ငွေကြေးပူပန်ရခြင်းတွေက သင့်ဘဝကို ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာ သိကြလား

05/11/2020 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

၁။ သင်ဟာ "ဒီလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့အတွေးတွေနဲ့ စတင်ပြီး ဒုက္ခဘက်နဲ့သောကက တွေးတတ်နေပါပြီ။

      ဒီနှစ်မှာတော့ ကပ်ရောဂါ COVID-19 ဟာ တမ္ဘာလုံးကို အရှိန်အဟုန်နဲ့ ဝင်ရောက်ခဲ့ပါတယ်။ ရောဂါပိုး ကူးစက်ခံရမှာကို ကြောက်ရွံတာအပြင် လူတွေဟာ အလုပ်အကိုင်မဲ့တွေဖြစ်ကုန်မှာ ကိုလည်းကြောက်ကြပါတယ်။ နိုင်ငံရေး လှည့်ကွက်တွေကို စိုးရွံ့ကြပါတယ်။ ဘယ်လိုဖြစ်မယ်မှန်းမသိတဲ့ အနာဂတ်စီးပွားရေး အခြေအနေကိုလည်း စိုးရွံ့ကြပါတယ်။ ငွေရေးကြေးရေးအရ စိုးရိမ်ပူပန်စရာမရှိဘူးလို့ထင်ခဲ့တဲ့ အချိန်တွေရှိခဲ့ပေမယ့် နောက်ပိုင်း သတင်းတွေအကြည့်များလာတဲ့အခါမှာ ကြောက်လာပြီး ကိုယ့်ကိုယ့်ကို "တကယ်လို့ ဖြစ်ခဲ့ရင်"ဆိုတဲ့မေးခွန်းတွေ စတင်မေးလာပါတယ်။ အဲ့စိတ်ပိုင်းဆိုင်ရာအတွေးအရာတွေ ထိန်းချုပ်လို့မလွယ် ဘူးဆိုတာ သိမှာပါ။ စိတ်ဆိုတာနေ့စဉ်ဘဝမှာ တချိန်လုံးမရပ်မနားရွှေ့သွားဖြစ်နေတာပါ။ ကပ်ရောဂါဖြစ်မှ စတာမဟုတ်ပါဘူး။ အရင်ကထဲကငွေကြေးအခြေအနေမခိုင်မာရင် အခုအချိန်မှာစိတ်ကိုတောင်းတင့်နိုင်ဖို့ ခက်ခဲနေပါပြီ။

၂။ သင့်အနေနဲ့ ပိုက်ဆံအတွက် ပိုမိုရုန်းကန်ရပါပြီ။

       အခြေအနေတခုမှာ ပိုက်ဆံကြောင့် ပူပန်ရပြီဆို သင့်အနေနဲ့ ဝန်တခုကို ခံစားရပါပြီ။ ဒါဟာ အိမ်ထောင်ရေးတခုမှာဆို အဓိက ထိခိုက်ရပါတယ်။ သင်အမြဲတမ်းပိုက်ဆံအတွက်ဘဲ စိတ်ပူပန်နေရမယ်ဆို အားပေးတာ၊ မျှဝေခံစားတာ ဒါမှမဟုတ် ပိုက်ဆံကြောင့်တခြားပိုင်းတွေ ဆက်သွယ်ထိရောက်မှုဖြစ်လာပါတယ်။ စိတ်ခံစားမှုတွေဟာ ပျံ့လွင့်ပြီး (သို့မဟုတ်) ငွေကြေးအတွက် ပူပန်ရတာ အရမ်းများလာရင် သင်တို့ထဲက တယောက်ဟာ တစုံတခုအတွက် ​ကျေးဇူးတင်တယ်ပြောခြင်းဟာ ပုံမှန်ထက်လျော့နည်းလာပါမယ်။ ဒါဟာ အံဩစရာတော့မရှိပါဘူး။ အိမ်ထောင်ရေးပြိုကွဲတဲ့အကြောင်းအရာတွေထဲမှာ ပိုက်ဆံကြောင့်ဘဲ လမ်းခွဲတာတွေက ထိပ်တန်းမှာပါပါတယ်။ 

၃။ သင်ဟာ ငွေကြေး ရေးကြေး အဆင်မပြေရခြင်းကို ဖုံးကွယ်ထားပြီးပေါ်ထွက်မလာအောင် ထိန်းနေရတဲ့အတွက် ပိုမိုစိတ်ဆင်းရဲလာရပါတယ်။ 

       ငွေကြောင့်အမြဲ ရန်ဖြစ်ရတယ်ဆို မိသားစုအတွင်းမှာ တယောက်ကတော့ အသုံးစရိတ်ကို ဖုံးကွယ်ထားနိုင်ပါတယ်။ သူတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဆုံးဖြတ်ရမယ့်အစား လျို့ဝှက်ထားတတ်လာပါတယ်။ ဒါကို ငွေကြေးဖောက်ပြားမှုလို့ ခေါ်ပါတယ်။ တစ်ယောက်ကရှာဖွေစုဆောင်းထားသမျှ နောက်တစ်ယောက်ကစားသောက်သုံးဖြုန်းဝတ်စားလောင်းကစားချနေရ င်ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ 

