အကျိုးရှိစေမယ့် သဘာဝ ပိုးသတ်ဆေး

16/01/2018 13:18 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
တမာရွက်စိမ်ရည်
တမာရွက် (၂၅) ကျပ်သားကို နုတ်နုတ်စင်းပြီး ရေ (၁) ဂါလံ တွင် တစ်ညစိမ်ပါ။  ၎င်း စိမ်ရေကို ရေ (၄) ဂါလံ လျှင်  နို့ဆီခွက် (၁) ခွက် ထည့်ပြီး ဖျန်းပေးပါက ပိုးမွှားများတိုးပွားမှုကို လျော့နည်းစေသည်။
ဩဇာရွက်စိမ်ရည်
ဩဇာရွက် (၂၅) ကျပ်သားကို နုတ်နုတ်စင်းပြီး ရေ (၁) ဂါလံ တွင် တစ်ညစိမ်ပါ။ ၎င်းစိမ်ရည်ကို ရေ (၄) ဂါလံ လျှင် နို့ဆီခွက် (၁) ခွက်၊ ဆပ်ပြာမှုန့် ထမင်းစားဇွန်း(၁) ဇွန်း နှင့် ငရုတ်သီးမှုန့် ထမင်းစားဇွန်း (၁) ဇွန်း ရောထည့် ပြီး ဖျန်းပေးပါက ပိုးမွှားများကို လျော့နည်းစေသည်။
ပဲစိမ်းစားအရွက်
အပင်နှင့် အရွက်(၂၅) ကျပ်သားကို ရေ(၁)ဂါလံဖြင့် ပြုတ်ကာ ရေ(၄) ဂါလံ လျှင် နို့ဆီခွက်(၁) ခွက်ထည့်ပြီး ဖျန်း ပေးပါက ပိုးမွှားများ လျော့နည်းစေသည်။
ဆေးရွက်ကြီး
ဆေးရွက်ကြီး အမှုန့် (၁) ပိဿာကို ရေ(၃) ဂါလံတွင် တစ်ညစိမ်ပါ။ ၎င်းစိမ်ရေကို ရေ (၄) ဂါလံ လျှင် (၁) လီတာ ထည့်ပြီး ဖျန်းပေးပါက ပိုးမွှားများကို လျော့နည်းစေသည်။  (ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူပင် များတွင် ဖျန်း ပေးပါက အထူးကောင်းပါသည်။
လောက်သေ
အပင် နှင့် ဥ (၂၅) ကျပ်သား နုတ်နုတ်စင်းပြီး ရေ (၁) ဂါလံ တွင် တစ်ညစိမ်ပါ။ ၎င်းစိမ်ရေကို ရေ(၄) ဂါလံ လျှင်(၁) လီတာ ထည့်ပြီး ဖျန်းပေးပါက ပိုးမွှားများကို လျော့နည်းစေသည်။
လက်ဖက်စေ့
လက်ဖက်စေ့ အမှုန့် (၂၅) ကျပ်သား ကို ရေ(၁) ဂါလံ တွင် တစ်ညစိမ်ပါ။ ၎င်းစိမ်ရေကို ရေ (၄) ဂါလံ လျှင် နို့ဆီခွက် (၂) ခွက် ထည့်ပြီး ဖျန်းပေးပါက ခရုများကို လျော့နည်းစေသည်။
ဆေးလိပ်တို
ဆေးလိပ်တို အခု (၃၀) ကို ရေ (၁) လီတာ ဖြင့် တစ်ညစိမ်ပါ။ ၎င်းစိမ်ရေကို ရေ(၄) ဂါလံ လျှင် နို့ဆီခွက် (၂)ခွက် ထည့်ပြီး ဖျန်းပေးပါက ပိုးမွှားများကို သေစေသည်။
လိုင်းဆာဖာအနှစ်
လိုင်းဆာဖာကျိုပြီး ကျန်အနှစ်များကို နေပူလှမ်းပြီး အမှုန့်  ပြုလုပ်ပေးပါ။  ၎င်းအမှုန့်ကို  မြေထယ်ထိုးပြီးချိန်တွင်  (၁) ဧကလျှင် (၁)ပိဿာ ပက်ပေးပါက မြေအောင်းပိုးများကို ကာကွယ်နိုင်သည်။
စပါးလင်ပင်၊ ထပ်တရာပန်းပင်
