တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် ( ၁၈ - ၂၂ .၈. ၂၀၂၅)
မတ်ပဲ
မတ်ပဲက စျေးဆက်တိုက်ကျလာပြီး ယခုတစ်ပတ်မှာလည်း တစ်တန်ကို ၅၀၀၀၀ နီးပါးလောက်အထိပြန်ကျလာပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲတစ်တင်းကို အရင်အပတ်က ၉၇၀၀၀ ကျပ်ရှိရာကနေ အခုအပတ်မှာ ၉၃၀၀၀ ကျပ်ထိကျသွားပါတယ်။
ရွှေစျေးနဲ့ ဒေါ်လာစျေးနှုန်း ကျလာမှုကြောင့် ပြည်ပပို့ကုန်ဖြစ်တဲ့ မတ်ပဲစျေးကွက်ပါ လိုက်ကျလာတာဖြစ်တယ်လို့သိရပါတယ်။ တစ်ဖက်မှာလည်း မတ်ပဲကို အဓိကဝယ်ယူတဲ့ အိန္ဒိယနိုင်ငံက ဝယ်လိုအားနည်းပြီး စျေးပေးနည်းတာကြောင့် စျေးကကျလာနေတာဖြစ်ပါတယ်။ စျေးကျပေမယ့်အရောင်းအဝယ်ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာမှာ ၂၉၇၈၀၀၀၊ အင်္ဂါမှာ ၂၉၇၂၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၇၆၀၀ ၊ ကြာသပတေးမှာ ၂၉၇၂၀၀၀ ၊သောကြာမှာ ၂၉၅၁၀၀၀ စျေးတန်းသာရှိပါတယ်။
အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာမှ သောကြာနေ့အတွင်း ၂၉၇၄၀၀၀ မှ ၂၉၉၈၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ အမြင့်ဆုံး ၄၈၀၀၀ ကျပ်လောက် စျေးကျခဲ့ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကလည်း ယခုတစ်ပတ်မှာ စျေးတန်းထပ်ကျလာပြီး တစ်တန်ကို ၂၆ သိန်းကျပ်ဝန်းကျင်သာ ရှိပါတော့တယ်။ အရင်အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၃၀၀၀၀ လောက်အထိစျေးကျဆင်းသွားပါတယ်။ ပဲစဥ်းငုံကလည်း ပြည်ပပို့ကုန်ပဲဖြစ်တာကြောင့် ဒေါ်လာစျေးကျတဲ့အတွက် ပဲစျေးပါလိုက်ကျဆင်းပြီး ပြည်ပဝယ်လိုအားနည်းတဲ့အတွက်လည်း စျေးကွက်ကျနေတာဖြစ် ပါတယ်။ ပြည်တွင်းမှာတော့ အရောင်းအဝယ်ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၆၆၈၀၀၀၊ အင်္ဂါမှာ ၂၆၅၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၆၂၇၀၀၀ ၊ ကြာသပတေးမှာ ၂၆၃၆၀၀၀ ၊ သောကြာမှာ ၂၆၂၀၀၀၀ စျေးတန်းသာရှိပါတယ်။
အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၇၀၅၀၀၀ မှ ၂၇၅၂၀၀၀ ကျပ်ရှိခဲ့တာဖြစ်ပါတယ်။
ဆန်/ စပါး
ပြည်တွင်း ဆန်စပါးစျေးကွက်မှာ စပါးစျေးနှုန်း ကျဆင်းနေသလို ဆန်စျေးနှုန်းလည်း ကျလာနေပါတယ်။ ဆန်စပါးစျေးကွက်အကျဘက်ရောက်နေပေမယ့် ဝယ်ယူသူကမရှိသလောက်နည်းနေတယ်လို့သိရပါတယ်။ ဆန်စျေးကွက်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧရာပဒေသာဆန်အမျိုးအစားတွေကလွဲပြီး ကျန်တဲ့ပြည်ပနဲ့ပြည်တွင်းသုံးဆန်အမျိုးအစားအားလုံးစျေးကျပြီး အဝယ်အေးနေပါတယ်။ ယခင်နှစ်မိုးဆန်အဟောင်းတစ်အိတ်ကို ၅၅၀၀၀ ကျပ်ဝန်းကျင်အထိစျေးကျနေတာဖြစ်ပါတယ်။
စပါးစျေးကွက်မှာဆိုရင်လည်း မိုးစပါးအသစ်တွေက တင်း ၁၀၀ ကို ၈၅၀၀၀၀ ကျပ်ဝန်းကျင် ကနေ ၁၀၅၀၀၀၀ ကျပ်ဝန်းကျင်သာစျေးပေါက်ပြီး ယခင်နှစ်မိုးစပါးအဟောင်းတွေကတော့ ဝယ်ယူမရှိသလောက်ရှားပြီးစျေးကျနေပါတယ်။ မိုးစပါးအဟောင်းတွေကတော့ စပါးအမျိုးအစားပေါ်လိုက်ပြီး စပါး ၁၀၀ ကို အနိမ့်ဆုံးစျေး ၁၄ သိန်းကျပ်သာရရှိနေတာဖြစ်ပါတယ်။

ပဲတီစိမ်း
ပို့ကုန်ပဲဖြစ်တဲ့ ပဲတီစိမ်းကလည်း အခုတစ်ပတ်မှာစျေးကျလာတာတွေ့ရပါတယ်။ အဓိက ဒေါ်လာစျေးနှုန်းနဲ့ ရွှေစျေးကျဆင်းတဲ့ ဂယက်ကြောင့် ပို့ကုန်ပဲစျေးပါ လိုက်ကျလာတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိစျေးကွက်ထဲကို ခရမ်းရွှေဝါပဲတီစိမ်းတွေဝင်ရောက်ခြင်းမရှိဘဲ တခြားပဲတီစိမ်းအမျိုးအစားတွေသာ ဝင်ရောက်မှုရှိနေပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်း ၅၆.၂၅ ပိဿာကို ၂၈၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်သာရှိပါတယ်။ အရင်အပတ်က ၃၀၀၀၀၀ မှ ၃၄၀၀၀၀ ကျပ်အထိရှိခဲ့တာကြောင့် ၂၀၀၀၀ မှ ၃၀၀၀၀ ကျပ်စျေးကျလာပါတယ်။
နှမ်း
နှမ်းကလည်း ယခုတစ်ပတ်မှာ စျေးတန်းပြန်ကျလာပါတယ်။ စျေးကွက်ပြန်အေးသွားပေမယ့် အရောင်း အဝယ်သွက်နေတယ်လို့သိရပါတယ်။ပို့ကုန်သမားအဝယ်ရှိသလို လှောင်လက်သမားလည်းအဝယ်ရှိနေပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၇၂၀၀၀၀ မှ ၇၇၅၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၂၅၀၀၀ ကျပ်စျေးကျသွားပါတယ်။နှမ်းဖြူဂျပန်က ၃၂၅၀၀၀ ကျပ်မှ ၃၃၀၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၁၅၀၀၀ မှ ၂၀၀၀၀ ကျပ်အတွင်းစျေးကျပါတယ်။
နှမ်းညိုက ၂၆၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိပြီး ၁၀၀၀၀ ကျပ်စျေးကျလာပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026