ဒီမုန်တိုင်း အန္တရာယ်ရှိနိုင်လား...
မေ ၁၂ ရက်(သန်ဘက်ခါ) မှာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (ဆိုင်ကလုန်းဖြစ်ပါက Mocha အမည်ရ မုန်တိုင်းဖြစ်မည်) ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ လက်ရှိ ဘင်္ဂလားပင်လယ်အော်အတွင်းက မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိနိုင်ပါသလား၊ ကြိုတင်ရှောင်ရှားမှုတွေကော လုပ်သင့်ပါသလား?
အိန္ဒိယမိုးလေဝသဌာနက မနေ့ညကထိ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ဒီမုန်တိုင်းငယ်ဟာ မေလ ၁၁ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း၊ မေလ ၁၁ ရက်နေ့ ညပိုင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး မေလ ၁၄ ရက် မနက်အစောပိုင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား နဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းက ကျောက်ဖြူမြို့တို့ ကြားကနေ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မယ် (မုန်တိုင်းပြင်းအားအများဆုံးဖြစ်မယ့်အချိန်) လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ဒီနေ့ မေ ၁၀ မနက်ပိုင်း နောက်ဆုံးထုတ်ပြန်ချက်လမ်းကြောင်းတွေအရတော့ မုန်တိုင်းလမ်းကြောင်းဟာ အထက်ကို အနည်းငယ်တက်သွားပြီး စစ်တွေနဲ့ ရသေ့တောင်ကြားကို ဖြတ်မယ်ဆိုပြီး ပြနေတယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

‘ အခုနောက်ဆုံးခန့်မှန်းနေရာကို ကျော်ဖြတ်ဝင်ရောက်မဲ့အချိန်အရဆို မေလ ၁၄ ညနေပိုင်းက စပြီး ရခိုင် ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နဲ့ မွန်တနင်္သာရီကမ်းရိုးတန်းတွေမှာ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးမဲ့ အခြေအနေများ ဖြစ်ပေါ်နိုင်ပါမယ်။ မိုးသက်လေပြင်းကျရောက်နိုင်မဲ့ အခြေနေများဟာ ကမ်းရိုးတန်းဒေသများအပြင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အနောက်ပိုင်းဒေသတွေမှာပါ မိုးသက်လေပြင်းများကျရောက်ပြီး နေရာအလိုက်မိုးသည်းထန်နိုင်မဲ့ အခြေအနေများဖြစ်ပေါ်နိုင်ကြောင်းတွေ့ရပါတယ်’ လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
ဆိုတော့ ဒီမုန်တိုင်းလမ်းကြောင်းအနေအထားအရ မြန်မာနိုင်ငံကိုတိုက်ရိုက်ထိသွားနိုင်တာက ရခိုင်ကမ်းရိုးတန်းပဲဖြစ်နိုင်တယ်ဆိုတော့ တခြားဒေသတွေကော အန္တရာယ်မရှိနိုင်တဲ့အခြေအနေဖြစ်သွားပြီလား?
ဒီနေ့မနက် လမ်းကြောင်းအနည်းငယ်အပေါ်တက်သွားတဲ့အနေအထားအရတော့ ဧရာဝတီ၊ ရန်ကုန်တိုင်းတွေဘက် သက်ရောက်မှု အနည်းငယ်လျော့သွားနိုင်ပေမဲ့ ပေါ့လို့တော့မရဘဲ မုန်တိုင်းအရွယ်အစားနဲ့ ပြင်းအားကြောင့် သတိထားကြရဦးမယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။
“ အရေးကြီးတာ လူတွေ သတိထားစေချင်တာက မုန်တိုင်းအရွယ်အစားနဲ့ မုန်တိုင်းဗဟိုလေတိုက်နှုန်းနဲ့ပေါ့နော်။ ဗဟိုလေတိုက်နှုန်းက မိုင် ၁၂၀၊ ၁၃၀ လောက်ထိ ရှိနေတယ်။ ပြီးတော့မှ မုန်တိုင်းအရွယ်အစားကြီးကလည်း အချင်းမိုင်က ၅၀၀ လောက်ထိ ဖြစ်သွားနိုင်တယ်။ အဲ့လောက်ဆိုရင် ရခိုင်ကမ်းရိုးတန်းကြီးတစ်ခုလုံးထက် တောင် ပိုပြီးတော့ရှည်တဲ့အတွက် မြစ်ဝကျွန်းပေါ်၊ ရန်ကုန်တိုင်းတွေထိကို မုန်တိုင်းရဲ့ညာဘက်ခြမ်း သက်ရောက်မှု ပိုများနိုင်တယ်။ မုန်တိုင်း ကုန်းတွင်းဝင်တဲ့ အချိန်မှာ” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ဆိုတော့ မုန်တိုင်းတစ်လုံးရဲ့ အရွယ်အစားဟာ အရေးကြီးသလား? လို့ ဦးဝင်းနိုင်ကို မေးကြည့်တော့...
