ဝတ်မှုန်ကူးပေး သူလေးများ

11/06/2024 14:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ဝတ်မှုန်ကူးပေးတယ်ဆိုတာကတော့ မျိုးအောင်စေဖို့အတွက် အဖိုဝတ်ဆံနဲ့ အမ ဝတ်မှုန်ခံတိုင်ထိတွေ့အောင် ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ ပန်းပွင့်တိုင်းမှာ ပါဝင်တဲ့ ဝတ်ဆံလေးတွေက အဖိုလေးတွေ ဖြစ်ပြီးတော့ များသောအားဖြင့် အလယ်မှာရှိတတ်တဲ့ တစ်ခုတည်းသော သူများနဲ့ မတူတဲ့ အစိတ်အပိုင်းလေးက ဝတ်မှုန်ခံတိုင်ဖြစ်ပါတယ်။  သူတို့ (၂) ခုက ထိတွေ့ပြီးတော့ မှ မျိုးအောင်လာမှ အသီးလေးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ 

တစ်ချို့သော အပင်လေးတွေက အပွင့်လေးတွေက ပွင့်ချပ်လေးတွေ မပွင့်လာခင် (သို့) ပန်း မပွင့်လာခင် ကာလမှာကတည်းက အထဲမှာ အချင်းချင်း ထိတွေ့မှုတွေ ဖြစ်သွားပြီးတော့ မျိုးအောင်တာမျိုးဖြစ်ပေမဲ့လို့ တစ်ချို့သော အပင်တွေမှာကျတော့လည်း ဝတ်မှုန် ကူးပေးတဲ့ အကောင်လေးတွေဖြစ်ဖြစ် ဝတ်မှုန်ကူးပေးတဲ့ သဘာဝအချက်တွေ (ဥပမာ - လေတိုက်ခတ်မှု) တို့လိုမျိုးမရှိတာကြောင့်မို့ အပွင့်တွေတော့ အရမ်းကောင်းပြီးတော့ အသီးမတင်တာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လို အပင်လေးတွေက ကမ္ဘာမှာဆိုရင် ပန်းပွင့်တဲ့ အပင်တွေရဲ့ လေးပုံပုံ သုံးပုံ ပမာဏဖြစ်ပါတယ်။ ပြီးတော့ (၃၅) ရာခိုင်နှုန်းသော ကမ္ဘာ့အစားအစာထောက်ပံ့မှုအတွက် ဝတ်မှုန်ကူးတဲ့ အကောင်လေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုက အရေးပါပါတယ်။ 

ဆိုတော့ ဝတ်မှုန်ကူးခြင်းက အသီးစားဖို့ ထုတ်လုပ်တဲ့ သစ်သီးဝလံ ပင်တွေ နဲ့ မျိုးစေ့ထုတ်လုပ်ဖို့ စိုက်ပျိုးတဲ့ အပင်လေးတွေမှာ အရမ်းကို အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ သဘာဝကြီးကနေ ဝတ်မှုန်ကူးပေးဖို့အတွက် လိုက်ပါ ကူညီပေးဖို့အတွက် ဝတ်မှုန်ကူးပေးနိုင်တဲ့ အကောင်လေးတွေကို ဖန်တီးပေးထားပါတယ်။ 

ဆိုတော့ သူတို့အထဲမှာ ဘာကောင်လေးတွေပါသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်

  • ဝတ်ရည်စုပ်ပျား (Honey Bee)
  • ပိတုန်း (Bumble Bee)
  • မေဆင်ပျား (Mason Bee)
  • ရွက်ဖြတ်ပျား (Leafcutter Bee)
  • ချွေးပျား (Halictid Bee)
  • မြေတူးပျား (Digger Bee)
  • လိပ်ပြာ (Butterfly)
  • ပိုးဖလံများ (Moths)
  • ငှက်များ (Birds)
  • ယင်များ (Flies) 
  • ကျိုင်းကောင်များ (Beetles)
  • လင်းနို့များ (Bats)

ပျားလေးတွေကတော့ အားလုံးသိကြတဲ့အတိုင်း ဝတ်မှုန်ကူးတဲ့နေရာမှာ ကူညီပေးပါတယ်။ သူတို့က ဝတ်ရည်လေးတွေ စုပ်ယူစားသုံးပြီး စုဆောင်းတာကြောင့် ပန်းပွင့်လေးတွေထဲက ဝတ်မှုန်လေးတွေရှိတဲ့နေရာနားအထိ ဝင်ရောက်ကြရင်းနဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာနဲ့ ခြေထောက်မှာ ဝတ်မှုန်အဖိုလေးတွေ ကပ်ပါလာကုန်ပါတယ်။ အဲ့ ဝတ်ဆံလေးတွေက ဝတ်မှုန်ခံတိုင်မှာကို ကျသွားရင်းနဲ့ပဲ မျိုးအောင်ကြပါတယ်။ ဆိုတော့ သူတိုရှိနေတာကနေအထွက်နှုန်း ပိုမိုကောင်းမွန်စေတဲ့အပြင် သီးပင်တွေမှာ သူတို့ ဝတ်မှုန်ကူးပေးလို့ အသီးတင်နှုန်းကို များစေတာကြောင့် အထွက်ကို ပိုကောင်းစေပါတယ်။ 

