အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

အစေ့ထုတ်ပြောင်းစိုက်မလို့ပါ အောက်ပါပေါင်းသတ်ဆေးတွေကိုဘယ်လိုအခြေအနေမှာဘယ်လိုသုံးရမလဲ (1)ဂလိုင်ဖိုဆိတ် (2)ဂရမ်...

အစေ့ထုတ်ပြောင်းစိုက်မလို့ပါ အောက်ပါပေါင်းသတ်ဆေးတွေကိုဘယ်လိုအခြေအနေမှာဘယ်လိုသုံးရမလဲ (1)ဂလိုင်ဖိုဆိတ် (2)ဂရမ်မိုဇုမ်း (3),တူး ဖိုး ဒီ

စိုက်ပျိုးနည်း နှံစား သီးနှံ

ဖြေကြားချက် ၆ ခု

12,778 လွန်ခဲ့သော ၈ နှစ် က

2-4 Dဆိုတဲ့ ပေါင်းသတ်ဆေး တမျိုးဟာ Dicots အပင်တွေ ရွက်ကြောယှက်အပင် တနည်းအားဖြင့် စေ့ရွက်စုံပင်တွေကို သတ်တာပါ။ Monocots လို့ခေါ်တဲ့ စေ့ရွက်ထီးပင်ဖြစ်တဲ့ စပါး၊ ပြောင်း၊ စတာတွေကိုတော့ မသတ်ပါဘူး။ ဗဟုသုတအဖြင့် 2-4 D ဆိုတာကတော့ 2,4 - Dichlorophenoxy Acetic Acid ဖြစ်ပြီး အောက်ဇင် ဟော်မုန်းအုပ်စုဝင် ဟော်မုန်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် အောက်ဇင် အုပ်စုဝင်တိုင်း အဲ့လို ပေါင်းသတ်စေတာတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့် N.A.A နက်သလင်းအက်စီတစ်အက်စစ် လို့ အသိများတဲ့ ဟော်မုန်းက အမြစ်ကြီးထွားဟော်မုန်းပါ။

12,778 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ပါ။ အခုလိုဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အစ်ကိုကို ပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က နည်းပညာတွေကို အားလုံးပါဝင်ဆွေးနွေးစေချင်တာပါ။ အစ်ကိုရဲ့ ဗဟုသုတ၊ အတွေ့အကြုံတွေကို အခြားသူတွေကို မျှဝေပေးရင်း ဝင်ရောက်ဆွေးနွေးပါလို့ တောင်းဆိုပါရစေ။ ကျေးဇူးတင်လျှက် Green Way

12,778 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ ကျေးဇူးခံ တင်ပါတယ် တူးဖိုးဒီ ကိုဖြေထားတာတော့သိပ်အားမရဘူး တူးဖိုးဒီက(စပါးသီးသန့်) မဟုတ် ဆိုတာတော့လေ့လာမှတ်သားဘူးပါတယ် လေးစားလျှက် TZS

12,778 လွန်ခဲ့သော ၈ နှစ် က

အကြောင်းပြန် နောက်ကျသွားတာ ခွင့်လွတ်ပါနော်။ ကုမ္ပဏီမှာ လုပ်နေတဲ့ ဆရာတစ်ယောက်ဆီကို မေးပေးနေလို့ပါ။ (၁)(1)ဂလိုင်ဖိုဆိတ်က ပင်လုံးပြန်အမျိုးအစားထဲမှာ ပါပါတယ်။ စိမ်းရောင်ခြယ် ဆဲလ်တွေကို သက်တဲ့အတွက်ကြောင့် အစိမ်းရောင်အပင်မှန်သမျှ အကုန်သတ်ပါတယ်။ ဒီတော့ မြက်ခင်းတွေ၊ စိုက်ခင်းထဲက အပင်တွေ အကုန်သတ်ချင်တဲ့အခါမှာ သုံးပါတယ်။ (2)ဂရမ်မိုဇုမ်း က ထိသေ အမျိုးအစားပါ။ သူနဲ့ထိတဲ့ အပင်မှန်သမျှ အကုန်သေပါတယ်။ ဒီတော့ မျိုးစေ့အပင်မပေါက်သေးခင် ပေါင်းပင်တွေ သက်ချင်တဲ့အချိန်မျိုးတွေမှာ ဖြန်းနိုင်ပါတယ်။ (3),တူး ဖိုး ဒီ ကတော့ စပါးချွေးချယ် ပေါင်းသတ်ဆေးအမျိုးအစားပါ။ စပါးပင်ကလွှဲရင် အကုန်သတ်ပါတယ်။ အထူးသဖြင့် ရွက်ဝိုင်းပေါင်းပင်တွေကို သတ်ပေးပါတယ်။ ဒီတော့ ကိုယ့်စိုက်ခင်းနဲ့ အပင်အခြေအနေကို ပြန်ချင့်ချိန်ပြီး ဖြန်းဖို့ အကြံပြုလိုပါတယ်။ Green Way အနေနဲ့ အကြံပြုလိုတာကတော့ ဖြစ်နိုင်မယ်ဆိုရင် ပေါင်းသတ်ဆေးမသုံးလိုပါဘူး။ ပတ်ဝန်းကျင်အတွက်၊ ဂေဟစနစ်အတွက်သာမက လူ့ကျန်းမာရေးအတွက်ပါ ဆိုးကျိုးပေးပါတယ်။ မဖြစ်မနေဖြန်းတော့မယ်ဆိုရင်တော့ ဒီလင့်မှာပါတဲ့ ဗီဒီယိုလေးကို ကြည့်စေချင်ပါတယ်။ http://greenwaymyanmar.org/article/142 ကျေးဇူးတင်ပါတယ်။

12,778 လွန်ခဲ့သော ၈ နှစ် က

အစေ့ထုတ်ပြောင်းစိုက်ရာမှာ များသောအားဖြင့် ပေါင်းသတ်ဆေး သုံးလေ့သုံးထမရှိပါဘူး သုံးရင်တောင် Atrazine ကိုအနည်းငယ်လောက်ပဲသုံးပဲတယ်။ ရှမ်းပြည်တောင်ပိုင်းမှာတော့ ပေါင်းသတ်ဆေးကို မသုံးသလောက်ပါပဲ။

12,778 လွန်ခဲ့သော ၈ နှစ် က

ကိုသိန်းစိုးမင်းနဲ့အဖွဲ့သားများ------------အဖြေကိုစောင့်မျှော်နေပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။