ခြောက်လပန်းပင်များ ပန်းမပွင့်ရတဲ့ အကြောင်းအရင်း

24/05/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Hydrangeas

သိပ္ပံအမည် - Hydrangea spp.

မြန်မာအခေါ်အဝေါ်အရ ခြောက်လပန်းလို့ခေါ်တဲ့ ပန်းပင်တွေဟာ လူကြိုက်များတဲ့ အလှစိုက်ပန်းပင်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အကြမ်းလည်းခံကာ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ ရေနဲ့နေရောင်ခြည်ကို ကောင်းစွာကြိုက်နှစ်သက်ပြီး ပန်းအိုးတွေနဲ့ စိုက်ပျိုးနိုင်သလို မြေကြီးပေါ်မှာလည်း ချစိုက်နိုင်ပါတယ်။ အများအားဖြင်တော့ ပန်းအိုးနဲ့ စိုက်ပျိုးကြတာ များပါတယ်။ 

မျိုးစိတ်ပေါင်း ၈၀ ကျော်ရှိကာ ဂျပန်နိုင်ငံမှာ ပထမဆုံးစိုက်ပျိုးခဲ့ကြတာဖြစ်ပြီး မူရင်းဒေသတွေက အာရှနဲ့ အမေရိကဒေသတွေပဲ ဖြစ်ပါတယ်။ ခြောက်လပန်းလို့ ဆိုတဲ့အတိုင်း ပန်းတစ်ကြိမ်ပွင့်ပြီးတာနဲ့ အချိန်ကြာမြင့်စွာ ဆက်လက်ပွင့်နေနိုင်တဲ့ ပန်းပင် ဖြစ်ပါတယ်။ ခြောက်လပန်းပင်တွေရဲ့ ပန်းပွင့်ဟာ ခရမ်း၊ အပြာ၊ အနီ၊ အဖြူ၊ အစိမ်း၊ ပန်းရောင် စသည်ဖြင့် အရောင်မျိုးစုံရှိတာ ဖြစ်ပါတယ်။ လူကြိုက်များတဲ့ ပန်းပွင့်အရောင်ကတော့ အပြာနဲ့ပန်းရောင်တို့ပဲ ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော အပင်စိုက်ပျိုးသူတွေအနေနဲ့ တခါတရံ ကြုံတွေ့ရတတ်တဲ့ ခြောက်လပန်းပင်တွေ ပန်းမပွင့်ရတဲ့ အကြောင်းအရင်းအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ မှားယွင်းစွာ အပင်/ ကိုင်းဖြတ်တောက်ခြင်း 

အပင်တွေကို စနစ်တကျနဲ့ သင့်တော်တဲ့အချိန်မှာ ကိုင်းဖြတ်တောက်ပေးခြင်းဟာ အပင်ကို ကျန်းမာသန်စွမ်းစေပြီး အသွင်အပြင်ကိုလည်း ကြည့်ကောင်းစေပါတယ်။ သို့ပေမဲ့လည်း ပန်းပင်တွေကို မလိုအပ်ဘဲ မှားယွင်းစွာ ကိုင်းဖြတ်တောက်ခြင်းဟာ ပန်းမပွင့်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ခြောက်လပန်းပင်တွေကို ကိုင်းဖြတ်တောက်ဖို့ ပြုလုပ်မယ်ဆိုရင်တော့ နွေဦးရာသီနှောင်းပိုင်းနဲ့ ဆောင်းကုန်ခါနီး အချိန်တွေမှာ ပြုလုပ်သင့်ပါတယ်။ အကယ်လို့ ပန်းပင်ကနေ ပန်းမပွင့်ဘူးဆိုရင် နွေရာသီတစ်လျှောက်လုံးမှာ ဆာလဖိတ်နဲ့ ပိုတက်ရှ်ဓာတ်ပါဝင်တဲ့ မြေဩဇာတွေကျွေးနိုင်ပြီး နောက်လာမယ့် နွေဦးရာသီနှောင်းပိုင်းအထိ ကိုင်းဖြတ်တောက်တာမျိုးတွေ မပြုလုပ်ဘဲ ထားသင့်ပါတယ်။ ကိုင်းဖြတ်တောက်တာတွေ မလုပ်ရပေမဲ့ အပင်မှာရှိတဲ့ ခြောက်သွေ့ပြီး သေဆုံးနေတဲ့ ကိုင်းတွေ၊ အရွက်တွေကိုတော့ ဖယ်ရှားပေးနိုင်ပါတယ်။ ခြောက်လပန်းပင်တွေကို နှစ်စဉ်ကိုင်းဖြတ်တောက်ပေးစရာ မလိုပါဘူး။ အချို့သော ခြောက်လပန်းပင် မျိုးစိတ်တွေကတော့ နွေရာသီကုန်ခါနီး ၎င်းတို့ပန်းပွင့်ပြီးတဲ့နောက်မှာ မဖြစ်မနေ ကိုင်းဖြတ်တောက်ပေးသင့်တာကြောင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ 

