နွေမှာဝေတဲ့ ကံ့ကော်အကြောင်း သိကောင်းစရာ

02/09/2021 12:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Iron-Wood 

ရုက္ခဗေဒ အမည် - Mesua ferresa 

    ကံ့ကော်ပင်ဟာဆိုရင် ကြီးထွားမှုနှေးကွေးပြီး ၎င်းရဲ့ လေးလံမှုနဲ့  မာကျောမှုတို့ကြောင့် iron wood (သံကဲ့သို့မာတဲ့သစ်သား) ဆိုပြီး တင်စားခေါ်ဆိုကြပါတယ်။ ကံ့ကော်ပင်ဟာ ၎င်းရဲ့ လှပတဲ့ပုံသဏ္ဍာန်၊ စိမ်းလန်းတဲ့အရွက်နဲ့ ကြီးမားပြီး မွှေးပျံ့တဲ့ အဖြူရောင်ပန်းပွင့်များကြောင့် အလှစိုက်ပင်အဖြစ်နဲ့ စိုက်ပျိုးကြတာဖြစ်ပါတယ်။ အပူပိုင်းနဲ့ စိုစွတ်တဲ့ရာသီဥတုကိုနှစ်သက်ပြီး ကံ့ကော်ပင်ရဲ့ မူရင်းဒေသတွေကတော့ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဆူမားတြားဒေသတို့ပဲ ဖြစ်ပါတယ်။ ပိတောက်ပင်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံအထိမ်းအမှတ်သစ်ပင်ဖြစ်သလို ကံ့ကော်ပင်ဟာဆိုရင်လည်း သီရိလင်္ကာနိုင်ငံရဲ့ အထိမ်းအမှတ်သစ်ပင် (National Tree) ဖြစ်ပါတယ်။ 

    မြေဆီသြဇာထက်သန်ပြီး ရေစိမ့်ဝင်မှုအားကောင်းတဲ့မြေ၊ မာကြောပြီး ရွှံ့စေးဆန်တဲ့မြေကို နှစ်သက်ပါတယ်။ မြေနိမ့်ပိုင်းဒေသတွေမှာ စိုက်ပျိုးဖို့တော့ မသင့်တော်ပါဘူး။ ကံ့ကော်ပင်ဟာဆိုရင် နှင်းခဲတဲ့ဒဏ်နဲ့ မိုးခေါင်တဲ့ ဒဏ်ကိုခံနိုင်ရည်ရှိပါတယ်။ 

    အစေ့ကနေပေါက်တဲ့ ပျိုးပင်တွေဟာဆိုရင် စိုက်ပျိုးမယ့်အချိန်မှာ အပင်အမြင့် ၄၅ - ၅၀ စင်တီမီတာ (၁၇ - ၁၉ လက်မ) ရှိနေရင် သင့်တော်ပါတယ်။ ကံ့ကော်ပင်ဟာ ပတ်ဝန်းကျင်မှာ သဘာဝအတိုင်းမျိုးပွားပြီး ပေါပေါများများပေါက်ရောက်တာတွေ့ရပါတယ်။ ကံကော်ပင်ကို သဘာဝအတိုင်း မျိုးစေ့ကနေစိုက်ပျိုးမယ်ဆိုရင် ပန်းပွင့်ဖို့အတွက် အချိန်တော်တော်ကြာကြာ စောင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ အမြစ်တို့ ပင်စည်တို့ကိုဖြတ်ပြီး အပင်ပိုင်းမျိုးပွားနည်းတွေနဲ့မျိုးပွားကာ အပင်ငယ်ငယ်လေးတွေနဲ့ ပန်းပွင့်တဲ့ကံ့ကော်ပင်တွေကို အွန်လိုင်းမှာရော အပြင်မှာပါ ရောင်းချနေကြပြီဖြစ်ပါတယ်။ ကံ့ကော်ပင်ရဲ့ အပွင့်နဲ့ အသီးတွေဟာဆိုရင် ဆေးဘက်ဝင်ပြီး စီးပွားရေးအရလည်း အရေးပါပါတယ်။ 

