ကုလားပဲတွင် ကျရောက်တတ်သော ရောဂါများ

28/11/2018 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး ACARE ACARE မှ ပေးပို့ထားပါသည်။

၁။ ကုလားပဲ ဖျူဆေရီယမ်ပင်ညိုးရောဂါ

ရောဂါလက္ခဏာ

- ဤရောဂါသည် Fusarium oxysporum f.sp. Ciceri ဟု ခေါ်သော မှိုတစ်မျိုးကြောင့်ဖြစ်ပြီး အပင်၏ ကြီးထွားမှု အဆင့်တိုင်းတွင် ကျရောက်နိုင်သည်။

- ရောဂါကျရောက်ပါက ကွင်းထဲတွင် အကွက်လိုက် ခြောက်နေသည်ကို တွေ့ရသည်။

- အရွက်များစတင်ဝါလာပြီး တဖြည်းဖြည်း ခြောက်လာကာ နောက်ဆုံးတွင် တစ်ပင်လုံး ခြောက်ပြီး သေသွားသည်။

- ပင်စည်အတွင်းသားကို ဖြတ်ကြည့်ပါက အညိုရောင်ပြောင်းနေသည်ကို တွေ့ရသည်။

ကာကွယ်နှိမ်နှင်းနည်းများ

- မစိုက်ပျိုးမီ မျိုးစေ့ ၁ ကီလိုဂရမ်ကို ကာဘမ်ဒဇင်း မှိုသတ်ဆေး ၂.၅ ဂရမ်ဖြင့် လူးနယ်စိုက်ပျိုးပါ။

- ရောဂါဆိုးဆိုးရွားရွားကျရောက်ထားသော ကွင်းများတွင် ၃ နှစ်မှ ၄ နှစ်အထိ ကုလားပဲ မစိုက်ဘဲ အခြားသီးနှံများ စိုက်ပျိုးပါ။

၂။ ကုလားပဲ ပင်စည်ပုပ်ရောဂါ

ရောဂါလက္ခဏာ

- ဤရောဂါသည် Sclerotinia sclerotiorum ဟု ခေါ်သော မှိုတစ်မျိုးကြောင့် ဖြစ်သည်။

- ဝါဂွမ်းကဲ့သို့ အဖြူရောင်မှိုမျှင်အစုအဝေးများကို မြေကြီးနှင့် နီးသည့် ပင်စည်အခြေပိုင်းတွင် စတင်တွေ့ရှိရပြီး နောက်ပိုင်းတွင် အညိုရင့်ရောင့်၊ အနက်ရောင်မှိုမျှင်လုံးလေးများကို တွေ့ရသည်။

- ရောဂါတိုက်ခိုက်ခံရသည့် အပင်သည် စတင်ဝါလာပြီး တဖြည်းဖြည်းအညိုရောင်ပြောင်းကာ နောက်ဆုံးတွင် အပင်ပုတ်ပြီး သေသွားသည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ စိုက်ပျိုးမည့်မြေတစ်ဟက်တာလျှင် ကပ်တန်နှင့် ဘရာစီကော မှိုသတ်ဆေးအရော ၁၀ ကီလိုဂရမ် အသုံးပြုနိုင်သည်။

၂။ ထယ်နက်နက်ကို ပေးရမည်။

၃။ ရိတ်သိမ်းပြီးနောက် ချန်မထားဘဲ မီးရှို့ဖျက်ဆီးပေးရမည်။

၃။ ကုလားပဲ မီးခိုးရောင်မှိုရောဂါ

ရောဂါလက္ခဏာ

- ဤရောဂါသည် Botrytis cineria ဟု ခေါ်သော မှိုတစ်မျိုးကြောင့်ဖြစ်သည်။

- ပင်စည်၊ အကိုင်း၊ အရွက်၊ အပွင့်တို့တွင် အညိုရောင် အနာကွက်များ စတင်ဖြစ်ပေါ်လာပြီးရောဂါဆိုးရွားလာပါက ၎င်းအနာကွက်များပေါ်တွင် မီးခိုးရောင်မှိုမျှင်များကို တွေ့ရသည်။

