အရောင်အသွေးစုံလင်ပြီး လှပတဲ့ ဒေါင်းဖန်ဝါပန်း

20/10/2021 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Zinnia

ရုက္ခဗေဒအမည် - Zinnia elegans 

    အရောင်အသွေးစုံလင်တဲ့ ဒေါင်းဖန်ဝါပန်းတွေဟာဆိုရင် စိုက်ပျိုးပြုစုရတာလွယ်ကူသလို ကြီးထွားမှုမြန်ဆန်ပြီး စိုက်ပျိုးတဲ့သူအတွက်လည်း အချိန်တိုတွင်းမှာ လှပတဲ့ ပန်းပွင့်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒေါင်းဖန်ဝါပန်းဟာ တစ်ရာသီခံပင်ဖြစ်ပါတယ်။ ဒေါင်းဖန်ဝါပန်းရဲ့ ပန်းပွင့်တွေဟာဆိုရင် တောက်ပပြီး ၎င်းတို့ရဲ့ ထောင်မတ်နေတဲ့  ပင်စည်ရိုးတံပေါ်မှာ တစ်ပွင့်တည်း ပွင့်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါင်းဖန်ဝါပန်းတွေဟာ အလှဆင်တဲ့နေရာမျိုးမှာ အသုံးပြုဖို့အတွက် သင့်တော်တဲ့ ပန်းအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ မူရင်းဒေသကတော့ မက္ကဆီကို နိုင်ငံပဲ ဖြစ်ပါတယ်။ 

ဒေါင်းဖန်ဝါပန်း အမျိုးအစားများ  

ဒေါင်းဖန်ဝါပန်း မှာဆိုရင် အဓိကအားဖြင့် အမျိုးအစား ၃ မျိုးရှိပါတယ်။ 

၁။ Single-flowered  

ပွင့်ချပ် တစ်တန်းတည်းပါရှိပြီး ပန်းပွင့်ရဲ့ အလယ်ဗဟိုကို မြင်ရသော အမျိုးအစား 

၂။ Double-flowered 

ပွင့်ချပ် အတန်းများစွာပါရှိပြီး ပန်းပွင့်ရဲ့ အလယ်ဗဟိုကို မမြင်ရသော အမျိုးအစား 

၃။ Semidouble-flowered 

ပွင့်ချပ် အတန်းများစွာပါရှိပြီး ပန်းပွင့်ရဲ့ အလယ်ဗဟိုကို မြင်ရသော အမျိုးအစား 

    အထက်ဖော်ပြပါအတိုင်း ခွဲခြားကြသလို ၎င်းတို့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့လည်း ခွဲခြားကြပါသေးတယ်။ အပင်ပုမျိုးနဲ့ အပင်မြင့်မျိုးဆိုပြီးတော့လည်း ခွဲခြားကြပါတယ်။ 

စိုက်ပျိုးရန် နေရာရွေးချယ်ခြင်း 

     စိုက်ပျိုးဖို့ နေရာရွေးချယ်တဲ့အခါ နေရောင်အပြည့်အဝရရှိမယ့်နေရာကို ရွေးချယ်သင့်ပါတယ်။ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ရွေးချယ်စိုက်ပျိုးခြင်းဟာ အရွက်မှာကျရောက်နိုင်တဲ့ ဖားဥမှိုလိုရောဂါမျိုးတွေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒေါင်းဖန်ဝါပန်းကို မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပါတယ်။ ဒါပေမယ့် မြေဆီကြွယ်ဝပြီး ရေဆင်းကောင်းတဲ့မြေမှာ စိုက်ပျိုးရင် ပိုသင့်တော်ပါတယ်။ စိုက်ပျိုးမယ့်နေရာရွေးချယ်ပြီးရင်တော့ နွားချေးနဲ့ သဘာဝမြေဩဇာတို့ကို ထည့်သွင်းပြီး ထယ်ထိုးထွန်မွှေထားမယ်ဆိုရင် ပိုသင့်တော်ပါတယ်။ မိုးများတဲ့ဒေသတွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ စိုက်ပေါင်များပြုလုပ်ပြီး စိုက်ပျိုးသင့်ပါတယ်။ မြေချဉ်/ငံကိန်း ၅.၅ ကနေ ၇.၅ အတွင်းမှာ ရှင်သန်ဖြစ်ထွန်းပါတယ်။ မိမိစိုက်ပျိုးတဲ့မြေဟာ မြေဆီဩဇာ ကြွယ်ဝနေမယ်ဆိုရင်တော့ ပန်းတွေ မြန်မြန်ပွင့်လာမှာ ဖြစ်ပါတယ်။ 

