၀ ပြည့်ရင် ရလာတဲ့အရည်က EM ဖြစ်ပါတယ်။
ဒီနည်းက နည်းအားလုံးမှာ ကုန်ကြမ်းအနည်းဆုံးနဲ့ အလွယ်ဆုံး နည်းတစ်နည်းပဲဖြစ်ပါတယ်။
အထက်ပါနည်းတွေနဲ့ ပြုလုပ်ထားတဲ့ အီးအမ်ဦးရေကို ပြန်ပွားယူပေးရပါမယ်။ သို့မှသာ အကျိုးပြုအဏုဇီဝပျော်ရည် အမြောက်အမြား ရရှိမှာပဲဖြစ်ပါတယ်။
အထက်ပါမူလအီးအမ်ကို EM1 ၊ OEM ၊ ပင်မအီးအမ်လိုလည်းခေါ်ကြပါတယ်။
သက်တမ်းကလည်း တစ်နှစ်လောက်အထိခံပါတယ်။
အီးအမ်ပွားနည်းကတော့ ဦးရည် ၃ လီတာ၊ ရေ ၁၀ ဂါလန်၊ တင်လဲရည် ၃၀ သား၊ ပဲဆီ ၃၅၀ စီစီကို ပုံးတစ်ပုံးထဲ အဖုံးပိတ်ပြီး ၁၅ ရက်ခန့်ထားပါ။
ဒါဆိုရင် အကျိုးပြုအဏုဇီဝပိုးတွေ အများအပြား ပွားနေတဲ့ EM ဖျော်ရည်ကိုရရှိပါပြီ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အေးမြတ်မိုး
လွန်ခဲ့သော ၉ လ ကဝက်မွေးတဲ့နေရာမှာ ထည့်ကျွေးလို့အဆင်ပြေသလားဗျာ
နိုင်အောင်
လွန်ခဲ့သော ၁ နှစ် ကပဲဆီမထည့်လို့ရလား ထည့်မယ်ဆိုရင်ရော ဘယ်ပဲဆီကိုထည့်ရမလဲ
hnin yu maw
လွန်ခဲ့သော ၁ နှစ် ကပထမနည်းက ရေက ၈ဂါလံဆန့်တဲ့ပုံးထဲ အဲ၅လီတာဘဲထည့်ရမှာလား
zaw
လွန်ခဲ့သော ၁ နှစ် ကအီအမ်ပွားနည်းက ဦးရည်၃လီတာက အရက်ဦးရည်လားဘာဦးရည်လဲခင်ဗျာ့ ပြီးတော့ ဦးရည်၃လီတာရေ၁၀ဂါလံ တင်လဲရည်၃၀သားပဲဆီ၃၅၀စီစီနဲ့ ပထမ လုပ်ထားတဲ့ emတမျိုးမျိူးနဲ့ ရောနောမွှေနှောက်ပြီး ပုံးတစ်ပုံးထဲ့မှာ ပိတ်ပြီး၁၅ရက်ထားရမှာလားခင်ဗျာ့🙏🙏🙏
Maung Maung Win
လွန်ခဲ့သော ၁ နှစ် ကအဆိုပါ EM အမျိုးအစားအားလုံးကို ဘယ်လိုအပင်တွေမှာ ဘယ်ပမာန ထည့်ပေးရမလဲဗျာ ကျေးဇူးပြ၍ဖြေပေးပါလား
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Agriculturalist K.S
အားလုံး