ဆောင်းရာသီတွင် ငါးများသေဆုံးရခြင်း အကြောင်းရင်း

17/12/2024 11:00 AM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ဆောင်းရာသီရောက်ပြီဆိုလျှင် မြစ်ဝကျွန်းပေါ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာအပြင် သဘာဝတွင် နေထိုင်ကျက်စားလျက်ရှိသည့် ရေချို/ရေငန် ရေသတ္တဝါများ သေဆုံးမှု အနည်းအကျဉ်းရှိသော်လည်း ရေချိုငါးများ အများအပြားသေဆုံးမှုရှိကြောင်း မှတ်တမ်းများ အရ သိရှိရသည်။ ယင်းသို့ သေဆုံးရခြင်း၏ ဖြစ်နိုင်ခြေ ရင်းမြစ်များထဲတွင် အပူဖိစီးမှု (Thermal Stress)၊ အစာရှားပါးမှု (ငတ်မွတ်ခြင်း) တို့ ပါဝင်သည်။ ထို့အပြင် ပိုးမွှားများနှင့် ရောဂါပိုးများ သက်ရောက်မှုသည်လည်း အခြားသော အရင်းအမြစ်များအဖြစ် ပါဝင်ကြောင်း သုတေသန ပြုမှုအချို့အရ သိရပါသည်။

မွေးမြူရေးကန်များအပေါ် သက်ရောက်မှု

မွေးမြူရေးကန်များတွင်လည်း အထူးသဖြင့် ရေချိုငါးမွေးမြူသည့် ကန်များအပေါ် ဆောင်းရာသီ၏ သက်ရောက်မှုအား လေ့လာသိရှိရန် လိုပါသည်။ မြန်မာနိုင်ငံတွင် ငါးသား ဖောက်ရာသီသည် နွေရာသီကုန်ဆုံးပြီးသည့် များသောအားဖြင့် ဇွန်၊ ဇူလိုင်လများ၊ မိုးရာသီ အစတွင် သားဖောက်ခြင်း ဆောင်ရွက်ကြသည်။

သားဖောက်ပြုစုခြင်းကာလ (Nursery Period) သည် ပုံမှန်အားဖြင့် မိုးတွင်းကာလအတွင်း ပြီးမြောက်သည်။ အသားတိုးကန်သို့ ပြောင်းရွှေ့ထည့်သွင်းရာတွင် ငါးသားပေါက်ဆိုဒ် သေးများ၊ (၁.၁"၂-၂") ကို ကန်ကြပ်ထည့်၍ ပျိုးကန်အဖြစ် မွေးကြပြီး ထိုထက်ပိုအရွယ်ကြီး သော (ပိုစိတ်ချရသော) ငါးဖျန်းအရွယ် (၃" - ၄") ငါးများကို ထိုက်ရိုက်ထည့်သွင်းမွေးမြူခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ကြသည်။

မည်သို့ဆိုစေ ပျိုးကန်၊ အသားတိုးကန်တို့ဖြင့် မွေးမြူထားသော ငါးများသည် ဆောင်းရာသီကို အနည်းဆုံးတစ်ကြိမ် ဖြတ်သန်းရသည်။ ယင်းသို့ ဖြတ်သန်းချိန်၌ ငါးမွေးမြူရေးကန် များ ၏ ကန်ပြင်ဆင်ထားရှိမှု၊ ကန်ရေအရည်အသွေး၊ ထည့်သွင်းနှုန်း ပမာဏ၊ ကန်စီမံခန့်ခွဲမှု စသည့်အကြောင်းကြောင်းများပေါ် မူတည်၍ ကန်တွင်းရှိ ငါးများအပေါ် သက်ရောက်မှုအမျိုးမျိုး ဖြစ်စေနိုင်သည်။

