တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (ဇွန်လ)

31/05/2018 16:06 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (ဇွန်လ)

မိုးဦးကျပြီဟုဆိုရမည်။ မုန်တိုင်းအရှိန်ကြောင့် မိုးရသည့်ဒေသတွေရှိသည်။ သို့သော် ယခုနယုန်လ မကုန်သေး။ ရှေးက နယုန်မိုးသေးမြက်သားမွေးလို့ ဆိုစကားရှိသည်။ မိုးလှိုင်ဦးမည် မဟုတ်သည်ကို ညွှန်းဆိုခြင်းဖြစ်သည်။ မိုးနည်းပါး သည့် ဒေသများဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မှတ်တမ်းတွေအရ ဇွန်လတစ်လလုံးမှာမှ ၄ လက်မ အောက်သာ မိုးရွာတတ်သည်။ နေရာလိုက်၍ မိုးအနည်းအများတော့ ကွာခြားနိုင်သည်။

မိုးဦးသီးနှံများကို မြေချစိုက်ပျိုးနိုင်မည့်ကာလ ဖြစ်သဖြင့် လုံလောက်သည့် မြေအစိုဓာတ်ကိုရလျှင် လျင်လျင်မြန်မြန် ပြီးစီးအောင် စိုက်ပျိုးရန် လိုပါသည်။

မိုးဦးယာသီးနှံများ

ယာသီးနှံဆိုတာ အပင်ခြေရေဝပ်ဒဏ်မခံနိုင်သည့် သီးနှံများကို ရည်ညွှန်းခြင်းဖြစ်သည်။ စပါးလို လယ်ကွက်ထဲ ရေသို လှောင်စိုက်ပျိုးလို့မရပါ။ ကန်သင်းမရှိသော ယာမြေ(သို့မဟုတ်) ကုန်းမြေလို မြေမျိုးမှာစိုက်ပျိုးသည့် သီးနှံများကို ဆို လိုခြင်းဖြစ်သည်။ နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ဝါ၊ ငရုတ်-စသည့် သီးနှံများ၏အမည်ကို ခြုံငုံ၍ ယာသီးနှံများဟု သုံးနှုန်းခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။

အဆိုပါ ယာသီးနှံများစိုက်ပျိုးရာတွင် ဂရုပြုသင့်သည်များကို အသိပေးလိုသည်။ 

၁။ အပင်ပေါက် (၈၀) ရာခိုင်နှုန်း အထက်ရှိသည့် မျိုးသန့်ကို အသုံးပြုပါ။

၂။ ခြောက်သွေ့မှုဒဏ်(Water Stress) ခံနိုင်ပြီး အပင်ပေါက် သန်စွမ်းကောင်းမွန်သည့် (good seedling vigour) မျိုး ကိုအသုံးပြုပါ။

၃။ ရေမြေဒေသ ကိုက်ညီဖြစ်ထွန်း ဈေးကွက်ရှိသည့်မျိုးကို အသုံးပြုပါ။

၄။ အပင်ပေါက်ကောင်းနိုင်သည့် မြေအစိုဓါတ်ရရှိမှသာ စိုက်ပျိုးပါ။ 

ပေါက်လာသောအပင်များသည် မိုးဆက်လက်ရွာသွန်းခြင်း မပြုလျှင် သေကုန်နိုင်သဖြင့် အထူး ဂရုပြုစေလိုသည်။ အ ပင်ပေါက် ကောင်းမကောင်းနှင့် ပေါက်လာပါကလည်း အပင်များ၏ ကြံ့ခိုင်သန်စွမ်းမှုသည် မျိုးစေ့အပေါ်တွင်မူတည် သည်။ 

ဒေသအချို့တွင် မိုးရွာသွန်းမှုသည် ယာသီးနှံများစိုက်ပျိုး အောင်မြင်ရန် လိုအပ်သည့်ပုံမှန် မိုးရေချိန်ထက် လျော့နည်း နိုင်ပေရာ မိုးခေါင်ခံမျိုးဖြစ်ဖို့ လိုအပ်ပါသည်။

ဈေးကွက်အကြိုက် နှမ်းမျိုးသန့်ကိုစိုက်

စိုက်နေကျမျိုးသည် မျိုးသစ်မျိုးဆန်းထက် ဒေသရေမြေဖြစ်ထွန်းတာ သေချာသည်။ သို့သော် ဈေးကွက်မှာ မျိုးသန့်မျိုး စစ်ကိုမှ ကြိုက်သည်။ အထွက်ကောင်းရေးက အရေးတော့ကြီးသည်။ ဒေသဖြစ် ထွန်းပြီး ဈေးကွက်ရှိတာကို ဦးစား ပေးရန်လိုသည်။ ဒေသမဖြစ်ထွန်း၊ ဈေးကွက်မရှိလျင် အထွက်ကောင်း သော်လည်း အကျိုးအမြတ်ကနည်းနိုင်ပါသည်။ 

