ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၃) ရေအသုံးချခြင်း
ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများ အပိုင်း(၂) ရာသီအကြိုပြင်ဆင်မှုအကြောင်းကို ပြီးခဲ့တဲ့အပတ်က ပြောပြပြီးပြီဆိုတော့ ခုတစ်ပတ်မှာတော့ ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများရဲ့ တတိယပိုင်းဖြစ်တဲ့ ရေကိုစနစ်တကျ ဘယ်လိုသုံးစွဲရမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ 'ရေအသုံးချခြင်း' ဆိုတဲ့ အကြောင်းကို ပြောပြပေးသွားပါမယ်
ရေရဲ့ အရေးကြီးပုံကို နွေရာသီရောက်လာတဲ့အခါ ပိုပြီး သိသိသာသာမြင်လာရတယ် မဟုတ်ပါလား
စပါးစိုက်ပျိုးရာမှာ ရေကို ကောင်းမွန်စွာ စီမံခန့်ခွဲမှုက ရေအလဟသ ဆုံးဆုံးမှုကို လျော့ချပေးတဲ့အတွက် ဖန်လုံအိမ်ဓါတ်ငွေ့ကိုလည်း သိသာစွာ လျှော့ချပေးနိုင်ပါတယ်
ဒီVideo ကနေ
- ဆန်(၁)ကီလို သို့မဟုတ် (၆၀)သားထွက်ရှိလာဖို့အတွက် ရေဘယ်လောက်သုံးရပါသလဲ
- စပါးစိုက်ခင်းတွေမှာ ရေကို မပြတ်တမ်း အမြဲလွှမ်းထားတဲ့အခါ ဘာတွေဖြစ်လာမလဲ
- မြေကို လေရှုစေခြင်းဖြင့် ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ
ဒါတွေနဲ့အတူ
(၁) ရေအသုံးချမှုအတွက် လိုအပ်သော SRP စံချိန်စံညွှန်းမှာ ပါဝင်တဲ့ နံပါတ်(၁)အချက်ဖြစ်တဲ့ ရေစီမံခန့်ခွဲမှု အကြောင်းကို လေ့လာခြင်းအားဖြင့် မိုးရေအတွက် စိုက်ပျိုးနည်းစနစ်၊ ရေလွှမ်းမိုးတတ်သော နေရာများတွင် ရေသွင်းနည်းစနစ်၊ ရေမလွှမ်းမိုးသော နေရာများတွင် ရေသွင်းခြင်း စတဲ့ အကြောင်းအရာတွေနဲ့ တောင်သူဦးကြီးတို့ရဲ့ ရေသွင်းစိုက်စနစ်က ဘယ်အမျိုးအစားထဲမှာ ပါဝင်နေလဲဆိုတာတွေကို အချက်ကျကျ သိရှိနိုင်ပါတယ်
(၂) စိုတစ်လှည့် ခြောက်တစ်လှည့်စိုက်ပျိုးသော စနစ် (AWD)နှင့် ဒီစနစ်ကို လက်တွေ့အသုံးပြုကျင့်သုံးခြင်းကြောင့် အထွက်နှန်း (၂)ဆထွက်နိုင်ကြောင်းနဲ့ ဘာကြောင့် ဒီစနစ်ကို ကျင့်သုံးသင့်လဲဆိုတာတွေကို အသေးစိတ် ပြောပြပေးထားပါတယ်
(၃) ကျေးရွာအုပ်စုအဆင့် ရေသွင်းစနစ်၊ စိုက်ပျိုးရေရဲ့ အရည်အသွေးကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ၊ ကိုယ်ပိုင်တွင်းရေကို အသုံးပြုပြီးစိုက်ပျိုးနေတဲ့ တောင်သူတွေအတွက် မြေအောက်ရေစစ်ထုတ်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးတရားတွေ၊ ရေများလို့ပဲဖြစ်ဖြစ် ပိုးမွှားရောဂါကြောင့်ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် ရေထုတ်တော့မယ်ဆိုရင် လိုက်နာရမည့် SRPစနစ်ကအချက်တွေ စတဲ့ အကြောင်းအရာအတော်များများကို လေ့လာမှတ်သားရမှာပါ။
ကောင်းမွန်တဲ့ ရေစီမံခန့်ခွဲမှုဟာ သွင်းအားစုတွေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ အထောက်အကူပေးသလို ဖန်လုံအိမ်ဓါတ်ငွေ့ (သို့မဟုတ်) အပူငွေ့တွေကို သိသိသာသာ လျှော့ချပေးနိုင်တဲ့ အဓိက အချက်တစ်ခုဖြစ်ပါတယ်နော်