ဝတ်မှုန်ကောင်းကောင်း ကူးထားတဲ့ အပင်လေးတွေကနေ တူညီတဲ့ အရွယ်အစားနဲ့ ပိုကောင်းတဲ့ အရသာရှိတဲ့ အသီးတွေကို ထုတ်လုပ်ပေးနိုင်တာကြောင့်မို့ အရည်အသွေးပိုင်းမှာလည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။ 

သီးနှံရွေးချယ်မှုအတွက်လည်း ပိုကောင်းစေနိုင်တယ်။ 

အစက ပြောခဲ့သလိုပဲ တစ်ချို့အပင်လေးတွေက ဝတ်မှုန်ကူးတဲ့ သူတွေ မရှိရင် အသီးလုံးဝ မရတာမျိုးတွေ ရှိနိုင်တာမို့ ကိုယ့်အခင်း ကိုယ့်အကွက်မှာသာ ပျားလိုမျိုး ဝတ်မှုန်ကူးပေးတဲ့ အကောင်လေးတွေများ ရှိတယ်ဆိုရင် သေချာပေါက် အဲ့လို အပင်တွေကို ရွေးချယ်ပြီး စိုက်ပျိုးနိုင်မှာဖြစ်ပြီးတော့ အသီးတင်နိုင်မှာပါ။

သူတို့ရှိဖို့ အတွက်ဆိုရင် 

ကိုယ့်သီးနှံက ပန်းမပွင့်နိုင်သေးဘူးဆိုတဲ့အချိန်တွေမှာ သူတို့ကို အစာရေစာထောက်ပံ့ပေးထားနိုင်ဖို့အတွက် ပန်းပွင့်တဲ့ အပင်လေးတွေကို စိုက်ခင်းအနီးအနားမှာစိုက်ပျိုးထားပေးပါ။

ဒေသမျိုးတွေကို အဓိကရွေးချယ်ပါ။ သူတို့အတွက် အစာတွေ ဖန်တီးပေးမယ်ဆိုရင် အကြမ်းခံပြီး ပြုစုရသက်သာတဲ့ ဒေသမျိုးတွေကို ရွေးချယ်နိုင်ပါတယ်။ အပင်တစ်မျိုးတည်းမဟုတ်ဘဲနဲ့ အမျိုးအစားများများလည်း စိုက်ပျိုးထားနိုင်ရင် အကောင်းဆုံးပါ။

စိုက်ခင်းတွေမှာ မလိုအပ်ဘဲနဲ့ ဓာတုဆေးဝါးတွေ သုံးတာကို လျှော့ချပါ။ မဖြစ်မနေ လိုအပ်မှသာ ဓာတုဆေးကို ရွေးချယ်နိုင်ဖို့အတွက် ထားရှိပါ၊ ဒီလို ဓာတုဆေးဝါးတွေ သုံးတာကြောင့်မို့ အကျိုးပြုတဲ့ သက်ရှိတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ စိုက်ခင်းဝန်းကျင်က တောင်သူဦးကြီးများကိုလည်း လျှော့သုံးနိုင်အောင် ပညာပေးဖြန့်ဝေပါ။ 

ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စိုက်ပျိုးနည်းစနစ်တွေကို အသုံးပြုပါ။ သဘာဝပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်တဲ့ သက်ရှိတွေဖြစ်တာကြောင့်မို့ သဘာဝနဲ့ နီးစပ်တဲ့စိုက်ပျိုးနည်းစနစ်တွေမှာ ကောင်းကောင်းမွန်မွန်ကျင်လည် ကျက်စားနိုင်မှာဖြစ်ပါတယ်။ ဥပမာ စိုက်ဘောင်ဖုံးအုပ်စိုက်ပျိုးတဲ့ နည်းစနစ်မှာ ပလပ်စတစ်စကို သုံးမဲ့ အစား ကောက်ရိုးကို အသုံးပြုပြီးတော့ ဖုံးအုပ်တာမျိုး စတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စိုက်ပျိုးနည်းလမ်းစနစ်တွေကို ဦးစားပေးရွေးချယ်ဖို့ လိုမှာဖြစ်ပါတယ်။ 

သဘာဝအားဖြင့် အရည်အသွေးမြင့် စိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းကြပါစေခင်ဗျာ။

References

https://www.usda.gov/peoples-garden/pollinators#:~:text=Pollinators%20like%20honeybees%2C%20butterflies%2C%20birds,%2C%20almonds%2C%20coffee%20and%20chocolate 

https://www2.gov.bc.ca/assets/gov/farming-natural-resources-and-industry/agriculture-and-seafood/animal-and-crops/plant-health/beneficial_insects.pdf 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်