သင်္ဘောပင်အပုလေးတွေရအောင် ဘယ်လိုလုပ်မလဲ

25/06/2020 12:30 PM တွင် မဆုမြတ်ခင် မဆုမြတ်ခင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(အခုလို covidကာလအတွင်းမှာ အားလုံးလည်း အပျင်းပြေစေဖို့ အခုဖော်ပြမယ့် နည်းလေးကို စမ်းသပ်ကြည့်ကြပါနော်။)

    သင်္ဘောပင်လေးတွေဟာ အခြားအပင်လေးတွေနဲ့ မတူဘဲ တမူထူးခြားတဲ့ သွင်ပြင်ရှိကြပါတယ်။ ဒါပေမယ့် သူတို့လေးတွေဟာ အရမ်းရှည်တဲ့အပင်လေးတွေ ဖြစ်ကြတဲ့အတွက် ပုံမှန် အသီးခူးရမယ့်အချိန်မှာဆိုရင် အမြင့်ပေ ၁၅ - ၂၀ လောက်အထိ ရှိနေတတ်ကြပါတယ်။ အဲ့ဒါကြောင့်  အသီးခူးတဲ့အခါမှာ အခက်အခဲဖြစ်စေပါတယ်။  အဲ့လိုအခက်အခဲကို ကျော်လွှားဖို့အတွက် အခုဆောင်းပါးလေးမှာ သင်္ဘောပင်လေးတွေကို ဘယ်လိုပုအောင် လုပ်ကြမလဲဆိုတာကို ပြောပြပေးသွားပါမယ်ရှင့်။

ဘာပစ္စည်းတွေလိုအပ်သလဲ။

    ဘာပစ္စည်းမှ ထွေထွေထူးထူးမလိုအပ်ပါဘူးနော်။ အဓိကကတော့ သန့်ရှင်းပြီး အသွားထက်တဲ့ ကပ်ကြေးတစ်လက်ပဲ လိုအပ်တာပါ။ (သတိထားရမှာက မိမိကိုယ်တိုင်က သန့်ရှင်းပြီး အသုံးပြုမယ့်ပစ္စည်းတွေရော ကိုင်တွယ်မယ့်လက်ကိုပါ သေချာသန့်စင်ထားဖို့ လိုအပ်ပါတယ်။ အဲ့ဒါမှ အပင်ထဲကို ရောဂါပိုး မဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်ရှင့်။)

ဘယ်လိုပြုလုပ်ရမလဲ။

- ပထမဦးစွာ မျိုးစေ့ကို ပျိုးရပါမည်။ (မျိုးစေ့ကို စိတ်တိုင်းကျ ဝယ်ယူနိုင်သလို မိမိတို့ စားသည့်အသီးများမှလည်း မျိုးပြန်ယူနိုင်ပါတယ်။)

- ထို့နောက် ကျန်းမာသန်စွမ်းသည့် အပင်ပေါက်ဖြစ်လာပြီဆိုလျှင် ထိပ်ညွှန့်ကို စတင်ဖြတ်တောက်နိုင်ပါပြီ။ ပထမအကြိမ် ထိပ်ညွှန့်ဖြတ်ရန် အညွှန့်ထိပ်ဖျားမှနေ၍ ၁ လက်မ ၂ လက်မ ဖြတ်ပေးပါ။

- ဒုတိယအကြိမ် ထိပ်ညွှန့်ဖြတ်ရန် ယခင်ဖြတ်ထားသော နေရာမှ ၅ လက်မခန့် ရှည်ထွက်လာလျှင် ဖြတ်နိုင်ပါပြီ။ ထိုသို့ဖြတ်ရန် ပထမအကြိမ်ဖြတ်ခဲ့သည့်အတိုင်းပင် ထိပ်ဖျားမှနေပြီး ၁ လက်မ ၂ လက်မ ဖြတ်ချပေးရပါမည်။

- ထိုသို့ ဖြတ်တောက်ပြီးတိုင်း ၅ လက်မခန့် ရှည်လာလျှင် အထက်တွင်အသုံးပြုခဲ့သော နည်းလမ်းအတိုင်းပင် ပြန်လည် ဖြတ်တောက်ပေးရပါမည်။

- ဤသို့ပြုလုပ်ခြင်းကို အသီးသီးရန် အညှောင့်မထွက်ခင်အထိ ဆက်တိုက် ပြုလုပ်ပေးသွားရပါမည်။ အညှောင့်ထွက်လာပါက ထိပ်ညွှန့်ဖြတ်ခြင်းကို ရပ်တန့်ပေးရပါမည်။

ဘာတွေ အထူးသတိပြုရန်လိုအပ်လဲ။

- ဤနည်းလမ်းကို အေးသောရာသီဥတုနှင့် ဆောင်းရာသီကာလများတွင် မပြုလုပ်သင့်ပါ။ နွေရာသီတွင်သာ ပြုလုပ်သင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အလွယ်တကူ ပြန်လည်နလန်ထနိုင်သောကြောင့်ပင် ဖြစ်ပါသည်။

