ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဉီးစီးဌာန
ဥယျာဉ်ခြံဟင်းသီး၊ ဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ
စိုက်ပျိုးရေးဦးစီးဌာန၊ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကို ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ တောင်သူများ/ပုဂ္ဂလိက လုပ်ငန်းရှင်းများအား တက်ရောက်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
သင်တန်းဖွင့်လှစ်မည့်နေရာ - ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း၊ ထုံးဘို၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
သင်တန်းဖွင့်လှစ်မည့်ရက် - ဇန်နဝါရီလ (၁၆-၁-၂-၁၈) မှ (၁၈-၁-၂၀၁၈) ထိ
ဖေဖော်ဝါရီလ (၁၄-၂-၂၀၁၈) မှ (၁၆-၂-၂၀၁၈) ထိ
မတ္လ (၂၈-၃-၂၀၁၈) မွ (၃၀-၃-၂၀၁၈) ထိ
ဆက်သွယ်ရန် - ဖုန်း-၀၉၅၃၂၂၅၄၅၊ ၀၉၄၃၀၆၀၆၉၂၊ ၀၉၃၃၈၅၀၅၉၄၊ ၀၉၉၆၅၂၄၅၀၉၆၊ ၀၉၈၉၆၅၀၃၈၆၉
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မုန်လာဥနီအစေ့ချပြီးပေါင်းသတ်ဆေး ပတ်လို့ရမရသိချင်ပါတယ်
ထက်သူ • ဖြေကြားချက် 0 ခု
ခရမ်းလျဉ်အသီးပုတ်နေလို့ပါ ပုံပါဆေးကိုဒီနေ့မနက်ဖျန်းလိုက်ပါတယ် တကယ်လို့ အသီးပုတ်တာမသက်သာဘူးဆိုင် တခြားဆေးလေးပြောင်းညွန်းပေးပါအုံးဗျ လွန်ခဲ့တဲ့ လေးရက်လောက် စောပင်နာကျနှင့်ပက်တီးရီးယားအစက်အပြောက်ရောဂါကျနေလို့ ကော့ပါးနှင့် ကာဆူကာမိုင်စင်အတွဲဗျန်းထားပါတယ်
Shine Htet Aung • ဖြေကြားချက် 0 ခု
အစိမ်းရောင်လမ်း Appသုံးစွဲရတာအဆင်ပြေကြလားခင်ဗျာ၊ ကျွန်တော်ကတော့ Appဖျက်လိုက်၊ အကောင့်ပြန်ဝင်ပြီးသုံးလိုက်ရဖြစ်နေပါတယ်၊Appထဲတခါဝင်ဖို့ ဖျက်လိုက် အကောင့်ပြန်ဝင်လိုက်ပြုလုပ်နေရပါတယ်ခင်ဗျာ
သော်ဇင် • ဖြေကြားချက် 1 ခု
တမာ ပိုးသတ်ဆေး ဖြန်းပြီး လေးရက်လောက်မှာ potassium humic ရယ် ငါးအမိုင်နိုရယ် LABရယ် ရောဖြန်းလို့ ရလား သိချင်ပါတယ်ခင်မျ တကယ်လို့ ရရင် ဆေးဖြန်းပုံးတစ်ပုံးကို LAB ပမာဏ ဘယ်လောက် ငါးအမိုင်နို ဘယ်လောက်ထည့်သင့်ပါလဲ မတ်ပဲ 27ရက်သား ရှိပါပြီ (ငါးအမိုင်နိုရော LAB ပါ ကိုယ်တိုင်လုပ်ပါ အနည်အနှစ်နဲနဲပါပါတယ်)
Thiha • ဖြေကြားချက် 1 ခု
အခုလာမယ့်ဆောင်းစပါးမှာ ရက်ကိုးဆယ် ထည့်ချင်တယ် နဲနဲ နောက်ကျမှာ ဖစ်တဲ့အတွက် ကြက်သန်းပိုးကျတယ် အဲ့တာ ဘာဆေးဖျန်းရမလဲ ထိသေစားသေအမျိုးအစားကကောင်းမလား ပင်လုံးပြန့်အာနိသင်ရှိတဲ့ဆေးက ကောင်းမလားပြောပြပေးပါ ဆေးနာမည်လည်းပြောပြပေးပါ ပြီးတော့ အစိချပြီးရင် ပေါင်းမြက်မျိုးစုံလိုက်တယ် အဲ့အတွက် စပါးအပင်မြေကြီးကထွက်ကာစ လေးရက်သား ငါးရက်သားမှာ ဖျန်းတဲ့ဆေးရှိရင် ဆေးနာမည်နဲ့တကွ ဖော်ပြပေးပါ ပြီးတော့ တစ်ဧကကို ဘယ်နှစ်တင်းနှုန်း ကြဲပက်ရမလဲ ရယ် ပုလဲ ပိုတက်ရှ် အနက်စေ့ အသီးအားဆေး တွေကို ဘယ်နှစ်ရက်သားမှာ စပက်ပြီး ဘာကိုဘယ်လောက် ဘယ်အချိန်သုံးရမလဲ ညွှန်ပြပေးပါ ပိုတက်ရှ်က တခါးမှ မသုံးဘူး ပါဘူး
ming thein • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုးသုတ နိုဝင်ဘာလ
02/11/2026
ကမ္ဘာကြီး ပူလာချိန် အပင်တွေ ဘယ်လို ညှိယူနေကြလဲနဲ့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ
30/10/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)
30/10/2026
မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်
29/10/2026
ဗီဒီယို
ပြောင်းမျိုးကောင်းမကောင်း ဘာတွေကြည့်လဲ?
29/10/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020