၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ (၁၀) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။

10/02/2019 06:23 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျန်းမာတော်မူကြပါစခင်ဗျာ။

၉-၂-၂၀၁၉၊ ည(၁၁:၄၅)နာရီ။

၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ (၁၀) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်ခြေ။ မရှိသေးပါ။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၉-၂-၂၀၁၉)ရက် နံနက် (၀၉ း ၀၀) နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင် လယ် အော် မှာ တိမ် အနည်းငယ် ဖြစ်ထွန်း နေပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွေ မှာ တိမ် အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ် ထွန်း နေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအနည်း ငယ်သာ ရှိပါမယ်။မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်း အမြင့် (၁) ပေခန့် မှ (၂)ပေ ခန့် ရှိနိုင်ပါတယ်။

ညအပူချိန်များအခြေအနေ။ 

ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) နှင့် မကွေးတိုင်း ဒေသကြီး တို့မှာ 7°C မှ 15°C ခန့်၊ ကျန်ဒေသတွေ မှာ 16°C မှ 22°C အထိရှိ နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊ 

တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း အလွန်မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု အခြေအနေ။ 

ကချင်ပြည်နယ် နဲ့တနင်္သာရီတိုင်းတို့တွင် မိုးတိမ်တောင်ဖြစ်နိုင်သည်မှအပ၊ တနိုင်ငံလုံးတွင် မိုးတိမ်တောင်များ ကင်းစင်နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။

ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး၊ မွန်ပြည်နယ်၊ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် တိမ်အနည်းငယ် မှ တိမ်အသင့် အတင့် ဖြစ်ထွန်း နိုင်ပြီး၊ ကျန်ဒေသတွေမှာ သာယာ နိုင်ပါ တယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါတယ်။

 

သတင်းရင်းမြစ် - ဒေါက်တာထွန်းလွင်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်