- ဖြတ်တောက်ရာတွင် အသုံးပြုမည့်ပစ္စည်းများကို သန့်ရှင်းစွာထားရန်လည်း လိုအပ်ပါသည်။ မသန့်ရှင်းသောကိရိယာများ သုံးခြင်းသည် အပင်များဆီသို့ ရောဂါပိုးများကို အလွယ်တကူ ဝင်ရောက်စေနိုင်ပါသည်။ ဖြတ်တောက်ထားသည့် ဒဏ်ရာများကို မသန့်ရှင်းသောလက်နှင့် ကိုင်တွယ်ခြင်း၊ ဒဏ်ရာအနားတွင် ညစ်ပေနေသော ကိရိယာများအသုံးပြုခြင်း အစရှိသည်တို့ကိုလည်း ရှောင်ရှားသင့်ပါသည်။ 

- ထို့ပြင် ဖြတ်တောက်မည့် ကိရိယာများသည် အသွားထက်နေသင့်ပါသည်။ သို့မှသာ တစ်ချက်တည်းနှင့် အလွယ်တကူ ပြတ်တောက်သွားနိုင်သည့်အတွက်  အပင်နာခြင်းကို လျှော့ချနိုင်ပါသည်။

- ထိပ်ညွှန့်ဖြတ်ထားသည့် အပင်များကို အခြားအပင်များထက် ပိုမိုဂရုစိုက်ရပါမည်။ မိမိကိုယ်ကို ဂရုစိုက်သကဲ့သို့ပင် အပင်များကိုလည်း ရောဂါဘယမဝင်ရလေအောင် အထူးဂရုပြုသင့်ပါသည်။

    နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အပင်ပုသင်္ဘောပင်တစ်ပင် ရဖို့အတွက်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းအတိုင်း သင်္ဘောပျိုးပင်ကို ထိပ်ညွှန့်ဖြတ်ပေးဖို့လိုအပ်ပါတယ်။ ထိပ်ညွှန့်ဖြတ်ခြင်းဆိုတာက ကိုင်းချိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အပင်က ၅ လက်မရှည်လာတိုင်း ထိပ်ဖြတ်ပေးဖို့လိုအပ်ပါတယ်။ ငယ်ရွယ်သေးတဲ့အပင်ပေါက်ဘဝမှာဆိုရင်တော့ အဲ့လိုလုပ်လိုက်ခြင်းက ပင်စည်ကို ပိုကြီး၊ ပိုတုတ်စေပါတယ်။ အပင်ကြီးဘဝရောက်တဲ့အခါမှာတော့ အခက်အလက်တွေက အပေါ်ကို ထောင်မတက်တော့ဘဲ ဘေးဘက်ကိုသာ ကိုင်းဖြာသွားမှာဖြစ်ပါတယ်။ အခုလို ခဏခဏ ထိပ်ညွှန့်ဖြတ်ပေးခြင်းက ပုံမှန်ပင်တွေထက် ကျန်းမာသန်စွမ်းလာစေပါတယ်။ ပုံမှန်အပင်တွေလို သက်တမ်းအလိုက် ရှိသင့်တဲ့အရပ်မရှိတော့ဘဲ ပင်စည်တုတ်ခိုင်ပြီး အပင်ပုနေခြင်းက လေဒဏ်ကို ပိုမိုခံနိုင်ရည်ရှိလာစေပါတယ်။ 

    တကယ်လို့ အိုးထဲမှာ ထည့်စိုက်မယ်ဆိုရင် အခုလိုထည့်စိုက်ခြင်းက ဘာနည်းလမ်းမှ မသုံးရင်တောင် ပုံမှန်ထက် အပင်ကို ပုစေတဲ့အတွက် ၎င်းထိပ်ညွှန့်ဖြတ်ခြင်းနည်းလမ်းကို ပိုမိုအထောက်အပံ့ပေးပါတယ်။ အပင်ပုတွေဟာဆိုရင် အိုးထဲထည့်စိုက်ဖို့အတွက် အကောင်းဆုံးအရွယ်အစားပဲ ဖြစ်ပါတယ်။

    တကယ်လို့ မြေကြီးမှာချစိုက်မယ်ဆိုရင်လည်း ထိပ်ညွှန့်ဖြတ်ပေးခြင်းနည်းလမ်းကို ဆက်လက်လုပ်ပေးသွားနိုင်ပါတယ်။ သို့မှသာ အသီးခူးနိုင်တဲ့အရွယ်မှာ လက်လှမ်းမီနိုင်သည့် အမြင့်ရောက်ရှိနိုင်တဲ့အတွက် ခူးဆွတ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ အဲ့ဒါကြောင့် ဒီနည်းလမ်းကို ဦးကြီးတို့အနေနဲ့ စမ်းသပ်လုပ်ဆောင်ကြည့်သင့်ပါတယ်ရှင့်။

Reference; https://greenthumbplanet.com/how-to-shorten-papaya-tree/

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်