အပိုဝင်ငွေဘယ်လိုရှာဖွေနိုင်မလဲ

10/07/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

အားလုံးပဲမင်္ဂလာပါ။ ဒီနေ့တော့အချိန်ပိုင်းအလုပ်လုပ်ပြီး အပိုဝင်ငွေဘယ်လိုရှာဖွေနိုင်မလဲဆိုတဲ့နည်းလမ်း ၁၂ ခုပြောပြပေးပါမယ်။ လူတိုင်းနဲ့တော့ကိုက်ညီချင်မှကိုက်ညီပါလိမ့်မယ်။ သို့သော်ဖတ်ရှူကြိုးစားကြည့်ကြပါ။

ငွေကြေးအခက်အခဲတွေများလာတဲ့အခါ လစာတစ်မျိုးဝင်ငွေလမ်းကြောင်းတစ်ခုထဲနဲ့မလောက်တာတွေရှိလာတတ်ပါတယ်။ ထို့ကြောင့်သင်၏ မရှိမဖြစ်လိုအပ်ချက်နံရံလေးခု (စားနပ်ရိက္ခာ၊ အသုံးအဆောင်များ၊ အမိုးအကာနှင့် သယ်ယူပို့ဆောင်ရေး) နှင့်သင်၏ငွေနှင့်စုဆောင်းငွေများကိုလျင်မြန်စွာတိုးမြှင့်နိုင်မည့်နည်းလမ်းများရှာဖွေခြင်းသည် များစွာဝေးကွာသွားနိုင်သည်။ အဲဒီလိုအချိန်တွေမှ ဝင်ငွေထပ်ရှာဖို့နည်းလမ်းတွေ လေ့လာရှာဖွေသင့်ပါတယ်။ အပိုဝင်ငွေအလုပ်ရရန်အဆင်သင့်ဖြစ်ပြီလား။  ဆက်ဖတ်ကြရအောင်။ 

(၁) ကိုယ့်တီထွင်လက်ရာဟင်းထမင်းအနုပညာနှင့် လက်မှုပညာတွေကို အွန်လိုင်းကနေရောင်းချကြည့်ပါ။

(၂) ကျူရှင်သင်ပါ။

(၃) အိမ်ရှေ့ခြံတွင်းကားပေါ်မှာကြောငြာဆိုင်းဘုတ်နေရာဌားပါ။

(၄) မလိုအပ်တော့တဲ့ပစ္စည်းပစ္စယတွေ အဝတ်အစားတွေ ရောင်းပါ။

(၅) အွန်လိုင်းစစ်တမ်းကောက်ယူပေးပါ။ Blog ရေးပါ။ YouTube TikTok video channel လုပ်ပါ။

(၆) ဒီဂျစ်တယ်လ်အွန်လိုင်းကနေ အတွင်းရေးမှူးအနေဖြင့် ကူညီပေးပါ။

(၇) FB ဆိုရှယ်မီဒီယာ မန်နေဂျာ chatbox ချက်ဘောက် အမေးအဖြေလုပ်ပါ။

(၈) GrabFood, FoodPanda, Yangon Door2Door, Food2U တွေမှာဒီလီဗာရီလုပ်ပါ။

(၉) အွန်လိုင်းရောင်းချသူတွေအတွက် သယ်သူပို့ဆောင်ရေးလုပ်ပေးပါ။

(၁၀) အိမ်မွေးတိရိစ္ဆာန်လေးတွေ စောင့်ကြည့်ပေးပါ။ ရံဖန်ရံခါလမ်းလျှောက်ပေးပါ။

(၁၁) အိမ်ခန်းတွေကားတွေရှိရင်ငှားစားပါ။

(၁၂) တောက်တိုမယ်ရ ကားရေဆေး ကလေးထိန်း အဝတ်လျှော် မီးပူတိုက် သန့်ရှင်းရေးထမင်းချက် အိမ်တွင်းအကူလုပ်ပါ။

နောက်ဆုံးအနေနဲ့ အကျဉ်းချုပ်ပြောချင်တာကတော့ အလိုတော်ရှိရာနည်းလမ်းတစ်ခုရှိပါတယ်။ အားထည့်ကြည့်ကြပါ။

Mother Finance

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်