ကိုင်းဖြတ်တောက်တဲ့အခါ ပင်စည်ရဲ့ ၃ ပုံ ၁ ပုံထက် ပိုပြီး မဖြတ်တောက်မိဖို့ သတိပြုသင့်ပါတယ်။ ဒါ့အပြင် ၄၅ ဒီဂရီ စောင်းပြီးဖြတ်ပေးခြင်းဖြင့် ဖြတ်တောက်တဲ့နေရာမှာ ရေစုနေတာမျိုးတားဆီးပေးပြီး အနာဖြစ်ပေါ်ခြင်းနဲ့ ရောဂါဝင်ရောက်ခြင်းများကနေ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

၂။ ရေ များလွန်း/ နည်းလွန်းခြင်း 

အပင်တွေကို စနစ်တကျနဲ့ ရေလောင်းပေးခြင်းဟာလည်း ကျန်းမာသန်စွမ်းစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ ခြောက်လပန်းပင် စိုက်ပျိုးထားတဲ့သူတွေဆိုရင် ပိုပြီးသိပါလိမ့်မယ်။ ခြောက်လပန်းပင်တွေဟာ နွေရာသီမှာဆိုရင် ရေ ၁ ရက်လောက် မလောင်းမိတာနဲ့ သိသိသာသာ ညှိုးနွမ်းသွားတာ တွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။ အရိပ်လည်းမရဘဲ နေရောင်ထဲမှာ အချိန်ကြာမြင့်စွာရှိနေမယ်ဆိုရင် အရွက်တွေပါခြောက်သွေ့ပြီး ကြွေကျသွားမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ရေငတ်ဒဏ်ခံရပြီးတဲ့နောက်မှာတော့ အပင်က ပန်းပွင့်ဖို့ စွမ်းဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

အမြစ်ကြီးထွားမှုကို အားပေးနိုင်ဖို့အတွက် ပုံမှန်ရာသီဥတုမှာဆိုရင် ရေကို ၁ ပတ်လျှင် ၃ ကြိမ်လောင်းပေးသင့်ပါတယ်။ အလွန်ပူပြင်းတဲ့ ကာလတွေမှာတော့ ၁ ရက်လျှင် ၁ ကြိမ် (သို့မဟုတ်) ၂ ရက် ၁ ကြိမ်လောင်းပေးသင့်ပါတယ်။ ပူပြင်းတဲ့အချိန်ကာလတွေမှာ အပင်ရဲ့အနီးတဝိုက်မှာရှိတဲ့မြေကို စိုစွတ်အောင် ပြုလုပ်ပေးထားခြင်းဖြင့် အပင်ကို ကျန်းမာစေပြီး ပန်းပွင့်နိုင်မှုကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ အပင်ခြေမှာ ကောက်ရိုး၊ သစ်ရွက်ခြောက်၊ မြေဆွေး စတာတွေနဲ့ မြေဖုံးပေးထားခြင်းဖြင့် အစိုဓာတ်ကို ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ အကယ်လို့ ရေလောင်းများမယ် ရေဝပ်နေမယ်ဆိုရင် အမြစ်ပုပ်ခြင်း၊ အရွက်များကြွေကျခြင်းနဲ့ ပန်းမပွင့်ခြင်းတို့ ဖြစ်ပေါ်နိုင်တာမို့ သတိပြုရမှာ ဖြစ်ပါတယ်။  

၃။ မြေဩဇာ အလွန်အကျွံကျွေးခြင်း

မြေဩဇာကျွေးခြင်းဟာ အပင်တွေ ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူပြုနိုင်ပေမယ့် အလွန်အကျွံကျွေးခဲ့မယ်ဆိုရင်တော့ အပင်တွေကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝစွာပါဝင်နေတဲ့ မြေဩဇာတွေကို အလွန်အကျွံကျွေးမိတဲ့အခါမှာ အရွက်တွေကြီးမားပြီး ပင်စည်တွေရှည်ထွက်လာကာ အပင်ပိုင်းကြီးထွားမှုကိုပဲ အားပေးပြီး ပန်းပွင့်နိုင်ဖို့အတွက် အားယုတ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုက်ထရိုဂျင်ဓာတ်တွေ ပါဝင်မှုများတဲ့ သဘာဝမြေဩဇာတွေ အလွန်အကျွံအသုံးပြုခြင်းကို သတိပြုသင့်ပါတယ်။ 