နှမ်းသီးနှံကို ဥပမာပြလိုသည်။ နှမ်းစေ့အရောင် အဖြူ၊ အနီ၊ အနက်မတူပါ။ ဈေးကွက်အကြိုက်မှာ တစ်နှစ်နှင့် တစ်နှစ် လည်းမတူပါ။ နှမ်းစေ့အရောင်ပေါ် မူတည်ပြီး ဈေးကောင်းရသည်။ စိုက်ပျိုးသည့်အခါ အနီမျိုး ဈေးကောင်းရသည့်နှစ် တွင် အနီမျိုးကို ဦးစားပေး စိုက်ပျိုးသည်။ အနက်က ဈေးကောင်းလျှင် အနက်မျိုး၊ အဖြူကဈေးကောင်းရလျှင် အဖြူ မျိုးကို ပို၍စိုက်လိုသည့် ဆန္ဒရှိကြောင်း သိရသည်။ မည်သည့်နှမ်းမျိုးကိုပဲစိုက်စိုက်၊ မျိုးသန့်သည့်နှမ်းနီစစ်စစ်၊ နှမ်းနက် စစ်စစ်၊ နှမ်းဖြူစစ်စစ်ကို စိုက်ပျိုးဖို့ လိုကြောင်း အသိပေးလိုပါသည်။

ရေငတ်ခံမြေပဲမျိုး အောင်မြင်အောင်စိုက်ပျိုး

မိုးခေါင်သော်လည်း စိုက်ပျိုးသည့်သီးနှံ အောင်မြင်ဖို့လိုသည်။ မိုးမြေပဲနှင့်ပတ်သက်၍ မျိုးရွေးချယ်ရေး အကြံပေးလို သည်။ ရာသီဥတုဖေါက်ပြန်နေသော ယနေ့အခြေအနေတွင် ရေငတ်ခံနိုင်သည့်မျိုး ဖြစ်သင့်သည်။ ဆင်းပဒေသာ - ၆ နှင့် မကွေး - ၁၁ မြေပဲမျိုးတို့သည် စံထားရသော ရေငတ်ခံမြေပဲမျိုးများဖြစ်ကြောင်း ကြားသိရသည်။ ဒေသအတွေ့အကြုံ အရ ရေငတ်ခံသည့်မျိုးကို စိုက်ပျိုးစေလိုပါသည်။

မြေပဲတွင် ဖိုးလမင်းပိုးကောင် ကျရောက်ဖျက်ဆီးတတ်သည်။ ယခင်နှစ်က ကျရောက်ဖူးသော စိုက်ခင်းများတွင် ပိုလို့သ တိထားရမည်။ မြေပဲမျိုးစေ့ကို သင့်တော်ရာ ပိုးသတ်ဆေးရည်တွင် ရောမွှေခြင်း၊ စိုက်မြောင်းထဲသို့ သင့်တော်ရာ ပိုး သတ်ဆေးထည့်ပေးခြင်းတို့ ပြုလုပ်ဖို့လိုအပ်ပါသည်။

မြေပဲသီးနှံစိုက်ပျိုးရာတွင် မျိုးစေ့ကို ပဲမြစ်ဖုမြေသြဇာနှင့် လူးနယ်စိုက်ပျိုးစေလိုသည်။ မြေပဲပင် အတွက် နိုက်ထရိုဂျင် အာဟာရဓာတ် ရရှိစေဖို့ဖြစ်သည်။ ဈေးနှုန်းမြင့်မားသော ယူရီးယားဓာတ်မြေသြဇာကို ဝယ်ယူသုံးစွဲရန် မလိုသဖြင့် အ ရင်းအနှီး လျော့နည်းစေသည်။ ကုန်ကျစရိတ်နည်းနည်းဖြင့် မြေပဲပင်အတွက် အကျိုးရလဒ်ကောင်းကို ရရှိစေပါသည်။

ပဲစင်းငုံအခြေခံ သီးညှပ်သီးနှံပုံစံ

ပဲစင်းငုံကတော့ သီးနှံသဘာဝကိုယ်က မိုးခေါင်သီးနှံဖြစ်သည်။ အသက်ကြီးသည်။ အပင်ငယ်စဉ် ကြီးထွားမှုနှေးသည်။ အစောပိုင်းကာလ အချိန်နှင့် နေရာကို အကျိုးရှိအောင် အသုံးချသောအားဖြင့် အခြားသီးနှံတစ်မျိုးမျိုးနှင့် သီးညှပ်စိုက် သင့်ပါသည်။ ပဲစင်းငုံ + နှမ်းလျင် (သို့မဟုတ်) ပဲစင်းငုံ+ ပဲတီစိမ်း (သို့မဟုတ်) သင့်တော်ရာသီးနှံ တစ်မျိုးမျိုးနှင့် သီးညှပ်ပုံစံ ချမှတ်စိုက်ပျိုးစေလိုပါသည်။

