ကောက်ရိုးမှို သမရိုးကျမြေပြင်စိုက်ပျိုးခြင်းနှင့် ဆောင်းရာသီပြဿနာ

03/01/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ နေ့ည အပူချိန်ကွာဟခြင်း။

၂။ စိုက်သက် ၅ ရက်အတွင်း မှိုဘောင်မျက်နှာပြင်တွင် မှိုမျှင်များ ထင်ရှားစွာ မမြင်တွေ့နိုင်ခြင်းကို စိုးရွံ့ကြခြင်း။

၃။ မှိုသန္ဓေများ ရိပုပ်ခြင်း။

၄။ မှိုဘောင်၏ အလျားလိုက် မျက်နှာပြင် ဘေးနှုတ်ခမ်းနေရာများတွင် မှိုနေရာယူဖြစ်တည်မှုနည်း၍ အလယ်အူကြောတွင် ဖြစ်ထွန်းမှုများခြင်း။

၅။ ကြီးထွားနှုန်း နှောင့်နှေးခြင်း။

အထက်ပါ ပြဿနာများကို ဖြေရှင်းဖို့ မိမိတို့အသုံးပြုသော ကုန်ကြမ်းများသည် မှိုဘောင်သက်တမ်းတလျှောက် ထိုက်သင့်သောအပူနှင့် အာဟာရရှိနိုင်ဖို့ ရွေးချယ်ရပါမည်။

အထူးသဖြင့် ယခု ဆောင်းရာသီတွင် ဗေဒါအသုံးပြုခြင်းထက် ကြက်ချေး၊ နွားချေးကို အဓိကထား အသုံးပြုပေးပါ။ ကြက်ချေး၊ နွားချေး အခက်အခဲရှိလျှင် စပါးခွံကို အီးအမ်ဖြန်း၍ အောက်ခံကြမ်းခင်းတွင် အသုံးပြုပေးပါ။

မှိုမျှင်ဆင်းအားကောင်းစေရန် မှိုမျိုးတွင် ဖြည့်စွက်စာ မဖြစ်မနေထပ်ပေါင်းပေးပါ။ စိုက်သက် ၅ ရက်အတွင်း လေ၊ နေ၊ အလင်းရောင် လုံခြုံမှုရှိအောင် ဖန်တီးပေးပါ။

စိုက်ဘောင်၏ ပတ်ဝန်းကျင်အခြေအနေကို စေ့ငုံသုံးသပ်၍ မှိုဘောင်ခေါင်၏ အမြင့်ကို ချိန်ဆပေးပါ။ အတတ်နိုင်ဆုံး နေပူကွင်းပြင်တွင် စိုက်ပျိုးပါ။ မှိုဘောင်အတွက် အသုံးပြုသော ဂျပ်စက္ကူကို ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းတိုး၍ အသုံးပြုပြီး မှိုကျင်းမျက်နှာပြင်အပြည့် ဖြန့်ခင်းပါ။ ပုံမှန်လေသွင်း လေထုတ်ပြုလုပ်ခြင်းကို နံနက် ၁၀ နာရီနှင့် ညနေခင်း ၄ နာရီအတွင်း အများဆုံး () ကြိမ် ၅ မိနစ်ခန့်သာ အချိန်ပေး၍ မမေ့မလျော့ လုံခြုံစွာ ပြန်အုပ်ပါ။

စိုက်ပျိုးသမျှ ဖြစ်ထွန်း၍ သင့်တင့်သောအကျိုးအမြတ် ရရှိကြပါစေ။

5.12.2017

Source - Aung Min (ကောက်ရိုးစိုက်ကြမလားမိတ်ဆွေ)

 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်