မြေသြဇာအိတ်တွေမှာ NPK ပါဝင်မှုအတိအကျသိရဖို့ ဘယ်လိုတွက်မလဲ?

05/01/2022 10:30 AM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

မြေသြဇာအိတ်မှာ NPK ပါဝင်မှု ရာခိုင်နှုန်းတွေကိုတွက်တဲ့အခါ ပမာဏအတိအကျ သိရဖို့အတွက် တွက်နည်းကိုလေ့လာနိုင်ပါတယ်..

လူတိုင်းအလွယ်မှတ်နေတဲ့ NPK အချိုးဖြစ်တဲ့ 15:15:15 ပတ်လည်ပါဝင်တဲ့ ၅၀ ကီလို တစ်အိတ်မှာ အမှန်အချိုးက 7.5: 7.5: 7:5 ပါဝင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ (၁၀၀ကီလိုဂရမ်ကို အခြေခံပြီး ဖော်ပြထားတာကြောင့် ၁၅ပတ်လည်ဆိုပြီးရေးတာပါ)

အဲ့လိုဆိုရင် NPK အချိုးပါဝင်မှု ပမာဏ တိကျတယ်ဆိုတာ မဟုတ်သေးပါဘူး။ နိုက်ထရိုဂျင် (Nitrogen) အတွက်မှန်ပေမဲ့

ဖော့စဖောရပ်စ် (P) အချိုး 7.5 %ဟာ ဖော့စဖောရပ်စ် ပန်အောက်ဆိုဒ် (phosphorus pentoxide) (P2O5)ဖြစ်ပြီး 

ပိုတက်စီယမ် (K) အချိုး 7.5% ဟာ ပိုတက်စီယမ် အောက်ဆိုဒ် (potassium oxide) (K2O)ပဲရှိပါသေးတယ်။

သူရဲ့ ၅၀ ကီလိုဂရမ်မှာ ပါဝင်တဲ့ အလေးချိန်အတိအကျရဖို့ဆိုရင်

P2O5 ပမာဏဖြစ်တဲ့ 7.5 ကို 0.44 နဲ့ မြှောက်မှသာ P ရဲ့ အမှန်ပါဝင်တဲ့ အလေးချိန်ပမာဏ ရပါမယ်။

ဥပမာ - 7.5 × 0.44 = 3.3% သာ ဖော့စဖောရပ်စ် (phosphorus) ပါဝင်တယ်လို့ ဆိုပါတယ်။

K2O ပမာဏဖြစ်တဲ့ 7.5 ကို 0.83 နဲ့ မြှောက်မှသာ K ရဲ့ အမှန်ပါဝင်တဲ့ အလေးချိန် ပမာဏရပါမယ်။

ဥပမာ -7.5 × 0.83 =6.225% သာ ပိုတက်စီယမ် (potassium) ပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့တာဆို 15ပတ်လည် မြေသြဇာတစ်အိတ် ၅၀ကီလိုမှာ NPK ပါဝင်မှာဟာ - 7.5: 3.3: 6.225 သာပါဝင်ပါတယ်။ (100ကီလိုမှာ အခြေခံပြီး ဖော်ပြမယ်ဆိုပါက 15: 6.6: 12.45 NPK ပမာဏအတိအကျပါဝင်တယ်လို့ မှတ်နိုင်ပါတယ်။ )

Reference.

Teaming with nutrients

(The organic Gardener"s Guide to Optimizing Plant Nutrition ) စာအုပ်မှဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်