    ကံ့ကော်ပင်ကို  တစ်နိုင်တစ်ပိုင်ပဲ အလှစိုက်ပျိုးမယ်ဆိုရင်တော့ အပင်ပေါက်တွေကို တစ်ပင်နဲ့ တစ်ပင် ပေ ၂၀ မှ ၂၅ ပေ ခွာပြီး စိုက်ပျိုးသင့်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးမယ်ဆိုရင်တော့ မြေကို ထယ်ထိုးထွန်ယက်ပြီး သဘာဝမြေသြဇာများ ကြိုတင်ထည့်ထားရမှာဖြစ်ပါတယ်။ ပေါင်းမြက်ကင်းစင်တဲ့မြေဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ပြီးရင်တော့ အထက်မှာဖော်ပြခဲ့သလို ၁ နှစ်သားအရွယ် ပျိုးပင် (အပင်အမြင့် ၁၇ - ၁၉ လက်မ) ကို ၁၆ ပေပတ်လည်နဲ့ စိုက်ပျိုးနိုင်ပါတယ်။  

    ကံ့ကော်ပင် စိုက်ပျိုးထားတဲ့ ပထမ ၃ - ၄ နှစ်အတွင်းမှာဆိုရင် အပိုဝင်ငွေရရှိအောင် ချင်း၊ နနွင်း၊ ရှားစောင်းလက်ပက်နဲ့ နာနတ်တို့လို အပင်မျိုးတွေနဲ့ သီးရောစိုက်ပျိုးမယ်ဆိုရင် ပိုကောင်းပါတယ်။ ကံ့ကော်ပင်ဟာ အကြမ်းခံတာမို့ ပြုစုစောင့်ရှောက်ရတာလည်း နည်းပါတယ်။ စိုက်ပျိုးပြီး ပထမနှစ်အတွင်း မိုးရာသီရောက်တဲ့အခါမှာ ကွန်ပေါင်းမြေသြဇာကို ၁ ပင်လျှင် ၆ ပိဿာနှုန်းနဲ့ ထည့်ပေးသင့်ပါတယ်။ နောက်ပိုင်းမှာတော့ အပင်သက်တမ်းပေါ်မူတည်ပြီး နှုန်းထားတိုးသွားနိုင်ပါတယ်။ ပုံမှန် ပေါင်းမြက်ရှင်းပေးဖို့လည်း လိုအပ်ပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မျိုးမှာတော့ ၁၅ ရက် ၁ ကြိမ်လောက် ရေပေးဖို့လိုအပ်ပါတယ်။ ထူးထူးခြားခြား ပိုးမွှားရောဂါကျရောက်တာမျိုး မရှိတာကလည်း ကံ့ကော်ပင်ရဲ့အားသာချက်ပဲဖြစ်ပါတယ်။ ကံ့ကော်ဟာ ပုံမှန်ဆိုရင် အပင်စိုက်ပျိုးပြီး ၄ နှစ်အကြာမှာ ပန်းပွင့်လေ့ရှိပါတယ်။ ယနေ့ခေတ်မှာတော့ ကိုင်းကူးဆက်ထားတဲ့ အပင်တွေရှိနေပြီဖြစ်တာကြောင့် ကံ့ကော်ပွင့်တွေကို တစ်နှစ်ပတ်လုံးနီးပါးတွေ့နေရပါတယ်။ ရေမြေဒေသနဲ့ မျိုးအပေါ်မူတည်ပြီး ပန်းပွင့်ချိန်ကတော့ ကွာခြားနိုင်ပါတယ်။ ကံ့ကော်ပင်ဟာဆိုရင် ဗမာတို့ရဲ့ နှစ်သစ်ကူးချိန် တန်ခူးလ (နွေရာသီ) မှာ ဝေဝေဆာဆာပွင့်လေ့ရှိကြပါတယ်။ 

Source - http://vikaspedia.in/agriculture/crop-production/package-of-practices/medicinal-and-aromatic-plants/mesua-ferrea


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်