စိုက်ပျိုးခြင်း 

     ဒေါင်းဖန်ဝါပန်းပင်တွေကို စိုက်ပျိုးရာမှာ အစေ့ကနေ တိုက်ရိုက်စိုက်ပျိုးတာကို ပိုပြီးအားပေးပါတယ်။ ပျိုးထောင်ပြီး စိုက်ပျိုးလို့ရပေမယ့် ဒေါင်းဖန်ဝါပန်းတွေဟာ ရွှေ့ပြောင်းစိုက်ပျိုးတာကို ကြိုက်နှစ်သက်မှု မရှိပါဘူး။ အကယ်၍ ပျိုးထောင်ပြီးမှ ရွှေ့ပြောင်းစိုက်ပျိုးမယ်ဆိုရင်တော့ သေချာစွာ ဂရုစိုက်ပေးဖို့ လိုအပ်ပါမယ်။ သင့်တင့်တဲ့ ပတ်ဝန်းကျင်အခြေအနေမျိုးမှာ အစေ့ကနေစိုက်ပျိုးမယ်ဆိုရင် လျင်လျင်မြန်မြန် ကြီးထွားလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒေါင်းဖန်ဝါပန်းဟာဆိုရင် အပူချိန် ၁၆ မှ ၂၈ ဒီဂရီ စင်တီဂရိတ်အတွင်းမှာ အကောင်းဆုံး ရှင်သန်ကြီးထွားနိုင်ပါတယ်။ မိမိစိုက်ပျိုးမယ့် မျိုးအပေါ်မူတည်ပြီး ပင်ကြား ၄ လက်မကနေ ၂၄ လက်မအထိ ထားရှိနိုင်ပါတယ်။ အများစုကတော့ ပင်ကြား ၆ လက်နဲ့ တန်းကြား ၂ ပေ အထိ ထားလေ့ရှိပါတယ်။ အစေ့ချစိုက်မယ်ဆိုရင် အနက်အားဖြင့် ၁ လက်မရဲ့ ၄ ပုံ ၁ ပုံလောက်သာထားပြီး စိုက်သင့်ပါတယ်။ ဒေါင်းဖန်ဝါပန်းပင်ရဲ့ မျိုးအများစုကတော့ ၄ ရက်ကနေ ၇ ရက်လောက်ကြာတဲ့အခါမှာ အပင်ပေါက်ပါတယ်။  

ပြုစုစောင့်ရှောက်ခြင်း 

    အပင်ကြီးထွားသန်မာစေရန်နဲ့ ပန်းကောင်းစွာပွင့်စေရန် အဓိကအားဖြင့် ရေပုံမှန်လောင်းပေးခြင်း၊ ပေါင်းမြက်ရှင်းပေးခြင်းနဲ့ မြေဩဇာအသင့်အတင့်ကျွေးခြင်းတို့သာ လိုအပ်ပါတယ်။ ပန်းများစတင်ပွင့်လာတဲ့အခါမှာ ရင့်လာတဲ့အထိမစောင့်ဘဲ ပုံမှန်ဖြတ်တောက်ခူးဆွတ်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ အပင်ရဲ့ ပန်းပွင့်နှုန်းလည်း တိုးလာမှာဖြစ်ပါတယ်။ 

ရိတ်သိမ်းခြင်း 

     ပန်းပွင့်ဖို့အတွက်ကတော့ ရက်သတ္တပတ်ပေါင်းများစွာမှ ၂ လအထိ ကြာမြင့်နိုင်ပါတယ်။ မိမိစိုက်ပျိုးတဲ့ ရေမြေရာသီဥတု အပေါ်မူတည်ပြီး ပန်းပွင့်ချိန်ကွာခြားနိုင်ပါတယ်။

ပိုး/ ရောဂါကျရောက်မှု 

    ဒေါင်းဖန်ဝါပန်းပင်မှာဆိုရင် ဖားဥမှိုရောဂါနဲ့ ဘက်တီးရီးယားပင်ညှိုးရောဂါတွေ ကျရောက်ကျတတ်ပါတယ်။ ပိုးအနေနဲ့ဆိုရင်တော့ မွှားပင့်ကူ၊ ပိုးစေးနှဲနဲ့ ပိုးလောက်ကောင်တွေ ကျရောက်ဖျက်ဆီးတတ်ပါတယ်။ 

Source  : http://www.google.com/amp/s/www.almanac.com/plant/zinnias%3famp 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်