မြေဆီလွှာဖွံ့ဖြိုးရန် ပဲပုပ်သီးနှံ

ရှမ်းပြည်နယ်ကဲ့သို့ ကုန်းမြင့်ဒေသများတွင် စပါးကိုဝမ်းစာရဖို့ စိုက်ပျိုးသည်။ ပဲပုပ်သီးနှံကလည်း ဒေသအကြိုက်ဖြစ် သည်။ ယေဘုယျအားဖြင့် ကုန်းမြင့်ဒေသတွေမှာ မြေဆီလွှာညံ့ဖျင်းကြသည်။ သီးနှံအထွက်မြင့်မားဖို့လိုသည်။ ရေရှည် လည်း မြေဆီလွှာဖွံ့ဖြိုးဖို့လိုသည်။ ပဲပုပ်ကပြန်လည်ဖြည့်ဆည်း ပေးနိုင်သည်။

ယာစပါးနှင့်ပဲပုပ်ကို သီးညှပ်စိုက်ပျိုးဖို့ ပြောလိုသည်။ တစ်သီးစိုက်သည်ထက် နှစ်သီးက ဝင်ငွေပိုမည်။ ဒေသစားသုံးမှု အတွက် ဝမ်းစာစပါးရော၊ ပဲပုပ်ပါဖူလုံစေမည်။ တောင်သူတွေကျင့်သုံးမှုတော့ နည်းသေးသည်။ နည်းလမ်းကောင်းမို့ ကုန်းမြင့်ယာစပါး + ပဲပုပ် သီးညှပ်စိုက်ဖို့ ပြောခြင်းဖြစ်သည်။ ယာစပါးကယူသည့် မြေဆီသြဇာကို ပဲပုပ်က ဖြည့်ဆည်း ပေးခြင်းဖြင့် ရေရှည်မြေဆီလွှာထိန်းသိမ်းဖွံ့ဖြိုး စေသည့်နည်းလမ်းဟု ဆိုနိုင်ပါသည်။

မိုးဦးသီးနှံ အလျင်အမြန်

မိုးဦးသီးနှံများ စိုက်ပျိုးရာတွင် သီးနှံအလိုက်လိုအပ်သည့် မြေအစိုဓာတ်ရအောင် မိုးရွာသွန်းသည်နှင့် မြန်မြန်ဆန်ဆန် ထွန်ရေးပြုပြင် စိုက်ပျိုးစေလိုသည်။‘ယာမှာအသုတ် လယ်မှာအပုပ်’ လို့ရှေးကအဆိုရှိသည်။ လယ်ဆိုတာ လယ်စပါး ကိုရည်ညွှန်းသည်။ တမန်းညက်ရုံမက ‘ပုပ်’ ဆိုတာ မြေပေါ်ရှိ ယခင်သီးနှံရိုးပြတ်၊ အပင်အကြွင်းအကျန်နှင့် ပေါင်း မြက်တွေ မြေမှာဆွေးမြေ့အောင် အချိန်ယူ ထွန်ယက်ဖို့ ပြောခြင်းဖြစ်သည်။ ယာကတော့ ယာသီးနှံတွေကို ညွှန်းတာဖြစ် သည်။ အထူးသဖြင့် မိုးဦးကျသီးနှံတွေကို ပြောခြင်းဖြစ်သည်။ အခု ပိုလို့သတိထား လိုက်နာသင့်ပါသည်။

သီးနှံစိုက်ပျိုးခြင်းသည် ရာသီနှင့် ကိုက်ညီအောင်စိုက်ပျိုးမှသာ သီးနှံအထွက်သေချာသည်။ ရာသီဥတုကြောင့် စိုက်ချိန် နောက်ကျနိုင်သလို ထွန်တာယက်တာ အချိန်ယူလွန်းနေလို့ ကိုယ့်ကြောင့်လည်း နောက်ကျနိုင်သည်။ ဒါ့ကြောင့် ခပ် သုတ်သုတ်မြန်မြန်စိုက်ရန် ယာမှာအသုတ်ဟု အမှာစကားထားခဲ့ခြင်း ဖြစ်နိုင်သည်။ နှမ်းကပိုဆိုးသည်။ နောက်မကျစေ သင့်ပါ။ မိုးရွာသည်နှင့် အမြန်ထွန်ယက် စိုက်ပျိုးပါလို့ တိုက်တွန်းနှိုးဆော်လိုပါသည်။

 

ဆင်းသီဟ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်