“ ဟုတ်ကဲ့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ - ပထမတစ်ချက်က ကုန်းတွင်းကို ဖြတ်ကျော် ဝင်ရောက်ချိန်မှာ အရွယ်အစားကြီးလေ လေပြင်းတိုက်ခတ်ခံရတာနဲ့ မုန်တိုင်းဒီလှိုင်း(Storm Surge)ခံရနိုင်တဲ့ ဧရိယာက ပိုမိုကျယ်ပြန့်လေဖြစ်လို့ပါပဲ။ ဒုတိယတစ်ချက်က မုန်တိုင်းအရွယ်အစားလည်းကြီးမယ်။ လေတိုက်နှုန်းတွေလည်း ပြင်းမယ်ဆိုရင် ကုန်းတွင်းဝင်ပြီးတဲ့နောက်ပိုင်း မိုးရွာသွန်းနိုင်မဲ့ဧရိယာနဲ့ မိုးရေချိန်များနိုင်မဲ့ ဧရိယာတွေလည်း ပိုပြီးကျယ်ပြန့်လာပါတယ်။ နောက်ဆုံးတစ်ချက်က ကုန်းတွင်းမုန်တိုင်း သို့မဟုတ် လေဖိအားနည်း ရပ်ဝန်းအဖြစ် လေတိုက်ခတ်မှုရဲ့လားရာအတိုင်း မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေ ဆက်ပြီးရွေ့လျားနိုင်မဲ့ ခရီးကရှည်သွားပြီး မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေကပိုများနိုင်သလို ဧရိယာကျယ်ကျယ်ပြန့်ပြန်ကို ပြန့်ထွက်သွားနိုင်တာတွေကြောင့်ပဲ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
မုန်တိုင်းတစ်လုံးရဲ့ အရွယ်အစားကိုတော့ "မုန်တိုင်းတစ်လုံးရဲ့ဖိအားပြစက်ဝန်းလိုင်းတွေ"နဲ့ "မုန်တိုင်းအတွင်းက တိမ်ထုရဲ့အကျယ်ဆုံးနေရာအစွန် နှစ်ဖက်မှ မုန်တိုင်းဗဟိုကို ဖြတ်ပြီးဆွဲတဲ့ မျဉ်းဖြောင့်"နဲ့ မုန်တိုင်းရဲ့အချင်းကို တိုင်းတာရတာဖြစ်တယ်လို့ သိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် ၇ နာရီသတင်းထုတ်ပြန်ချက်မှာလည်း ‘ ယနေ့နံနက်မှ (၁၁.၅.၂၀၂၃)ရက်နေ့ အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ (၁၂.၅.၂၀၂၃) ရက်နေ့မှ (၁၄.၅.၂၀၂၃) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၇၀)မှ မိုင်(၈၀)ခန့်အထိ တိုက်ခတ်နိုင် ပါသည်။ မုတ္တမကွေ့- မွန်တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်’ ဆိုပြီး သတိပေးချက် ထည့်သွင်းထုတ်ပြန်ထားပါတယ်။
ဆိုတော့ ဒီမုန်တိုင်းဟာ အန္တရာယ်ရှိနိုင်ပါသလား?
နာဂစ်မုန်တိုင်းဒဏ်ကို ခံခဲ့ဖူးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေက ပြည်သူအချို့ကတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်မှုတွေရှိနေပါတယ်။ ဒီလို ရွှေ့ပြောင်းနေထိုင်ဖို့ထိ လိုအပ်နေလားဆိုတာ ဦးဝင်းနိုင်ကို မေးကြည့်ရာမှာတော့...
