အီးအမ်အသုံးပြုရာတွင် သတိပြုရမည့်အချက် (၁၀) ချက်

31/08/2021 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

    အီးအမ်ဆိုတာကို တောင်သူအများစုကတော့ သိနေကြပြီးဖြစ်ပါတယ်။ ထပ်ပြောရရင် အီးအမ်ဆိုတာကတော့ အကျိုးပြု အဏုဇီဝသက်ရှိလေးတွေပါဝင်တဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပြီး သီးနှံပင်တွေကိုကြီးထွားစေခြင်း၊ ပိုးရောဂါနဲ့ ရာသီဥတုဒဏ်ကို အသင့်တင့် ခံနိုင်ရည်ရှိခြင်း၊ အထွက်နှုန်းကောင်းစေခြင်း၊ သီးနှံအရည်သွေးကောင်းစေခြင်းတို့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုပါ လျော့နည်းစေတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲမှာဆိုရင်လည်း အီးအမ်ဖျော်ရည်ကိုအသုံးပြုပြီး သဘာဝမြေသြဇာပြုလုပ်တဲ့နည်း၊ သဘာဝပိုးသတ်ဆေး၊ မြေဆွေးပုံပြုလုပ်နည်းခရုအမိုင်နိုအက်ဆစ်ပြုလုပ်နည်း စသည်ဖြင့် နည်းပညာများစွာကို မျှဝေပြီးသားဖြစ်တာကြောင့် အီးအမ်ဖျော်ရည်အသုံးပြုတဲ့အခါမှာ လေလွင့်ဆုံးရှုံးမှုနည်းနည်းနဲ့ အကျိုးရှိရှိအသုံးပြုနိုင်ရန်အတွက် သတိပြုရမယ့်အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 

၁။ အီးအမ်ဆိုတာဟာ ဖျော်ရည်သက်သက်မဟုတ်ဘဲ သက်ရှိလေးတွေပါဝင်နေတာဖြစ်လို့ အသုံးမပြုခင် သိမ်းဆည်းထားမယ်ဆိုရင် အလင်းရောင်တိုက်ရိုက်မကျဘဲ အေးမြခြောက်သွေ့တဲ့နေရာမျိုး (အေး/ မှောင်/ ခြောက်) မှာ သိမ်းရပါမယ်။

၂။ ငြိမ်သက်နေတဲ့ အဏုဇီဝသက်ရှိလေးတွေဟာ လေ၊ အပူ၊ အလင်းရောင် စတာတွေနဲ့ ထိတွေ့တဲ့အခါ စတင်လှုပ်ရှားလာပြီး အချင်းချင်းပေါင်းစပ်ဖွဲ့စည်းမှုကြောင့် အီးအမ်ရဲ့အာနိသင်ဟာ လျော့နည်းသွား၊ ပျက်ပြယ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေရာကနေ သယ်ယူတဲ့ အခါမှာလည်း စနစ်တကျသယ်ယူဖို့လိုအပ်ပါတယ်။

၃။ အီးအမ်အသုံးပြုခြင်းဟာ သက်ရှိလေးတွေကို အသုံးပြုရတာဖြစ်လို့ စပြီးအသုံးပြုမယ်ဆိုရင် သိနားလည်တဲ့ပညာရှင်တွေကို မေးမြန်းပြီး ညွှန်ကြားချက်တွေအတိုင်း စနစ်တကျအသုံးပြုဖို့ လိုအပ်ပါတယ်။ 

၄။ အီးအမ်ဟာ အကျိုးပြုအဏုဇီဝသက်ရှိဖျော်ရည်ဖြစ်တာကြောင့် ဓာတုမြေသြဇာတွေလို၊ ဓာတုပိုးသတ်ဆေးတွေလို အာနိသင်ချက်ချင်းပြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းဖို့ အသုံးပြုချင်ရင်တော့ ကြိုတင်ပက်ဖျန်းထားဖို့ လိုအပ်ပါမယ်။ ပိုးရောဂါကျရောက်မှ အသုံးပြုမယ်ဆိုရင်တော့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ 

၅။ အီးအမ်ဖျော်ရည်ကို နေမပူတဲ့အချိန်မှာ အသုံးပြုသင့်ပါတယ်။ မနက်အစော၊ ညနေပိုင်းနဲ့ မိုးအုံ့တဲ့အချိန်မျိုးတွေမှာဖျန်းတာ ပိုပြီးထိရောက်ပါတယ်။ 

၆။ အီးအမ်ဖျော်ရည်ဖျန်းပြီးပါက စိုက်ခင်းထဲမှရေကို တစ်ပတ်ခန့်ကြာသည်အထိ မထုတ်ရန် သတိပြုပါ။ 

၇။ အီးအမ်ဖျော်ရည်အသုံးပြုရန် ရောစပ်သောရေမှာ သန့်ရှင်းတဲ့ရေဖြစ်ရန် လိုအပ်ပါတယ်။ ပူနေတဲ့ရေ၊ မသန့်ရှင်းတဲ့ရေများကို အသုံးမပြုသင့်ပါ။ 

၈။ အီးအမ်ဖျော်ရည်တွင် ပင်မအီးအမ်၊ အီးအမ်အပြင်း၊ အသင့်သုံးအီးအမ် စသည်ဖြင့်ရှိရာ အသင့်သုံးအီးအမ်သည် စိုက်ခင်းတွင် တိုက်ရိုက်သုံးနိုင်သော အီးအမ်ဖြစ်ပြီး ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ၇ ရက်မှ ၁၅ ရက်အထိ တာရှည်ခံနိုင်တာကြောင့် အသင့်သုံးအီးအမ်ဖျော်စပ်ပြီးပါက ၁ ပတ်အတွင်း အသုံးပြုနိုင်လျှင် အာနိသင်ပိုထိရောက်ပါတယ်။ အသင့်သုံးအီးအမ်ကို ရေနှင့်ရောစပ်ပြီးပါက ၂၄ နာရီအတွင်း ကုန်အောင်အသုံးပြုသင့်ပါတယ်။ 

၉။ စိုက်ခင်းများတွင် မှိုသတ်ဆေးဖျန်းထားပါက ၁ ပတ်ကြာပြီးမှသာ အီးအမ်ဖျန်းသင့်ပါတယ်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဖျန်းထားပါက အချိန်ခြားပြီးမှ အီးအမ်ကို သုံးသင့်ပါတယ်။ 

၁၀။ အိမ်မှာသိမ်းဆည်းထားတဲ့ အီးအမ်ဖျော်ရည်ဟာ အချဥ်နံ့မဟုတ်ဘဲ အပုပ်နံ့ရနေပါက အသုံးမပြုသင့်ပါ။ အီးအမ်ဖျော်ရည်ဟာ ဝါညိုရောင်ရှိနေမှသာ အသုံးပြုရန်သင့်တော်ပါတယ်။  

ကိုးကားချက် 

- အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာ - ပါမောက္ခဒေါက်တာမြင့်လွင် 

- www.emvereniging.nl


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်