ဖုံးအုပ်စိုက်ပြီး ထွက်နှုန်းကြီး မောင်နီတို့နည်း
“ဗျို့ ဦးဘကျော်ရီး… ဘောင်တွေ တင်နေတာဆို”
“အေး မောင်နီရေ ခုမှစမှာဟ၊ ဘောင်နဲ့စိုက်မယ်ပဲပြောရသေး
သတင်းက မွှေးနေပေါ့၊ ပွဲစားလည်း တစ်ခါတည်း ကွင်းထဲ လာကောက်သွား အေးရော”
“လာမှာပေါ့ ဦးဘကျော်ရီးကဖြင့် မစိုက်ရသေးဘူး မျှော်တတ်ရန်ကော”
“ဟားဟား အေးအေး ပြော.. ပြော လာရင်း အကြောင်းလေး”
“ဒါက ဒီလို ဘောင်တွေက ဒီတိုင်း အလွတ်စိုက်မှာလား”
“အေးပေါ့ ဘယ်လိုစိုက်ရမှာတုန်းဟ၊ အေး မင်းပြောတဲ့ ပေါင်းမလိုက်ရတဲ့ နည်းဆိုတာ မေးမလို့”
“ကျုပ်ပြောမှာလည်း အဲ့အကြောင်းပဲ ဦးဘကျော်ရီးရေ”
“ဘောင်တွေကို ဒီအတိုင်း အပင်လေးတွေထည့်ပြီးတော့ အလွတ်စိုက်မဲ့အစား၊ ကျုပ်တို့ဆီမှာ ပေါပေါများများရတာတွေနဲ့ ဖုံးပြီးတော့ စိုက်လို့ရတယ်၊ အပင်စိုက်တာက စိုက်တာပဲ၊ ဘောင်တစ်ခုလုံးကိုကျတော့ ကောက်ရိုးတွေ ဖုံးစိုက်လည်းရတယ်၊ ဖက်ရွက်ခြောက်တွေ အုပ်ပြီးစိုက်လည်းရတယ်”
“ဟေ မင့်ဟာကလည်း”
“မင့်ဟာကလည်း မလုပ်နဲ့ အဲ့လိုစိုက်ရင်
ဘောင်မှာ ပေါင်းပေါက်တာနည်းတယ်။ တောမထတော့ဘူး။
နွေဆိုရင် ရေလောင်းရင် ရေအစိုဓာတ်ထိန်းပေးနိုင်တယ်ခင်ဗျာ။ မြေကြီးနဲ့ နေက တိုက်ရိုက်မထိတော့ အေးကောင်းတာပေါ့။
ပေါင်းနည်းတော့ တစ်နိုင်ရှင်းလို့ရသလို မြေသြဇာထည့်မယ်ဆိုရင်လည်း လုစားမဲ့ အပင်တွေ မရှိတော့ ပိုပြီးတော့ သန်တာပေါ့”

“ဘောင်အုပ်တာက (၂)မျိုးတော့ရှိတယ်။ ပလပ်စတစ်နဲ့အုပ်တာရယ် နောက်တစ်ခုက ကျုပ်ပြောတဲ့ သဘာဝပစ္စည်းတွေနဲ့အုပ်တာ”
“ပလပ်စတစ်က ပစ်စရာနေရာမရှိရင် ကွင်းထဲမှာ ပလူပျံနေမှာ၊ ကြာရင် မကောင်းဘူးဆိုတော့ သိပ်တော့ အားမပေးချင်ဘူး၊ ကောက်ရိုးလိုဟာတွေကျ ပေါများတယ်ဆို အလကား ရတာလေ၊ ပြီးတော့ တစ်ရာသီပြီးရင် သူတို့က မြေထဲရောက်သွား ပျောက်သွားပြီးတော့ မြေဆီတောင် တက်သေးတယ်”
“မင့်ဟာက ကြွက်မလိုက်ဘူးလား”
“ကောင်းတာချည်းပဲတော့မဟုတ် ဆိုးတာလေးတော့ နည်းနည်းပေါ့၊ အပင်နဲ့ကပ်သွားရင်လည်း အပင်လေးတွေ ခါးရိသေးတယ်၊ ကောင်းတာလေးတွေ ပိုများတော့လည်း သုံးကြတာပေါ့။ ကောင်းကောင်းခြောက်နေတဲ့ အရွက်တွေသုံးပေါ့၊ ဗေဒါဆိုလည်း ကောင်းကောင်းခြောက်သွားအောင် နေပြထားတဲ့ဟာမျိုး”
“သိသာတယ်နော် စိုက်ကြည့်စမ်းပါ”
“အေး တလင်းထဲက ကောက်ရိုးကတော့ ဘောင်ဖုံးပြီဟေ့၊ အေး ဘောင်က ဘယ်လောက် မြင့်ပြီး မင့်ဟာက ဘယ်လောက်ဖုံးရမှာလဲ”
“ကျုပ်ဟာတော့ မလုပ်ပါနဲ့ ကိုကျော်ကြီးရယ်၊
ဘောင်က ခုလို ခြောက်ခြောက်သွေ့သွေ့ဆိုရင် (၈) လက်မကနေ (၁၂) လက်မ၊ ရေဝပ်ရင် ၁ ပေ ကနေ ၁ ပေခွဲ
ဖုံးမယ်ဆိုရင် ၄ လက်မ ထုလောက် ဖုံးရမယ်။
အိုကေနော်”
“အိုကေပြီ အိုကေပြီ၊ လာ လှည်းပေါ်တက် ကောက်ရိုးသွားကောက်မယ်”
“ခင်ဗျား အဲ့လိုကြီးခေါ်မှတော့ ကျုပ်က ဘယ်တက်မတုန်း”
“ညနေ မောင်ပိုင်တဲ ခေါ်မယ်ကွာ”
“ကြိုက်ပြီလေ…… မောင်း မောင်း”
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အကြောင်းအရာ ပံ့ပိုးသူ
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။
အကြောင်းအရာ ပံ့ပိုးသူ အားလုံးဆက်စပ်မေးခွန်းများ
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရင်ကောင်းမလည်း
အောင်သန်းဦး • ဖြေကြားချက် 1 ခု
အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026