အရသာကောင်းမွန်တဲ့သရေစာအဖြစ် ကန္တာရကျိုင်းကောင်များ

06/07/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သီးနှံပင်တွေကို ထိခိုက်ဖျက်ဆီးနိုင်တဲ့ ကန္တာရကျိုင်းကောင်တွေကို အချို့နိုင်ငံများမှာ အရသာရှိတဲ့သရေစာအဖြစ်နဲ့ ပြောင်းလဲကြပါတယ်။ ဒီကန္တာရကျိုင်းကောင်တွေကို အရှေ့အလယ်ပိုင်း အာရှ တောင်အာဖရိက ဇင်ဘာ၊ ဇမ်ဘီယာ၊ မာလဝီ၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား တို့မှာ ဟင်းအနေနဲ့စားသောက်ကြတာ ကြာပြီဖြစ်ကြောင်းလည်း သိရပါတယ်။ အစ္စရေးနိုင်ငံကလယ်သမားများကလည်း ကန္တာရကျိုင်း(ခေါ်) နှံကောင်တွေထွက်လာပြီဆိုရင် ပုံးတွေ/ဘူးတွေ/အိတ်တွေနဲ့ ဖမ်းကြပြီး ကြော်စား၊ ချက်စား စားသောက်ကြပါတယ်တဲ့။ 

ကန္တာရကျိုင်းကောင်ကို အစ္စရေးနိုင်ငံက နာမည်ကြီးစားသောက်ဆိုင်ဖြစ်တဲ့ ဂျေရုဆလင် စားသောက်ဆိုင် (Jerusalem Restaurant) မှာ အထူးမီနူးတစ်ခုအနေနဲ့ ရောင်းချတာဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်ရဲ့စားဖိုမှုူးဖြစ်တဲ့ မိုရှေးဘင်ဆင် (Moshe Basson) ဟာနှစ်ပေါင်းများစွာ ကျိုင်းကောင်မီနူးကို တာဝန်ယူချက်ပြုတ်ခဲ့တာပါ။ ကျိုင်းကောင်တွေက ငုံးအရသာနဲ့တောင်တူတယ်လို့ မိုရှေးဘင်ဆင်ကပြောပါတယ်။ ကျိုင်းကောင်မှာပါဝင်တဲ့ပရိုတင်းဓာတ်တွေဟာ ငါး၊ ကြက်ဥ၊ နို့မှာ ပါဝင်တဲ့အသားဓာတ်နှင့် တူညီပြီး ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဖော့စဖောရပ်စ်၊ ကယ်လ်ဆီယမ်၊ မက်ဂနီဆီယမ်၊ ဇင့်၊ အိုင်းရွန်း ဓာတ်များစွာပါဝင်ကြောင်းလည်း သိရပါတယ်။ 

စက်ရုံတွေကထုတ်တဲ့ သရေစာတွေထက် ကျန်းမာရေးနဲ့ပြည့်စုံတဲ့အချက်ကလည်း ကျိုင်းကောင်ကိုစားသင့်တဲ့အချက်တစ်ချက်ပါပဲ။ ဈေးပေါပေါနဲ့စားသောက်လို့ရတဲ့ အစားအစာတစ်ခုလည်းဖြစ်တာပေါ့။

မိုရှေးဘင်ဆင်က ကျိုင်းကောင်ကို ကြော်စားလို့လည်းရတယ်၊ စွပ်ပြုတ်ထဲလည်းထည့်ချက်စားသောက်လို့ရတယ်လို့ ညွှန်းထားပါတယ်။ ကောင်းကင်ပေါ်ကလာတဲ့ ပရိုတင်းပြည့်ဝတဲ့အစာဖြစ်တဲ့အတွက် ဘာလို့မစားရမှာလဲလို့တောင် မိုရှေးဘင်ဆင်က တင်စားထားပါသေးတယ်။

မိုရှေးဘင်ဆင်ရဲ့ ကျိုင်းကောင်ဟင်းပြင်ဆင်မှုအရ ဆနွင်းအနည်းငယ်နဲ့ဟင်းရွက်ပြုတ်ရည် ၂ လီတာလောက်ကိုပွက်ပွက်ဆူအောင်တည်ပြီး ကျိုင်းကောင် ၂၅ ခန့်ကိုထည့်၍ ၃ မိနစ်ခန့်ပြုတ်ပါ။ အအေးခံပြီး ခေါင်း၊ တောင်ပံ၊ အူတွေကိုထုတ်ပြစ်ပါ။ ပြီးတော့ ခေါက်ထားတဲ့ကြက်ဥထဲကိုနှစ်ပြီး ဆား လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ ငရုတ်သီးအနည်းငယ်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ နံနံ နဲ့ ဂျုံမှုန့်စားပွဲတင်ဇွန်း ၄ ဇွန်းတို့နဲ့ရောနယ်ပါ။ နောက်ဆုံး ဆီပူပူလေးမှာ ရွှေညိုရောင်ပြောင်းသည်အထိ ကြော်ပြီး အရသာနဲ့ပြည့်စုံတဲ့ ကျိုင်းကောင်ပူပူကြွတ်ကြွတ်လေးရရှိပြီး ဆော့နဲ့တို့စားလို့ရပြီပေ့ါ။

မာလဝီရိုးရာ နှံကောင်ဟင်းတစ်ခွက်ဖြစ်တဲ့ Dziwala recipe ပြင်ဆင်ပုံအရဆိုရင် သံပုရာရည်ခွက်တစ်ဝက်လောက်ထဲကို ငရုတ်ကောင်းနည်းနည်းထည့်မွှေလိုက်ပါ။ ပြီးရင် ခေါင်း၊ အတောင်၊ အူ ထုတ်သန့်စင်ထာတဲ့နှံကောင် ၂၅ ကောင်လောက်ကို စိမ်လိုက်ပါ နှံ့အောင်သေချာလူးနယ်ပြီး တစ်နာရီလောက်နှပ်ထားလိုက်ပါ။ ပြီးရင်နှပ်ထားတဲ့နှံကောင်တွေကိုစစ်ထုတ်ပြီး ရေတော်တော်ခြောက်သွားရင် ကြက်သွန်ဖြူဆီချက်သတ်ထားတာနဲ့ရောပြီး ရွှေညိုရောင်ပေါက်အောင်ကြော်ပါ။ ဒါဆိုရင်တော့ နှံကောင်ကြွတ်ကြော်လေးကို သံပုရာရည်ညှစ်ပြီးစားနိုင်ပါပြီ။  

ဒီလိုကျိုင်းကောင်တွေကို စားသောက်တာဟာလည်း biological control အရ သက်ရှိအချင်းချင်း နှိမ်နင်းရာရောက်ပြီး သီးနှံဖျက်ဆီးမှုကို ကာကွယ်ရာရောက်တဲ့အတွက် အစိမ်းရောင်လမ်းအသုံးပြုသူတွေအတွက် ဝေမျှလိုက်ရပါတယ်။

ကိုးကားချက်

https://www.greenprophet.com/2013/03/feasting-on-locusts-a-recipe-from-moshe-bassons-kitchen/

Zin Min

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်