“ ရှောင်တာကတော့ မမှားဘူး။ ဘာလို့လဲဆိုတော့ တည့်တည့်မဝင်ရင်တောင် မုန်တိုင်းက အရမ်းကြီးနေတယ်။ အချင်းမိုင် ၅၀၀ နီးပါး၊ လေတိုက်နှုန်း အမြင့်ပေ ၅၀၀၀ မှာဆို တစ်နာရီ မိုင် ၁၆၀ ကျော်အထိလောက်တောင် ရှိလာနိုင်မယ်။ အဲ့ဒီအမြင့်က လေစီးကြောင်းက ကုန်းတွင်းရောက်ချိန် အောက်ကို နိမ့်ကျလာမှာဖြစ်တဲ့အတွက် ကောင်းကောင်းဒုက္ခပေးလိမ့်မယ်” လို့ ဆိုပါတယ်။
(မှတ်ချက်။ ။ မုန်တိုင်းများ၏သဘောသဘာဝအရ အချိန်နှင့်အမျှလမ်းကြောင်းပြောင်းလဲသွားမှုများ အနည်းငယ်ရှိတတ်ပါသည်။ Green Way_အစိမ်းရောင်လမ်းအနေဖြင့် ယင်းကဲ့သို့နေ့စဉ်ပြောင်းလဲမှုများရှိမရှိအပေါ် ဆရာဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းပြီး ဆက်တိုက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။)
Photos Crd_U Win Naing, မိုး/ဇလ
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
Tul
လွန်ခဲ့သော ၃ နှစ် ကမြစ်သားမြို့နယ်မှာရောမိုးရွာနိုင်ပါသလားဆရာ
Aung Hlwan Myo
လွန်ခဲ့သော ၃ နှစ် ကကျနော်တို့မြို့နယ်တွေမှာရောမိုးရွာသွန်းနိုင်လားဆရာ
Naingzinoo
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ်ခင်ဗျ
Aung Hlwan Myo
လွန်ခဲ့သော ၃ နှစ် ကကျနော်တို့မြို့နယ်မှာရောမိုးရွာသွန်းနိုင်ပါသလားခင်ဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး
KO Thiha lin • ဖြေကြားချက် 0 ခု
ဒိုက်မြက်နဲ့ မြင်းစာမြက်ရှိတဲ့လယ်တေကို မတ်ပဲကျဲလို့သင့်တော်မလား
ဦးစောမောင်ဌေး • ဖြေကြားချက် 0 ခု
ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်ခင်းလုံးကို ကူးစက်နိုင်ပါသလားဆရာ အဲ့ပုံစံအလုံးလေးတွေကိုတော့အဆက်မပြတ်ရှာဖွေ ခူယူပြီးအဝေးကိုလွှင့်ပစ်ပါတယ်ဗျ ဒါမဲ့ မနေ့ကအပြောင်းခူးပေမဲ့ ဒီနေ့အလိုအလုံးလေးတွေ ထပ်တွေ့နေရလို့ စိတ်ညစ်နေရပါတယ် မနေ့မနက်က ကယ်စီပလပ်နဲ့မင်းသား တွဲပီးဖျန်းထားပါတယ်ဗျ မိုးမရွာတာလဲ တစ်လခွဲလောက်ရှိပါပြီ အခြေနေတွေကြောင့်ရေလဲမတင်နိုင်ပါဘူးဆရာ အခုတော့ ကြည်လွဲရက်ရောက်ပီဆိုတော့ မိုးအဆက်မပြတ်ရွာနိုင်ပါတယ်ဆရာ မိုးရွာတာမဲ့ ပုံထဲက မော်နီတာ ဂျစ်ပ်ဆမ် ဖြူးပါမယ်ဆရာ အခုလဲ မိုးအုံ့လိုက် နေပူလိုက် မိုးပေါက်ကျလိုက်အလိုအနေထားရှိနေပါတယ် ပျောက်ကင်းအောင်ကုသလို့ရလား တားဆီးလို့ရလားဆရာ တစ်ခင်းလုံးကူးရင်တော့ ရင်ကျိုးရချည်ရဲ့ ခရမ်းချဥ်သီးကဘယ်နေရာမှအသုံးမဝင်တဲ့ ရောဂါဆိုးကြီးတစ်ခုပါပဲဆရာ
U Yan • ဖြေကြားချက် 3 ခု
ကြွက်တေကိုက်တယ်ဗျာဘာဆေးသုံးရမလဲပြောကြပါအုန်း
naymyo • ဖြေကြားချက် 3 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....