ရာသီဥတုနဲ့ ပိုးရောဂါဖျက်ခဲ့ရင်တောင် ဆုံးရှုံးမှုနည်းစေတဲ့ သီးညှပ်စိုက်ပျိုးခြင်းနည်းပညာ
သီးညှပ်စိုက်ပျိုးခြင်းဆိုသည်မှာ မြေကွက်တစ်ကွက်အတွင်း တစ်ချိန်တည်းတွင် သီးနှံ နှစ်မျိုး သို့မဟုတ် ထို့ထက်ပိုသော သီးနှံများကို အတန်းအစီအစဥ် သီးသန့်ထား၍ စိုက်ပျိုးခြင်းဖြစ်ပါသည်။ (ဥပမာ- ဝါနှင့် ပဲစင်းငုံ၊ မြေပဲနှင့် ပဲစင်းငုံကို အတန်းလိုက် သီးညှပ် စိုက်ခြ င်း။)
သီးညှပ်စိုက်ခြင်းတွင် အသက်လျင်သောသီးနှံနှင့် အသက်ကြီးသော သီးနှံများကို ညှပ်၍စိုက်ရပါမည်။ သီးညှပ်အဖြစ် စိုက်မည့်သီးနှံနှင့် ပင်မသီးနှံနှစ်မျိုးစလုံးတို့သည် အကိုင်းအခက်ဖြာထွက်၍ အုံ့ဆိုင်းသည့် သီးနှံအပင်မျိုး ဖြစ်လျှင် ယင်းသီးနှံတို့ကို တွဲဖက်၍မစိုက်သင့်ပါ။
ထို့အပြင် သီးနှံတစ်မျိုး၏အမြစ်သည် အကပါ်ယံမြေလွှာ၌သာ ဖြာထွက်နေ၍ အခြားတစ်မျိုးသည် ထို့ထက်နက်သော မြေနရာ၌ အမြစ်ဖြာထွက်သော အပင်မျိုး ဖြစ်သင့်သည်။ (ဥပမာ-မြေပဲနှင့် ပဲစင်းငုံ၊ ပြောင်းဖူးနှင့် ပဲမျိုး)
တောင်ယာများတွင် တောင်ယာစပါးနှင့် ပြောင်းဖူး၊ နှမ်းလျင်နှင့် ဝါကြီးတို့ကို သီးညှပ်စိုက်၍ ယာနှင့်ကိုင်းကျွန်းတွင် မြေပဲနှင့် ပဲစင်းငုံ၊ ကုလားပဲနှင့် ပြောင်းဖူးတို့ကို သီးညှပ်စိုက်ကြသည်။
သီးညှပ်စိုက်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။

(က) မြေတစ်ကွက်တည်း၌ မိမိအတွက် လက်တွေ့အကျိုးကျေးဇူးရှိမည့် သီးနှံများကို တစ်ပြိုင်နက်တည်း စိုက်ပျိုးနိုင်ပါသည်။
(ခ) ပဲပင်နှင့် နှံစားသီးနှံပင်တို့ကို ရောနှောစိုက်ပျိုးပါက ပဲပင်တို့၏ မြစ်ဖုရှိ ဘက်တီးရီးယားများက ရယူသည့် နိုက်ထရိုဂျင်ကို နှံစားသီးနှံပင်တို့က ရရှိမည်ဖြစ်ပါသည်။
(ဂ) ပေါင်းသင်၊ မြေဆွ၊ မြေဩဇာထည့်၊ ရေလောင်း၊ ရောဂါနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်း အစရှိသည်တို့ကို သီးနှံတစ်မျိုးအတွက် ပြုလုပ်ပေးလျှင် ကျန်သီးနှံအတွက်လည်း အလိုအလျောက် အကျိုးရှိလာမည်ဖြစ်သည်။
(ဃ) အပင်အမြင့်မတူသော သီးနှံပင်နှစ်မျိုးကို တွဲစိုက်ပါက ပုသောအပင်မျိုးက လောင်းရိပ်ကြိုက်သည့် အပင်မျိုးဖြစ်ခဲ့လျှင် ထိုအပင်အတွက် အကျိုးရှိမည်ဖြစ်သည်။
(င) ဦးစွာရင့်မှည့်သောသီးနှံကို နှုတ်၍ရိတ်သိမ်းပါက ကျန်သီးနှံအတွက် ပေါင်းရှင်းမြေဆွပြီးသား ဖြစ်စေပါသည်။
(စ) သီးညှပ်စိုက်သီးနှံများ တစ်ချိန်တည်းမပေါ်သောကြောင့် အလုပ်လုပ်ရာတွင် မနိုင်မနင်း မရှိကတာ့ဘဲ အေးဆေးစွာ လုပ်ကိုင်နိုင်ပါသည်။
(ဆ) အကယ်၍ မိုးခေါင်ခြင်း၊ အင်းဆက်ပိုးများနှင့် ရောဂါဖျက်ဆီးခြင်းခံရပါက အနည်းဆုံး သီးနှံတစ်မျိုး ကျန်ရှိမည်ဖြစ်၍ တောင်သူများအတွက် ဆုံးရှုံးမှုနည်းပါးစေပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 4 ခု
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026