ဆောင်းရာသီကာလဖြတ်သန်းရာတွင်

ဆောင်းရာသီကာလ (နိုဝင်ဘာ - ဖေဖော်ဝါရီလ) တွင် မွေးမြူထားသော ငါးများ အသေအပျောက်မရှိစေရန် ဆောင်ရွက်ရခြင်းသည် ခက်ခဲသော အလုပ်ဖြစ်သည်။ ဤလများတွင် ကန်ရေပမာဏ (ရေအနက်) ကျဆင်းလာပြီး၊ ရေအပူချိန်လည်း ကျလာသည်။ မျက်နှာပြင်ရေ ၏ အပူချိန်သည် အောက်ခြေရေအလွှာများထက် ပိုအေးသောကြောင့် ငါးများသည် ကန်အောက်ခြေတွင် ပို၍ နေထိုင်လိုကြသည်။ ငါးများအတွက် ပူနွေးသော အပူချိန် (25ºC – 32ºC) ရှိသည့် အောက်ခြေအလွှာတွင် နေထိုင်ရန် နေရာအလုံအလောက် ရစေဖို့ ကန်ရေအနက် (၆') ခန့်ရှိရန် လိုပါ သည်။

အပူပိုင်းဒေသငါးများ (Tropical Fish) ထဲတွင် ပါဝင်သည့် ငါးမြစ်ချင်း၊ ငါးကြင်းငါးများအတွက် အကောင်းဆုံးကန်ရေအပူချိန် (Optimum Temperature) မှာ (28ºC) မှ (32ºC) အတွင်း ဖြစ်သည်။ ကန်ရေအနက် တိမ်ပါက အပေါ်အောက် ရေလွှာတစ်ခုလုံး အေးသွားသဖြင့် ငါးများကို ထိခိုက်ပြီး သေစေနိုင်သည်။ ကန်ရေအပူချိန် (25ºC) အောက်ကျဆင်းသွားပါက ငါး များအပေါ် အန္တရာယ်သက်ရောက်မှု ဖြစ်စေသည်။ အပူချိန် (10ºC - 15ºC) တွင် ငါးများအပေါ် Shock ရစေပြီး သေဆုံးစေနိုင်ပါသည်။

ကန်ရေအပူချိန်ကျဆင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို စသည့် ရောဂါများကြောင့် ငါးများတွင် ရောဂါဖြစ်ချေပိုများလာပါသည်။ ကန်ရေ၏ အကောင်း ဆုံးအရည်အသွေးအတိုင်းအတာအတွင်း မရှိသည့် ကန်များတွင် အဆိုပါ ရောဂါပိုး များ ထကြွလာပြီး ငါးများကို ထိခိုက်စေသည် -

ရောဂါဖြစ်ပွားသော ငါးများ၏ လက္ခဏာများ

  • (၁) ငါးများ ဂနာမငြိမ်ဖြစ်လာခြင်း
  • (၂) လေကိုရှုဖို့ မျက်နှာပြင်သို့ တက်လာခြင်း
  • (၃) အပြောင်းအလဲမြန်သော ရေကူးအပြုအမူပြုခြင်း
  • (၄) ခန္ဓာကိုယ်ကို မာကျောသော မျက်နှာပြင်ပေါ်တွင် ပွတ်တိုက်ခြင်း
  • (၅) လှုပ်ရှားမှုနှေးကွေးလာခြင်း
  • (၆) အစာစားခြင်စိတ် လျော့နည်းလာခြင်း
  • (၇) ခန္ဓာကိုယ်တွင် အနီရောင်အစက်များပေါ်လာပြီး နောက်ပိုင်းတွင် ပြည်တည်နာအဖြစ် ပြောင်းလဲသွားခြင်း

ယင်းသည် ရေအရည်အသွေးညံ့ဖျင်းမှုကြောင့် ဆောင်းရာသီတွင် ရောဂါပိုးမွှားများ ဒဏ်ခံရပြီး၊ ငါးများသေဆုံးမှု များပြားနိုင်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်