ကလေးငယ်များကို နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်စေပါ။ ကစားခြင်းသည် ကလေးများအတွက် သင်ယူချိန်ဖြစ်ပြီး ၎င်းတို့အား သန်မာသော ခန္ဓာကိုယ်ရရှိစေရန်နှင့် အရိုးများဖွံ့ဖြိုးစေရန် သာမက ပျော်ရွှင်ပြီး စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များတည်ဆောင်ရန် ကူညီပေးသည်။ တစ်နေ့ကို အနည်းဆုံး ၃ နာရီ လှုပ်လှုပ်ရှားရှားကစားပါစေ။ ကစားခြင်းသည် ကလေးများအား ပြဿနာဖြေရှင်းသည့် နည်းလမ်းများကို သင်ယူစေပြီး ကြွက်သားများ သန်မာလာကာ ပိုမိုကောင်းမွန်သော ခန္ဓာကိုယ်ကို တည်ဆောက်ရန် ကူညီပေးသည်။

ကလေးများအတွက် အကြံပြုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
- ကိုယ်လက်လှုပ်ရှားမှုကို များများလုပ်စေပါ။ ထိုင်ချိန်လျှော့ပါ။ ဖုန်းကြည့်ခြင်း Screen time ကို လျှော့ပါ။ (တစ်နေ့ကို ၁ နာရီအောက်အဖြစ် ကန့်သတ်ထားပါ။)
- သန့်ရှင်းပြီး အန္တရာယ်ကင်းသော ရေကိုများများသောက်စေပါ။ အချိုဓာတ်ပါသော အချိုရည်တွေကို ကန့်သတ်ပါ။ ဆိုဒါများ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်အချိုရည်များ သို့မဟုတ် အားဖြည့်အချိုရည်များကို မတိုက်သင့်ပါ။
- သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားသော အစားအစာများကို စားစေပါ။ အပြင်စာများ စားခြင်းကို ကန့်သတ်ပါ။
- လုံလောက်စွာအိပ်စက်စေပါ။ (တစ်နေ့လျှင် အနည်းဆုံး ၁၀ - ၁၃ နာရီခန့်) လုံလောက်သော အိပ်စက်ခြင်းများသည် ကလေးများ၏ ကြီးထွားမှုကို အထောက်အကူပြုစေသည်။
- သကြား၊ ဆားနှင့် အဆီများသော အစားအစာများကို ကန့်သတ်ပါ။ ဤအစားအစာများသည် ကယ်လိုရီများသော်လည်း အခြားအာဟာရဓာတ်ပါဝင်မှုနှင့် အမျှင်ဓာတ်ပါဝင်မှု နည်းပါးပြီး ကြာရှည်ခံပစ္စည်းများနှင့် ဓာတုပစ္စည်းများစွာ ပါဝင်ပါသည်။ အဆင့်သင့်လုပ်ထားသော သရေစာများနှင့် သကြားလုံးများကို ကန့်သတ်ပါ။ သစ်သီးများသည် ကလေးများ၏ အာဟာရအတွက် ချိုမြန်သော အရသာပေးစွမ်းနိုင်သည့် အကောင်းဆုံး အစားအစာဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ)
Active Ingredient : Chlofenapyr 24%
သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more
WorldFish