သဘာဝအဲကွန်းတွေနဲ့ အားကျစရာမြင်းကျားများ...

24/04/2023 17:00 PM တွင် ဒေါက်တာမြင့်သိန်း(B.V.S) ဒေါက်တာမြင့်သိန်း(B.V.S) မှ ရေးသား

 

 

မြင်းကျားအကြောင်းတွေ ဖတ်ခဲ့တာများခဲ့ပြီ။ တစ်ကြိမ်တစ်ခါမျှ အဲဒီလိုအကြောင်းအရာတွေကို ကြားခဲ့ရဘူးခြင်းအလျဉ်းမရှိခဲ့၊၊

သူတို့ရေးထားတာတွေကိုလည်း ကြည့်ဦးလေ . . . .

မြင်းကျားကိုယ်မှာ အဲကွန်းတွေကို သဘာဝကြီးက ပတ်ထားပေးထားတာတဲ့  . . . .

သူ့ကိုယ်ပေါ်က အစင်းကြောင်းတွေက အဲကွန်းတွေတဲ့ . . .

ကဲ သူတို့ပြောထားတာတွေ ဖတ်ကြည့်ကြရအောင် . . .

ဗွေဆော်ဦးအနေနဲ့ ကမ္ဘာပေါ်မှာ မြင်းကျားသုံးမျိုးရှိတယ်လို့ဆိုတယ်၊၊

ပထမဆုံးတစ်မျိုးကတော့ . . .

မိန်းမပျိုလေးတွေ မျက်ခုံးမွေးဆွဲတံ သေးသေးလေးနဲ့ မျက်ခုံးမွေးသေးသေးမျှင်မျှင်လေး ဆွဲသလိုမျိုး...

မြင်းကျားကိုယ်ပေါ်မှာလည်း အဲ့လိုစုတ်တံခပ်သေးသေးနဲ့...

မြင်းကျားကို ကိုယ်လုံးအပြည့်ဆွဲထားတဲ့မြင်းကျားပေါ့ . . .

သူ့ကိုတော့ ထီးသုံးနန်းသုံးမြင်းကျားလို့ ခေါ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဟိုးရှေးရှေးတုန်းက   အီသီယိုးပီးယားဘုရင်က အဲဒီမြင်းကျားတွေကို အီသီယိုးပီးယားနိုင်ငံတော်ရဲ့ လက်ဆောင်ပဏ္ဍာအနေနဲ့ အခြားမိတ်ဆွေနိုင်ငံတွေထံ ပေးတတ်လို့ အဲဒီ အမည်ပေးထားတာပါတဲ့ ၊၊

အခုတော့ အဲဒီ မြင်းကျားမျိုးက အတော်ရှားနေပါပြီ၊၊

ဒုတိယမြင်းကျားမျိုးကတော့ သူ့ကိုတော့ စုတ်တံအပြားကြီးကြီးနဲ့ မြင်းကျား ကိုယ်လုံးပြည့်ပတ်လည် ဗိုက်အောက်ပါမကျန်  ဆွဲထားတာမျိုး..။  

သူ့ကိုတော့ဖြင့် တောင်ပေါ်မြင်းကျားလို့ခေါ်တယ်၊၊

နောက်ဆုံး တတိယမြင်းကျားမျိုးကတော့ တောင်ပေါ်မြင်းကျားရဲ့အစင်းကြောင်းပုံစံမျိုးပဲ၊၊ အဲ...ဒါပေမဲ့ ဆေးသုတ်ရင်း ဆေးကုန်သွားသလိုမျိုး၊ ဗိုက်အောက်မှာတော့ အစင်းကြောင်းတွေမရှိတော့ဘူး၊၊ ဗိုက်ဖြူပြင်ကြီး သက်သက်ကိုသာတွေ့ရတော့တယ် ၊၊

သူ့ကိုတော့ မြေပြန့်မြင်းကျားလို့ ဆိုကြတယ် ၊၊

အဲ ဘာမြင်းကျားပဲဖြစ်ဖြစ် ဘယ်လိုအစင်းကြောင်းတွေပဲပါပါ မြင်းကျားဟာမြင်းကျားဖြစ်ဖို့ပဲလိုတယ်၊ နောက်ပြီး မျိုးမသုဉ်းသွားဖို့လည်းလိုတယ်လို့ ပညာရှင်တွေက ထောက်ပြကြတယ်၊၊

