အင်ဇိုင်းအသီးအပွင့်အားဆေးရည်ဖော်စပ်နည်း (Fermented Fruit Juice)

16/06/2023 10:42 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

အင်ဇိုင်းအသီးအပွင့်အားဆေးရည် (FFJ) သည် ပြုလုပ်ရန်လွယ်ကူပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ကုန်ကျစရိတ်သက်သာ စီးပွားရေးတွက်ချေကိုက်သော လွယ်ကူရိုးရှင်းအကျိုးရှိ ထိရောက်သည့်နည်းစနစ်တစ်ခုအဖြစ် အသုံးပြုနိုင်စေရန်ဖြစ်ပါသည်။

လိုအပ်သောပစ္စည်းများ(Materials)

  • ၁။ အရည်ရွှမ်းပြီး ချိုသောသစ်သီး အနည်းဆုံး( ၃ ) မျိုး - (၆၀)ကျပ်သားဆီ
  • ၂။ ထန်းလျက်ညို / သကြားညို(၁)ပိဿာ(၈၀)ကျပ်သား
  • ၃။ ရေနွေးနွေး(၁)လီတာ

ပြုလုပ်ပုံ(Production Method)

  • သစ်သီးများကို တစ်မျိုးချင်းစီ သေးငယ်သည်အထိ လှီးဖြတ်ပါ။ ကျေညက်အောင်ပြုလုပ်ပါ။
  • ထို့နောက် တစ်မျိုးချင်းစီအား(၆၀)ကျပ်သားစီ ချိန်တွယ်ပြီးရောမွှေပါ။
  • ရောမွှေပြီးသစ်သီးများအားလုံးကို(၆၀)ကျပ်သားစီ ထပ်မံချိန်တွယ်ပြီး သုံးပုံခွဲခြားထားပါ။
  • ပုံး (သို့) အိုးအတွင်းသို့ထည့်သွင်းရာတွင် ရောမွှေပြီးသား(၆၀)ကျပ်သားကို ပထမအကြိမ်ထည့်သွင်းပြီး ၎င်းအပေါ်မှ သကြားညို(၆၀)ကျပ်သားကို ဖြန့်ထည့်ရပါမည်။ ထိုနည်းအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ကျန်နှစ်ပုံကို ထည့်သွင်းသွားပါ။
  • ထပ်မံ၍(ရရှိနိုင်ပါကဘိုကာရှီ)ကို ဖြူးထည့်ပါ။
  • ထို့နောက် ရေနွေး(၁)လီတာကို ထည့်သွင်းရပါမည်။ အားလုံးပြီးသွားပါက အဝတ်ပါးပါး(သို့) သတင်းစာဖြင့် အုပ်ထားပါ။ အိုးကိုအေးမြသောအရိပ်အောက်တွင်ထားရှိပါ။
  • (၄)ရက်ကြာပြီးနောက်အထက်အောက်သမအောင်တစ်နေ့လျှင်တစ်ကြိမ်မွှေပေးရပါမည်။မွှေပြီးတိုင်းအဖုံးပြန်ပိတ်ရန်လိုအပ်ပါသည်။
  • တစ်လပြည့်သောအခါအနည်အနှစ်များကိုစစ်ထုတ်ပြီးအရည်ကိုသာအင်ဇိုင်းဆေးရည်အဖြစ်အသုံးပြုနိုင်ပါသည်၊၊

အသုံးပြုနည်းနှင့်ကောင်းကျိုးများ (Usage and Benefits)

  • ဆေးရည်(၁)ဆ ရေ(၁၀၀၀) ဆဖြင့် ရောပါ။
  • သီးနှံပင်များကို (၁၀)ရက်(၁)ကြိမ် ဖျန်းပါက အရွက်အားကောင်းစေသည်။
  • အရွက်ညှိုးနွမ်းက ပြန်လည်လန်းဆန်းစေခြင်း၊ အဏုဇီဝပိုးများ အစာချက်လုပ်နိုင်ရန် အထောက်အပံ့ပေးခြင်း။
  • သီးနှံပင်ရင့်မှည့်ချိန်တွင်(၁၀)ရက်(၁)ကြိမ်ဖျန်းက အသီးအနှံများ အာဟာရပြည့်ဝပြီး အစေ့အဆန်များ အောင်မြင်မှုများစေပါသည်။
  • ကြက်မွေးမြူရေးခြံများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ သစ်သီးခြံများတွင် ဖျန်းပေးပါက ရောဂါကျရောက်မှုကို ကာကွယ်နိုင်ပါသည်၊၊
  • အင်ဇိုင်းအသီးအပွင့် အားဆေးရည်သည် သီးနှံပင်များနှင့်မွေးမြူရေးများတွင် စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသည့် အကောင်းဆုံးထုတ်ကုန်တစ်ခုဖြစ်သည်။

သတိပြုရန်

  • အချဉ်ဖောက်ခြင်းဖြစ်စဉ်တွင် ပူဖောင်းအမြှုပ်ကြီးကြီးထွက်ပါက အင်ဇိုင်းအားနည်းခြင်းဖြစ်ပြီးပူဖောင်းသေးသေးလေးများထွက်လာပါက အင်ဇိုင်းအားကောင်းခြင်း ဖြစ်ပါသည်။
  • အချဉ်ဓာတ်ပါသောသီးနှံများအား ရောနှောအသုံးမပြုရန်။ (ဉပမာ-သံပရာ ၊ ရှောက် ၊လိမ္မော် စသည်ဖြင့်)

Crd - DOA

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်