စပါးလင်ပင်၊ ထပ်တရာ ပန်းပင်တို့ကို ခြံအလယ်တွင် စိုက်ပေးခြင်းဖြင့် ပိုးများမလာအောင် တားပေးပါသည်။ ရေမြောင်းများ၏ ဘောင်ပေါ်တွင် စိုက်ပေးခြင်းဖြင့် မြေပြိုမှုကို ထိန်းပေးပါသည်။
စပါးလင်ပင်
စပါးလင်အပင် (၂၅) ကျပ်သား ကို ထောင်းပြီး ရေ (၁) ဂါလံတွင် တစ်ညစိမ်ပါ။ ၎င်းစိမ်ရေကို ရေ(၄) ဂါလံ လျှင် (၁)လီတာ  နှင့် ဆပ်ပြာမှုန့် ထမင်းစားဇွန်း (၂) ဇွန်း ထည့်ပြီး ဖျန်းပေးလျှင် ပိုးများ မလာအောင် တားဆီး ပေးပါသည်။ ၎င်းစိမ်ဖက်များကို ကြွက် (သို့) ပွေး တွင်းဝတွင် ချထားပေးခြင်းဖြင့် ကြွက်၊ ပွေးများကို ကာကွယ်ပေးနိုင်ပါသည်
ခေါင်အဖက်(သို့) ကစော်ဖတ်
ခေါင်အဖတ် (သို့) ကစော်ဖတ်ကို ရေသန့်ဘူးခွံ၏ (၃ ပုံ ၁ ပုံ) ထည့်ပြီး ရေ(၃ ပုံ ၂ ပုံ) ထည့်ကာ ရေသန့်ဘူးခွံ၏ အပေါ်ဖက်တွင် အပေါက်လေးများဖောက်ကာ စိုက်ခင်းများနှင့် စင်များပေါ်တွင် ချိတ်ဆွဲ ထားခြင်းဖြင့် ပိုးမွှား များကို ထောင်ချောက်ဆင်ပြီး ဖမ်းနိုင်သည်။  နေရာစိပ်စိပ် ထားပေးခြင်းသည် ပိုမိုထိရောက်ပါသည်။
ပုဇွန်အခွံ
အခြောက်လှန်းထားသော ပုဇွန်အခွံ (၇၅) ကျပ်သားကို ဝါး (သို့) စပါးခွံပေါင်းခံရည် (၁) ဂါလံ ဖြင့် (၁) လ စိမ် ထားပါ။  ၎င်းစိမ်ရည်ကို ရေ (၄) ဂါလံလျှင် နို့ဆီခွက်တစ်ဝက် ရောပြီးဖျန်းပေးပါက ပိုးမွှားကို သေစေနိုင်ပါသည်။
ကြက်သွန်ဖြူ (သို့) ငရုတ်သီးအမှည့်
ကြက်သွန်ဖြူ (သို့) ငရုတ်သီးအမှည့် (၁၅) ကျပ်သားကို ထောင်းပြီး ချက်အရက်ပြင်း(၁) လီတာဖြင့် ရောပြီး (၁) လ  စိမ်ထားပါ။ ၎င်းစိမ်ရေကို ရေအဆ (၂၀ မှ ၃၀) ရောပြီးဖျန်းပေးပါ။
ထင်းပြာ
ထင်းပြာကို ခြေအိတ် (သို့) အဝတ်ပါးထဲတွင် ထည့်ပြီး လိပ်ခုံးပိုးကျနေသော  သီးနှံပင် (သို့) အရွက်ပေါ်သို့ နံနက်ပိုင်းတွင်  ခါချပေးခြင်းဖြင့် လိပ်ခုံးပိုးများကို ကာကွယ်နိုင်သည်။ 
ဆိတ်ချေး
ဆိတ်ချေး (၁) ပြည်ကို ရေ(၁) ဂါလံဖြင့် တစ်ညစိမ်ပေးပါ။  ၎င်းစိမ်ရေကို ရေ(၄) ဂါလံတွင် နို့ဆီခွက်(၂) ခွက် ထည့်ပြီး ဖျန်းပေးပါ။ (ဆိတ်တို့ကောင်နိုင်ဆေး)
မျှစ်ချဉ်
မျှစ်ချဉ် (၂) ပိဿာကို လယ်ကွက်၏ရေဝင်ပေါက်တွင် ပီနံအိတ်ဖြင့် ထုတ်ပြီး ချထားပေးလျှင် စပါးခင်းတွင် ကျရောက်တတ်သော ပိုးမွှားများကို ကာကွယ်ပေးပါသည်။
ကိုးကား - သဘာဝစိုက်ပျိုးသူ တောင်သူဦးကြီးများလက်စွဲ

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်