ခြောက်လပန်းပင်တွေကို မြေသြဇာကျွေးတဲ့အခါ NPK ၃ မျိုးစလုံးပါဝင်တဲ့ မြေသြဇာတွေ ကျွေးနိုင်ပြီး အထူးသဖြင့် ဖော့စဖောရပ်စ်ဓာတ် ပါဝင်မှုများတဲ့ မြေသြဇာတွေဆိုရင် ပိုပြီးသင့်တော်ပါတယ်။ အီးအမ်ဖျော်ရည်ရှိလို့ လောင်းပေးမယ်ဆိုရင်လည်း ပိုပြီးကောင်းပါတယ်။ အရွက်တွေက အဝါရောင်ပြောင်းလာပြီး အပင် မကျန်းမာတော့တဲ့ ပုံစံဖြစ်ပေါ်လာတဲ့အခါမျိုးနဲ့ ပန်းပွင့်တွေ အရောင်ဖျော့လာတဲ့အခါမျိုးတွေမှာ မြေသြဇာကျွေးနိုင်ပါတယ်။ 

၄။ နေရာမှားယွင်းစွာ စိုက်ပျိုးထားရှိခြင်း 

ခြောက်လပန်းပင်တွေဟာ အကြမ်းခံတယ်ဆိုပေမယ့် ပန်းပွင့်ဖြစ်ပေါ်မှု နည်းနေတာ၊ ပန်းလုံးဝမပွင့်တာမျိုးတွေ ကြုံရမယ်ဆိုရင် မိမိစိုက်ပျိုးထားတဲ့ ပတ်ဝန်းကျင်အခြေအနေကို ပြန်လည်သုံးသပ်သင့်ပါတယ်။ ခြောက်လပန်းပင် မျိုးစိတ်အတော်များများဟာ အရိပ်ရတဲ့နေရာမှာ စိုက်ပျိုးနိုင်ပေမယ့် နေရောင်ခြည်လုံလောက်အောင် မရခဲ့ရင်လည်း ပန်းပွင့်လာဖို့ခက်ခဲနိုင်ပါတယ်။ ထို့နည်းတူ နေရောင်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့နေမယ်ဆိုရင်လည်း အပင်ကိုထိခိုက်ပြီး ပန်းပွင့်နိုင်မှုပါ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နေရောင်ရော အရိပ်ရော မျှမျှတတရရှိနေတဲ့နေရာမျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ဒီလိုမျိုး ပတ်ဝန်းကျင်အခြေအနေကြောင့် အပင်ထိခိုက်သွားတဲ့အခါ တခါတရံမှာ ပန်းပြန်ပွင့်နိုင်ဖို့ ၁ နှစ်လောက်ထိ အချိန်ယူရတာမျိုးတွေ ဖြစ်တတ်တာကြောင့် အပင်စိုက်ပျိုးဖို့ နေရာရွေးချယ်ခြင်းဟာလည်း အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ 

၅။ မြေလဲ(အိုးလဲ) ပေးခြင်း

မြေမှာချစိုက်တဲ့ ပန်းပင်တွေကတော့ ပြဿနာမရှိပေမယ့် ပန်းအိုးနဲ့စိုက်ပျိုးထားတဲ့ ပန်းပင်တွေဆိုရင် ဒီအချက်ကို ဂရုပြုဖို့လိုအပ်ပါတယ်။ ပန်းအိုးနဲ့ စိုက်ပျိုးတဲ့အပင်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အမြစ်တွေ တဖြည်းဖြည်းကြီးထွားလာပြီး မြေဆီလွှာဟာလည်း ကြပ်သိပ်ပိတ်ဆို့လာနိုင်ပါတယ်။ ရလဒ်အနေနဲ့ အမြစ်တွေဟာ ရေနဲ့ အာဟာရဓာတ်တွေကို ကောင်းစွာရယူနိုင်ခြင်း မရှိတော့ဘဲ အပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုထိခိုက်လာပြီး ပန်းပွင့်နိုင်မှုကိုပါ လျော့နည်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် ပန်းအိုးထဲက မြေဆီလွှာဟာလည်း ကြာလာတာနဲ့အမျှ ပိုးနဲ့ ရောဂါတွေ ခိုအောင်းနိုင်တဲ့ နေရာဖြစ်လာနိုင်ပါတယ်။  ဒါ့ကြောင့် ပန်းအိုးနဲ့စိုက်ပျိုးထားတဲ့ ပန်းပင်တွေဆိုရင်  သေချာပေါက် နှစ်စဉ်မဟုတ်ရင်တောင် ၂ နှစ်လျှင် ၁ ကြိမ်လောက်တော့ မြေအသစ်လဲပေးတာ အပင်အရွယ်အစားနဲ့ ကိုက်ညီတဲ့ အိုးအသစ်လဲပေးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။

ဇင်ထူးနိုင်

Ref: https://www.gardeningetc.com/ 

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်