ပုစွန်တုပ်စားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ပုစွန်အမျိုးမျိုးကို လူတို့သည် ဟင်းလျာအလို့ငှာ ဖမ်းယူကြသည်။ အများအားဖြင့် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်သော်လည်း အနောက်နိုင်ငံများတွင် စည်သွတ်၍ ရောင်းချကြသည်။ မြန်မာနိုင်ငံတွင် ပုစွန်ဖြင့် ငါးပိလုပ်ကြသေးသည် မျှင်ခေါ် အလွန်သေးငယ်သည့် ပုစွန်ကလေးဖြင့် ပြုလုပ်သည်။ ထိုမျှင်ငါးပိသည် အလွန်ထင်ရှားသည်။ ပုစွန်ဦးခေါင်းမှ ရရှိသည့် အဆီသက်သက်ကို
လည်း ချက်၍ ဟင်းလျာတမည်အဖြစ် စားသုံးကြသည်။ ပုစွန်ပေါသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် ပုစွန်ဥများကို သက်သက်ထုတ်၍ ရောင်းချကြသည်။
ရေချိုပုစွန်တုပ်ကို မြန်မာနိုင်ငံရှိ ရေချို၊မြစ်ချောင်း၊အင်းအိုင်များတွင် ပိုမိုရမိတတ်ကြပြီး တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများ၌ ပိုမိုရမိကြောင်းသိရသည်။
ပုစွန်တုပ်မှာ လေထိုး၊ လေအောင့် လေနာသည်များအတွက် ကောင်းကျိုးပြုသည်ဟု မှတ်ရဖူးပါသည်။
ပုစွန်တုပ်စားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူး
ရေချိုပုစွန်တုပ်တွင် Selenium ဓာတ်၊ ဗီတာမင် B-12 ၊ ပရိုတင်း ၊ Phosphorus ၊ ကလိုရင်း၊ ကော့ပါး၊ အိုင်အိုဒင်း၊ ဗီတာမင် B-3 ၊ ဇင့်၊ ဗီတာမင် E ၊ ဗီတာမင် B6 ၊ Omega-3 အဆီဓာတ်၊ Pantothenic အက်ဆစ်နှင့် ဗီတာမင်-A စသည်တို့ပါဝင်ပါသည်။ ထိုကဲ့သို့ အာဟာရဓာတ်စုံလင်စွာပါရှိသော ပုစွန်တုပ်ကိုစားခြင်းဖြင့် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

၁။ ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း
အဆုတ်ကင်ဆာကဲ့သို့သော ကင်ဆာမျိုးကို ပုစွန်တုပ်စားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ပုစွန်တုပ်တွင် Selenium ဓာတ် အများဆုံးပါဝင်သောကြောင့် ထိုဓာတ်သည် ကင်ဆာဆဲလ်များကြီးထွားမှုကို တားမြစ်ပေးပါသည်။ ပုစွန်တုပ်တွင်ပါဝင်သော Selenium ဓာတ်ကို ခန္ဓာကိုယ်မှ အလွယ်တကူ စုပ်ယူနိုင်ပါသည်။
၂။ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် စိတ်ဓာတ်ကျမှုကို ကာကွယ်ပေးခြင်း
ကင်ဆာရောဂါကဲ့သို့ပင် ပုစွန်တုပ်တွင်ပါဝင်သော Selenium ဓာတ်သည် နှလုံးကိုထောက်ပံ့ကူညီပေးပါသည်။ Selenium ဓာတ် မလုံလောက်ပါက နှလုံးရောဂါဖြစ်ပွားနိုင်ပါသည်။ ထို့အပြင် ပုစွန်တွင်ပါဝင်သော အာဟာရဓာတ်တချို့သည် ဆီးချိုမဖြစ်ပွားအောင်လည်း ကူညီပေးပါသည်။ စိတ်ဓာတ်ကျနေလျှင်လည်း ပုစွန်များများစားလိုက်ပါ။ ပုစွန်တွင်ပါဝင်သော Selenium ဓာတ်သည် စိတ်ဓာတ်ကျနေခြင်းကို သက်သာပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်ပါသည်။
၃။ Omega-3 ကြွယ်ဝစွာပါဝင်ခြင်း
ပုစွန်တုပ်တွင် Omega-3 ဓာတ် ကြွယ်ဝစွာပါဝင်ပြီး Omega-3 ဓာတ်မှာ ဦးနှောက်ကျန်းမာရေးနှင့် အခြားကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။
၄။ ပရိုတင်းဓာတ်ကြွယ်ဝခြင်း
ပုစွန်တုပ်သည် ကြက်ဥ၊ နွားနို့တို့ကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝပါသည်။ ပရိုတင်းဓာတ်အကြွယ်ဝဆုံး အစားအစာများတွင် ပုစွန်တုပ်လည်း ပါဝင်ပါသည်။ ပရိုတင်းဓာတ်သည် ခြေသည်းလက်သည်း၊ ဆံပင်ရှည်ရန်နှင့် ကြွက်သားများ ကြီးထွားစေရန် အရေးကြီးပါသည်။
ပုစွန်တုပ်၏ဆိုးကျိုး
ပုစွန်တုပ်၏ ကျန်းမာရေးဆိုးကျိုးမှာ အများကြီး မရှိပေ။ ပုစွန်တုပ်နှင့် ဓာတ်မတည့်သူများ စားမိလျှင် အလက်ဂျစ်ဖြစ်တာမျိုး ရှိတတ်ပါသည်။ အလက်ဂျစ်ဖြစ်တတ်သူဆိုလျှင် ပုစွန်တုပ်ကို ချင့်ချိန်စားသင့်ပါသည်။
အချုပ်အားဖြင့် ဆိုရသော်-
အခွံမာရေသတ္တဝါဖြစ်သော ရေချိုပုစွန်တုပ်သည် စီးပွားရေးအရ အလွန်အရေးပါသောကြောင့် မွေးမြူသူလည်း များသည်။ ထို့ပြင် ပုစွန်တုပ်၏ သဘာဝမှာလည်း ထူးခြားလှပြီး ကျန်းမာရေးအကျိုးကျေးဇူးလည်း များပြားသဖြင့် စားပေးသင့်သော ပင်လယ်စာဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
ဆက်စပ်မေးခွန်းများ
အခုဆောင်းရာသီအတွက် ခရမ်းချည်စိုက်ချင်လို့ပါ။ ဘယ်လမှာ စစိုက်ပီး ဘယ်လိုမျိုးမျိုးစိုက်သင့်လဲရှင့် မြေပြင်ကို ဘာတွေလုပ်သင့်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 0 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 0 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ
Cybergreen • ဖြေကြားချက် 2 ခု
ပဲးခူအနောက်ခြမ်း မာ မိုးစပါ ရိတ်ခြွေစက် ခ ဘဟ်လောက်ရှိလည်းဗျိုု့ ရိပ်ပြီသား လူတေရှိရင်အော်ခဲ့ ပါအုန်း ဘယ်နယ်မာ ဘယ်စျေးနဲ့ ရိတ်ပါတယ် ဆိုတာလေး လည်း ပြေားခဲ့ ပါအုန်းနော် မင်းလှပိုင် စစ်ကွင်းမာတော့ ၁ဧက ၂သိန်း စျေးနဲ့ ယူနေကြတယ် ဗျို့ စပါးကလည်း မြတ်တေမနိုင် စပါးကမထွက်
ကိုကို • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026