ဒီနေရာမှာ မေးချင်တာက မြင်းကျားတွေ မျိုးသုဉ်းသွားရင်၊ မရှိတော့ရင် ဘယ်လိုဆိုးကျိုးဆက်တွေဖြစ်လာမှာလဲ... ဘယ်သူတွေကိုထိခိုက်မှာလဲ၊ သူ့ရဲ့  ဂေဟဗေဒစံနစ်ဝန်ဆောင်မူ { Ecological services ] ကဘာလဲ...ဆိုတာတွေပါပဲ။

ပြောရမယ်ဆိုရင် မြင်းကျားတွေကမြက်စားတဲ့အမျိုးတွေဖြစ်တယ်၊၊ အစုအဝေးနဲ့ မြက်ခင်းလွင်ပြင်ဒေသတွေမှာ အခြားသောမြက်စားသတ္တဝါတွေနဲ့အတူနေကြတယ်။

ဒါပေမဲ့ မြက်စားတာချင်းအတူတူ မြက်ကို ဘယ်လိုပုံစံမျိုးနဲ့ စားတယ်ဆိုတာတော့ မတူညီကြဘူး။ မြင်းကျားက ကျန်တဲ့တိရစ္ဆာန်တွေအတွက် အစာချေဖို့ အလွန်ခက်ခဲတဲ့၊ ခြောက်သွေ့ကြမ်းတမ်းနေတဲ့မြက်တွေကိုပဲစားပစ်တာပါ။

သူတို့က အဲလိုစားပစ်ပြီးနောက်မှာ အရွက်နုလေးတွေ မြက်နုလေးတွေ ဝေဝေဆာဆာနဲ့ပြန်ထွက်လာကြတာကိုမှ အခြားမြက်စားသတ္တဝါတွေစားကြတာပါ။

ဒီနေရာမှာ ထူးခြားတာက အဲဒီအခြားသတ္တဝါဆိုတဲ့အထဲမှာ ဆတ်ကျွဲ ဆိုတဲ့အကောင်တွေ ပါနေပါတယ်။ အဲဒီအကောင်တွေဟာ အစာခံသတ္တဝါ {  Prey animal } လို့ဆိုပေမဲ့ အာဖရိကလွင်ပြင်တွေမှာ အချက်အခြာ၊ သော့ချက် { Keystone } ကျတဲ့ မျိုးစိတ်တွေပါတဲ့။

သူတို့ မျိုးသုဉ်းသွားလို့ မရပါဘူး ၊၊

ဒါတွေဟာ မြင်းကျားတွေရဲ့  ဂေဟဗေဒစံနစ်ဝန်ဆောင်မူ      { Ecological services ] အနည်းငယ်သာဖြစ်ပါသေးတယ် ၊၊

ကဲ... အခု မြင်ကျားကိုယ်ပေါ်က အဲကွန်းတွေအကြောင်းဆက်ကြရအောင်...

အထက်ကပြောခဲ့တဲ့အတိုင်း မြင်းကျားကိုယ်ပေါ်က အစင်းကြောင်းတွေမှာ အမည်းကြောင်းနဲ့ အဖြူကြောင်းတွေ ရှိကြပါတယ် ။

အမည်းရောင်ရဲ့သဘောသဘာဝက နေရောင်မှ အပူကိုစုပ်ယူထားတတ်ပြီး အဖြူရောင်ကတော့ အလင်းရောင်ကိုပြန်ကန်တတ်တဲ့ သဘာဝရှိလို့ အပူကို စုပ်ယူထားခြင်းမရှိပါဘူး ။

အဲဒီလို မြင်းကျားရဲ့ ကိုယ်ပေါ်မှာ မတူညီတဲ့အပူချိန်နှစ်ခုကြောင့် မြင်းကျားရဲ့အရေပြားပေါ်မှာ သေးဖွဲသောလေထုငယ်တစ်ခု ဖြစ်ပေါ်လာပြီး...

ထိုသည်ကပဲ... မြင်းကျားကို သဘာဝ အဲကွန်းသဖွယ်ဖြစ်စေသည်ဟု ဆိုခြင်းဖြစ်ပါတယ်။

(အခုလို ပူပြင်းလှတဲ့အချိန်တွေလိုမျိုးဆိုရင်တော့...ဒါမျိုးက အားကျစရာကြီးနော်...)

ဒီနေရာမှာ ကျွန်တော်တို့လူသားတွေလည်း မြင်းကျားတွေလို အဖြူတစ်ကန့် အမဲတစ်ကန့်စီ ဆေးသုတ်ပြီး ဝရန်တာမှာ နေရောင်ခံပေးရင် အဲကွန်း မလိုလောက်တော့ဘူး ထင်ရတော့မလားမသိပါဘူးဗျား။ 

(အဆုံးတိုင်ဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူးတင်ပါသည်)

ဒေါက်တာမြင့်သိန်း(B . V . S)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်