မိုးဗေဒါနဲ့ ကောင်းကွက်တွေလေ
မိုးလေးတစ်ဖြောက် နှစ်ဖျောက်လောက်ကျလိုက်တာနဲ့တင် ရေတွေက မြောင်းတွေထဲ ပြည့်လာပြီးတော့ ခရမ်းရောင်ပွင့်လေးတွေနဲ့ မဗေဒါတွေက တစ်ပင်နှစ်ပင်ကနေ ပွားများလာလိုက်တာ ရှင်းလို့တောင် မနိုင်တော့တဲ့အထိပါပဲ။ အပြောင်ရှင်းဖို့ဆိုရင် ပိုက်ဆံတွေအများကြီးကုန်ပြီးမှ ဖြစ်လာတာပါ။ ကဲ အခုတော့ အော်ဂဲနစ် မြေသြဇာလုပ်ပြီးတော့ ပြန်သုံးလိုက်တယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။ အဲ့ဒီ အကျိုးကျေးဇူးတွေကြောင့်မို့ Makkason စိမ့်တောထဲမှာဆိုရင် ဗေဒါပင်တွေကို ဘောင်လေးတွေလုပ်ပြီးတော့ စိုက်ပြီးတော့ကို အသုံးချနေကြတယ်။
ရေရဲ့ (၁၀)ရာခိုင်နှုန်းကို ဗေဒါပင်တွေကိုပွားများယူတယ်။ (၁၅)ပေ၊ ပေ(၆၀) ဘောင်ကြီးတွေ လုပ်ပြီးတော့ သေသေချာချာလေး လုပ်ထားတာပါ။ ဘာလို့ အဲ့လိုလုပ်လဲ ဆိုတော့ ဗေဒါပင်တွေက ရေထဲကိုစွန့်ပစ်လိုက်တဲ့ စက်ရုံထွက်စွန့်ပစ်ပစ္စည်းတွေမှာပါတဲ့ ကြေးနီနဲ့ ခဲဓာတ်တွေကို စုပ်ယူသန့်ရှင်းပေးပါတယ်။ ရေထဲမှာ ပျော်ဝင်နေတဲ့ ပြဒါးနဲ့ ခဲဓာတ်တွေကိုလည်း စုပ်ယူပြီးတော့ ပေးနိုင်ပါသေးတယ်။
ဗေဒါပင်တွေဟာဆိုရင် ရေထဲမှာရှိတဲ့ သတ္တုဓာတ်တွေနဲ့ အော်ဂဲနစ်မဟုတ်တဲ့ပစ္စည်းတွေကိုလည်း စုပ်ယူပေးနိုင်ပါသေးတယ်။ ဗေဒါပင်လေးတွေက ဘယ်လိုအခြေအနေ ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကောင်းကောင်းကြီးထွားနိုင်ပါတယ်။ ကြီးတာကလည်းမြန်တယ်။ မကောင်းတာတွေ စုပ်ယူသန့်စင်ပေးပြီးတော့ အော်ဂဲနစ်မြေသြဇာကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။
မြေအသုံးချတိုးတက်ရေးဌာနက Mr.Sima Morakul က ဗေဒါပင်တွေကို မြေဆွေးလုပ်ပြီးတော့ အပင်ကိုထည့်ပေးရင်ဖြစ်ဖြစ်၊ မြေကိုထည့်ပေးရင်ဖြစ်ဖြစ် ကောင်းကျိုးတွေများနိုင်တယ်ဆိုတာကို တွေ့ခဲ့ပါတယ်။
ဗေဒါပင်ရဲ့ ပွားများဖြာထွက်နေတဲ့ အမြစ်တွေဟာ အပင်အာဟာရတွေကို ကောင်းကောင်းစုပ်ယူပြီးတော့ ပင်စည်တွေနဲ့ အရွက်တွေမှာ သိုလှောင်ထားပါတယ်။ အဲ့လို ဗေဒါပင်တွေကို မြေဆွေးပြုလုပ်မယ်ဆိုရင် တန် (၃၀) ကိုလုပ်ရင် မြေဆွေး (၅.၅) တန် ပြန်ရမှာပါ။ အဲ့ (၅) တန်ခွဲဆိုတာကလည်း တကယ်ကို အော်ဂဲနစ်ပစ္စည်းတွေဖြစ်ပြီးတော့ မြေကြီးထဲ ထည့်ပေးရင် မြေသားကိုကောင်းစေပါတယ်။ ဘာတွေကောင်းလဲဆိုတော့ မြေသားတည်ဆောက်မှုကို ကောင်းစေတယ်။ လေဝင်လေထွက်ကောင်းစေတယ်။ ရေစုပ်ယူအားကိုကောင်းစေတယ်။ ဒါက မြေကြီးရဲ့ ရုပ်ဂုဏ်သတ္တိကိုကောင်းစေတာပါ။
ဓာတ်ဂုဏ်သတ္တိကို ပြောင်းလဲစေတာတွေဆိုရင် မြေကြီးထဲကို အာဟာရဓာတ်တွေကို ပေါင်းထည့်ပေးတယ်။ ပြီးတော့ တစ်ဖြည်းဖြည်းချင်း ပြန်လည်ထုတ်လွှတ်ပေးတယ်။ အဲ့ဒီတော့ အပင်တွေက အာဟာရတွေကို အမြဲတမ်း ရရှိစေတာပေါ့။ မြေချဉ်တာ ငန်တာတွေအတွက်လည်း ထည့်လို့ရတယ်။ အဲ့တော့ မြေထဲမှာ အကျိုးပြုသက်ရှိတွေက များလာရော၊ အဲ့လို အကောင်လေးတွေ များလာလေလေ၊ စိုက်ပျိုးမြေဟာ ပိုကောင်းလေလေ ဖြစ်လာတော့တာပါပဲ။
ကဲ အဆုံးသတ် စကားဆိုရရင်တော့ ဗေဒါပင်နဲ့ မြေသြဇာလုပ်လို့ရတယ်။ မြေဖုံးလုပ်လို့ရတယ်။ အဲ့လိုလုပ်ပေးရင် မြေကိုလည်း သန့်စင်စေပြီးတော့ ကောင်းသွားမယ်။ အရမ်းကောင်းတဲ့အချက်ဆိုတော့ အကျိုးရှိရှိပဲ ဖြတ်သန်းကြပါစို့လားလို့။
ထွန်းဝင်းကျော်
Reference; http://www.idd.go.th/EFiles_project/article/article02.html
Aung Soe Tun
လွန်ခဲ့သော ၄ နှစ် ကဗေဒါ အပင် အရွက် အပွင့်တို့ကစားရလားဘာတွေကောင်းကျိုးပြုလဲသိပါစေ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026