ဗနီလာပူတင်း အချိုပွဲ

03/07/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပြီးရင် အချိုတည်းလေ့ရှိသူများအတွက် ဗနီလာပူတင်း အချိုပွဲ ပြုလုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

နွားနို့ ၅၀၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃၂ မီလီလီတာ)

ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

သကြား ၄၃ ဂရမ် (စားပွဲတင်ဇွန်း ၅ ဇွန်း)

ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ

ကြက်ဥ ၁ လုံး

ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ဗနီလာ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးတစ်လုံးထဲတွင် နွားနို့ထည့်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် ပူစီဖောင်းလေးများ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ အိုးမတူးဖို့ရန်အတွက် မကြာခဏ မွှေပေးဖို့လိုပါတယ်။

၂။ ပန်းကန်လုံးတစ်လုံးတွင် ပြောင်းမှုန့်၊ သကြားနှင့် ဆားတို့ထည့်ကာ သမအောင် မွှေလိုက်ပါ။ ရရှိလာတဲ့ ပြောင်းမှုန့် အရောအနှောကို နွားနို့အိုးထဲထည့်ကာ အရည်ပျော်သွားသည်အထိ အဆက်မပြတ်မွှေပေးလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးတွင် ကြက်ဥ ၁ လုံး မွှေခလောက်ထားပါ။ ထိုကြက်ဥထဲသို့ နွားနို့ ပြောင်းမှုန့်အရောအနှော ယောင်းမဇွန်းကြီး ၂ ဇွန်းစာခန့်ထည့်ကာ သမအောင် မွှေလိုက်ပါ။

ရရှိလာတဲ့ ကြက်ဥ နွားနို့ရည်များကို နွားနို့အိုးထဲ လောင်းထည့်ကာ ၁ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။ ထို့နောက် မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

၄။ နောက်တစ်ဆင့်အနေနဲ့ ထိုဒယ်အိုးထဲသို့ ထောပတ်နှင့် ဗနီလာများ လောင်းထည့်လိုက်ပါ။ ထောပတ်များ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၅။ ရရှိလာတဲ့ မုန့်နှစ်များကို အချိုပန်းကန်လုံးထဲသို့ လောင်းထည့်ကာ ပလပ်စတစ်ဖြင့် လုံအောင် အုပ်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့် အေးခဲသွားသည်အထိ အအေးခံထားလိုက်ပါ။သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဗနီလာပူတင်း အချိုပွဲလေး ရရှိသွားပါပြီ။

Source: Jocooks.com

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်