မွေးမြူရေး ဆိုင်ရာ နည်းပညာ ရယူရန် အသိပေး ဖိတ်ခေါ်ခြင်း

04/01/2017 10:41 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ တိရိစ္ဆာန် မွေးမြူ ထုတ်လုပ်ရေးသည် ကျေးလက်နေ ပြည်သူများ၏ လူမှု စီးပွား ဘဝကို မြှင့်တင်ပေးနိုင်သည့် ကဏ္ဍတစ်ခုဖြစ်သည်နှင့် အညီ တိရစ္ဆာန် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျန်းမာ သန့်ရှင်းပြီး အာဟာရ ပြည့်ဝသည့် မွေးမြူရေး ထုတ်ကုန် ပစ္စည်းများ ပိုမို ထုတ်လုပ်နိုင်စေရန် ရည်ရွယ်လျက် မွေးမြူရေး ပညာ သင်တန်းများကို ၂၀၁၇ ခုနစ် ဖေဖော်ဝါရီလမှ စ၍ စဉ်ဆက်မပြတ် ဖွင့်လှစ် သွားမည် ဖြစ်ပါသဖြင့် မွေးမြူရေး ဆိုင်ရာ လုပ်ငန်းများ စီးပွားဖြစ် စနစ်တကျ လုပ်ကိုင်လိုသူများအား သင်တန်းများ တက်ရောက်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။ အဆိုပါ သင်တန်းများတွင် အောက်ပါ နည်းပညာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

(က) စီးပွားဖြစ် တိုင်းရင်းကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ ပျားနှင့် နို့စားနွား မွေးမြူရေး ဆိုင်ရာ နည်းစနစ်များ

(ခ) အာဟာရ ဗေဒနှင့် အစာကျွေးမှု ဆိုင်ရာ နည်းပညာများ

(ဂ) ဖြစ်ပွားတတ်သည့် ရောဂါများနှင့် အရေးပေါ် ကုသခြင်းများ

(ဃ) ရောဂါ ကြိုတင် ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ နည်းစနစ်များ

(င) ဇီဝ လုံခြုံမှု ဆိုင်ရာ နည်းပညာများ

(စ) သားစပ်မှုဆိုင်ရာ နည်းပညာများ (သဘာဝ၊ မေထုန်မဲ့)

၃။ သင်တန်း တက်ရောက်လိုသူများ အနေဖြင့် အသေးစိတ် သိရှိလိုပါက နီးစပ်ရာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူးရုံးများနှင့် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဌာနခွဲ၊ နေပြည်တော်။

ဖုန်း ၀၆၇-၄၀၈၀၂၀ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည်။

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန

Source: MOALI 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်