- နောက်ဆုံးတွင်ပင်စည်သည် အက်ကွဲလာကာ အပင်သေသွားသည်။

ကာကွယ်နှိမ်နင်းနည်း

- .% ကာဘမ်ဒဇင်းမှိုသတ်ဆေးဖျန်းပေးပါ။

၄။ ကုလားပဲ သံချေးရောဂါ

ရောဂါလက္ခဏာ

- ဤရောဂါသည် Uromyces cicer arietini ခေါ်သော မှိုတစ်မျိုးကြောင့်ဖြစ်သည်။ သေးငယ်သော ဘဲဥပုံစံ အညိုရင့်ရောင် အဖုလေးများကို အရွက်အောက်မျက်နှာပြင်တွင် တွေ့ရသည်။

- နောက်ပိုင်းတွင် ၎င်းအဖုလေးများသည် အနက်ရောင်ပြောင်းသွားသည်။

- ထို အနက်ရောင်အဖုလေးများကို ကိုင်းများနှင့် အသီးတောင့်များတွင်လည်း တွေ့ရတတ်သည်။

ကာကွယ်နှိမ်နင်းနည်း

- ရောဂါစတင်တွေ့ရှိပါက ၀.% မန်ကိုဇက်မှိုသတ်ဆေးကို ၁၀ ရက်လျှင် ၁ ကြိမ်နှုန်းဖြင့် ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် ဖျန်းပေးပါ။

၅။ ကုလားပဲ အက်စ်ကိုခိုက်တာ ပင်ခြောက်ရောဂါ

ရောဂါလက္ခဏာ

- ဤရောဂါသည် Ascochyta rabiei ဟုခေါ်သော မှိုတစ်မျိုးကြောင့် ဖြစ်ပြီး အမြစ်မှလွဲ၍ အပင်အစိတ်အပိုင်းအားလုံးကို တိုက်ခိုက်သည်။

- ရောဂါကျရောက်နေပါက အရွက်၊ ပင်စည်၊ အကိုင်းနှင့် သီးတောင့်များပေါ်တွင် ဝါညိုရောင်လုံးဝန်းသည့် အပြောက်လေးများတွေ့ရကာ ရောဂါဆိုးရွားလာပါက အညိုရင့်ရောင် ပြောင်းသွားပြီး အပင်ခြောက်သွားသည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ မစိုက်ပျိုးမီ မျိုးစေ့ ၁ ကီလိုဂရမ်ကို သိုင်ရမ် သို့မဟုတ် ကာဘမ်ဒဇင်း မှိုသတ်ဆေး ၂.၅ ဂရမ်ဖြင့် လူးနယ်စိုက်ပျိုးပါ။

၂။ () နှစ်တစ်ကြိမ် သီးလှည့်စိုက်ပျိုးပါ။

၆။ ကုလားပဲ ဖားဥမှို (နှင်းမှုံ) ရောဂါ

ရောဂါလက္ခဏာ

- ဤရောဂါသည် Oidiopsis taurica ဟု ခေါ်သော မှိုတစ်မျိုးကြောင့် ဖြစ်ပြီး အပင်အစိတ်အပိုင်းအားလုံးကို တိုက်ခိုက်သည်။

- ရောဂါစတင်ကျရောက်ပါက အရွက်ပေါ်တွင် အဖြူရောင် မှိုအစုအဝေးများကို တွေ့ရပြီး ဆိုးရွားလာပါက ၎င်းမှိုအဖြူရောင်များသည် ပင်စည်နှင့် သီးတောင့်များတွင် ကူးစက်သွားက အပင်တစ်ပင်လုံး အဖြူရောင်လွမ်းသွားသည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ စိုက်ပျိုးမည့်ကွင်းကို သန့်ရှင်းရေး စနစ်တကျ လုပ်ပါ။

၂။ ဒိုင်သိမ်း အမ်- ၄၅ သို့မဟုတ် ကာဘမ်ဒဇင်းကို ရေ ၁ လီတာလျှင် ၂.၅ ဂရမ်နှုန်း ဖျန်းပေးသင့်သည်။

Source - ACARE


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်