နေပြည်တော်တပ်ကုန်းဈေးရှိ ဟင်းသီးဟင်းရွက်များတွင် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲထား
နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းဈေးတွင် ရောင်းချနေသည့် ဟင်းသီး၊ ဟင်းရွက် အရောင်းဆိုင်များ ၃၀ ကျော်အား အောက်တိုဘာ ၁၃ ရက်နေ့က FDA မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲထားကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန မှ သိရှိရသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင်က “တပ်ကုန်းမှာ ဝင်စစ်လိုက်တော့ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲထားတာ တွေ့တယ်။ စိုက်တဲ့ တောင်သူက ဆေးဖြန်းတာ ဗဟုသုတ နည်းလို့ ဖြစ်တာ။” ဟု ဧရာဝတီသို့ ပြောသည်။
တပ်ကုန်းဈေး အတွင်းမှ ဟင်းသီးဟင်းရွက်များကို ဝယ်ယူပြီး ဓာတ်ခွဲစစ်ဆေးရာတွင် ပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲထားသည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး၊ ပဲဇောင်းလျားသီး၊ ရွှေပဲသီး၊ ဖရုံညွှန့်နှင့် မုန်ညှင်းရွက်များတွင် တွေ့ရှိခြင်း ဖြစ်သည်။
ဟင်းသီး၊ ဟင်းရွက် အများဆုံးစိုက်ပျိုးသည့် လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာ စိုက်ခင်းအထိ သွားရောက်၍ အောက်တိုဘာ ၁၃ ရက်နေ့က အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါက်တာ ထွန်းလင်းအောင်က “သူတို့ကိုလည်း အသိပညာပေးတယ်။ စိုက်ခင်းထဲကနေ ဈေးကွက်ထဲ ပို့မယ့် အသီးအရွက်တွေကို Mobile lab နဲ့ တခါတည်း စစ်တယ်။ တချို့ တောင်သူတွေ ကျတော့လည်း ဆေးဖြန်းပြီး ရက် ၂၀ နေမှ ဈေးကွက်ထဲ ပို့ရမယ်ဆိုတော့ ဆေးဖြန်းတဲ့ ရက်ကို မှတ်တမ်းမှတ်ရာ ထားတဲ့ တောင်သူမျိုးလည်း တွေ့ရတယ်။” ဟု စိုက်ခင်းအတွင်း သွားရောက်စစ်ဆေးမှု အခြေအနေကို ပြောကြားသည်။
ပိုးသတ်ဆေး အလွန်အကျွံ အသုံးပြုထားသည့် ဟင်းသီးဟင်းရွက်များအား စားသုံးမိပါက အော့အန်ခြင်း၊ မူးဝေခြင်း၊ ဝမ်းလျောခြင်း၊ အသက်ရှူကျပ်ခြင်း၊ တက်ခြင်းနှင့် ရေရှည် စားသုံးမိပါက ကင်ဆာ ရောဂါအထိ ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာထွန်းလင်းအောင်က ရှင်းပြသည်။
နေပြည်တော် အာဟာရ သုခဈေး ကုန်စိမ်းအရောင်းဆိုင်မှ ဒေါ်မြလင်းက “ ရောင်းလာတဲ့ သက်တမ်း မနည်းတော့ဘူး။ ဟင်းရွက်ဟင်းသီး လာစစ်တာ ဒီတခါပဲ ရှိသေးတယ်။ ကိုယ်စိုက်တာ မဟုတ်တော့ ပိုးသတ်ဆေး ဘယ်လောက်သုံးတယ် ဆိုတာတော့ မပြောတတ်ဘူးလေ။” ဟု ပြောသည်။
အာဟာရ သုခဈေးအတွင်း ရောင်းချနေသည့် ဟင်းသီး ဟင်းရွက် အမယ်ပေါင်း ၃၀ ကိုလည်း FDA အနေဖြင့် ရွေ့လျား စစ်ဆေးရေးယာဉ်ဖြင့် Mobile Lab ဖြင့် ဝင်ရောက်စစ်ဆေးရာ ဓာတ်ခွဲစစ်ဆေးပြီး အမယ် ထက်ဝက်ခန့်မှာ ပိုးသတ်ဆေး ကင်းစင်ကြောင်း၊ ကျန်ရှိနေသည့် ဟင်းသီးဟင်းရွက်များအား ဆက်လက်ဓာတ်ခွဲသွားမည် ဖြစ်ပြီး ရလာဒ် အဖြေများကို ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။
ကိုကား-ဧရာဝတီသတင်းဌာန
ဆက်စပ်မေးခွန်းများ
ဘာရောဂါကြတာလဲဗျ ဓာတ်မြေတောင်းတာလား ရောဂါကြတာလားသိရင်ပြောပြကြပါအုံးဗျ
naymyoaung • ဖြေကြားချက် 2 ခု
စပါးတစ်ပင်လုံးခြောက်ပြီးအောက်ကိုပျော့ပီးကျသွားပါတယ်အဲဒါရောဂါလားပိုးလားသိချင်ပါတယ်တစ်ခင်းလုံးအရွက်တွေခြောက်ကုန်တာပါ
Ko Myo Ko • ဖြေကြားချက် 1 ခု
စပါးရွက်ဖျားတွေခြောက်လာတာ အကွက်လိုက်သေကုန်တာကို ဘယ်လို ကာကွယ်ကုသလို့ရမလည်းခင်ဗျာ
kyaw swar lay • ဖြေကြားချက် 1 ခု
ဆရာခင်ဗျ အီမာမက်တင် ဘက်ဇိုရိတ် ၁၀% လန်ဒါဆိုဒ်ဟေသရင် ၁၅% အဲ့ AI နှစ်မျိုးအပြင် အခြား AI နဲ့ ဆေးအမည်လေးပြောပေးပါအူး ခရမ်းခေါင်းသီးလုံးဖောက်ပိုးနိုင်ချင်လို့ပါဆရာ အခု AI နှစ်မျိုးက ဆေးဖျန်းတာ ၃ ကြိမ်ရှိနေပီမို့ပါဆရာ
U Yan • ဖြေကြားချက် 5 ခု
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....