၄။ သင့်ဟာ တန်ဖိုးရှိတဲ့အချိန်တွေကို ပူပန်ကြောင့်ကြရခြင်းနဲ့ ကုန်ဆုံးပါတယ်။

      ငွေကြေးပြဿနာပေါင်းများစွာထဲကနေ ရုံးကန်နေချိန်မှ ာတခြားမျှော်လင့်ချက်တွေ ရည်မှန်းချက်တွေအတွက်ဘယ်လိုမှ အချိန်မပေးနိုင်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ ပန်းတိုင်ကို ရောက်နိုင်လိမ့်မယ်ဆိုတဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ထွက်သွားတယ်။ ဘယ်လိုပြန်စရမယ် ဆိုတာထက်ဘယ်လိုမှဆက်မသွားချင်တာတွေဘဲ ထိုင်တွေးနေမိလိမ့်မယ်။ အဲဒါနဲ့တင်အချိန်တွေ သိုးသွားနိုင်တယ်။

၅။ သင့်ရဲ့ ရုပ်နဲ့ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကိုထိခိုက်စေပါတယ်။

        လေ့လာတွေ့ရှိချက်အရ ငွေကြေးအရ ပူပန်ရခြင်းဟာ ကျွန်တော်တို့နားလည်ထားတာထက်ပိုပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ မအိပ်နိုင်မစားနိုင်ဘဲတဖြည်းဖြည်းနဲ့အားလုံးကိုရင်ဆိုင်ဖို့ ခွန်အားကျလာပါလိမ့်မယ်။ ဥပမာ ဆီးချို၊ ခေါင်းတခြမ်းကိုက်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါ နဲ့ အခြားသောရောဂါတွေေ ဖြစ်စေတာပါ။

၆။ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။

        အခုနောက်ပိုင်းလူငယ်အများစုဟာ စိတ်ပူပန်ကြောင့် ကျမှုနဲ့  စိတ်ဖိစီးမှုတွေဖြစ်နေတာကို တွေ့ရပါတယ်။ ဘာလို့ဆို ငယ်ငယ်ရွယ်ရွယ်နဲ့ အကြွေးပိနေကြလို့ပါ။ လူမှုကွန်ရက်မှာ နေ့တိုင်းတွေ့နေတာတွေကြောင့် လိုချင်တောင်းတမှုတွေ များလာတယ်။ လက်တွေ့ဆန်ဆန် အချိန်ပေးအားတိုက်အင်တိုက်မလုပ်ဘဲ အလွယ်လမ်းသွားချင်ကြတယ်။ သူများနဲ့နှိုင်းယှဥ်ပြီး လိုက်မမှီတာတွေတွေးခေါ်ရင်း စိတ်ဓါတ်ကျရှုံးနေတယ်။ ကိုယ့်ဘဝအတွက် ဇဝေဇဝါဖြစ်နေပြီးလမ်းပျောက်နေကြတယ်။ ဟိုဟာဒီဟာအကြွေးတွေနဲ့လိုက်ဝယ်ပြီးရှာသမျှငွေတိုင်းက အကြွေးပြန်ဆပ်ရတဲ့အထဲမှာဘဲပါသွားကြတယ်။ နောက်ရှေ့ဆက်သွားဖို့မှာ အဓိကက စိတ်ဓါတ်ပါ။ ကိုယ့်ခြေလှမ်းဖျောက်နိုင်တဲ့အတိ ပိုက်ဆံပြဿနာတွေကလုပ်ပေးနိုင်တယ်ဆ်ုတာသတိထားပါ။

         ငွေကြေးနဲ့ပတ်သက်ရင်အခုရှုပ်မှ နောင်ရှင်းပါ။ အဖြေရှာဖွေလိုက်ပါ။ ဘယ်တော့မှ ဒီငွေကြေးပြဿနာတွေကို အမြဲဝန်မထမ်းနေပါနဲ့။ ကိုယ့်ဘဝကို နေရာမျိုးစုံကနေ ထိခိုက်စေပါတယ်။ တတ်နိုင်ရင်ချက်ချင်းရှင်းပါ။ ထွက်ပေါက်လမ်းစရှာပါ။ ကြားဖြတ်နည်းလမ်းလိမ်လည်မှု အမှားတွေဘက်ကို မရောက်သွားအောင် ကိုယ့်စိတ်ကိုကိုယ်ပြန်ထိန်းကြပါ။ လက်မလျှော့ပါနဲ့ ကိုယ့်အားကိုယ်ကိုးကြပါ။

Mother Finance 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်