တောင်သူဦးကြီးတွေအနေနဲ့လည်း မိမိတို့ရဲ့ စိုက်ခင်းက ဘယ်လိုရေအသုံးချ စိုက်ပျိုးနည်းစနစ်ထဲမှာပါသလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရှိနားလည်ထားဖို့အတွက် ဒီ videoကို ကြည့်ရှု့နားဆင် မှတ်သားသင့်ပါတယ်။ လေ့လာကြည့်ပေးကြပါဦးရှင်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်ရေလိုအပ်ချက်
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ညီညီ
လွန်ခဲ့သော ၅ နှစ် ကစပါးစိုက်ပျိုးရန် ချိန်တွက်၍မရနိုင်သော ရေပေးသွင်းခြင်း နည်းလမ်းများမှာ စက်ရေတင်စနစ်ဖြင့် စိုက်ပျိုးရန် ချိန်ဆတွက်ချက်၍ မရနိုင်ခြင်း၊ရေအစက်ချစနစ်ဖြင့် စိုက်ပျိုးရန် ချိန်ဆ၍မရနိုင်သေးခြင်း၊ ဆည်မြောင်းတာတမံမရှိသော ဒေသများ၌ နွေစပါးရေသွင်းစနစ်ကို ချိန်ဆ၍ မရနိုင်သေးခြင်းတို့ဖြစ်ပါတယ်။ စပါးပိုမိုဖြစ်ထွန်းမြင့်မားလာရန် အဖြစ်နိုင်ဆုံးနည်းလမ်းများမှာ ဒေသအလိုက် အရည်သွေးပြည့်မှီသော မျိုးသန့်စပါးဖြစ်ထွန်းလာအောင်ဆောင်ရွက်ခြင်း၊ဒေသအလိုက် အထူးပြုစုနေခြင်းဖြင့် မြေယာအခင်းအကျင်းကောင်းမွန်သော စိုက်ပျိုးဧရိယာများ ပိုမိုလာအောင်ဆောင်ရွက်ခြင်း၊စနစ်တကျ ရာသီခွင်ကျစိုက်ပျိုးနိုင်ရန် ဆွေးနွေးအတည်ပြုစိုက်ပျိုးခြင်း၊ပိုမိုကောင်းမွန်သော ရေသွင်းရေထုပ်စနစ်များဖြစ်လာရန် မြေပြင်ကွင်းဆင်းဆန်းစစ်အတည်ပြုချက်များကို မှတ်တမ်းထားရှိစိုက်ပျိုးခြင်း၊သဘာဝမြေပြင်အနေအထားများကို အနုစိပ်မှတ်တမ်းပြု၍ စိုက်ပျိုးခင်းကျင်းနိုင်ရန် ဒေသအလိုက် ဆွေးနွေးစုဖွဲ့ စိုက်ပျိုးခြင်းတို့ပဲဖြစ်ပါတယ်။
နည်းပညာမိတ်ဖက်အဖွဲ့
Helvetas မြန်မာ
Helvetas သည် ဆွစ်ဇာလန်နိုင်ငံနှင့် ဂျာမဏီနိုင်ငံတို့တွင် မှတ်ပုံတင်ထားရှိပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပတိုက်များရှိဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၃၀) တွင် လုပ်ကိုင်လျက်ရှိပါသည်။ Helvetas အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ လူမှုအကျိုးပြုစီမံကိန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ကနဦး လုပ်ဆောင်မှုအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသများတွင် စိုက်ပျိုးရေးနှင့် ကျေးလက် ပြည်သူများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊အသက်မွေးမြူရေးဆိုင်ရာ အခန်းကဏ္ဍများ၌ အလေးပေးဆောင် ရွက်ခဲ့ပါသည်။ မုတ္တမပင်လယ်ကွေ့ရှိ သဘာဝသယံဇာတစီမံခန့်ခွဲမှုတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မုတ္တမပင်လယ်ကွေ့၏ တမူထူးခြားသော ဇီဝမျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်ဖွံ့ ဖြိုးလာစေရန်ဆောင်ရွက်လျက်ရှိပြီး ယင်းတို့ကို အမှီပြုလျက်ရှိသော လူသားမျိုးနွယ်စုကို အကျိုးပြုရန် ရည်ရွယ်၍ မုတ္တမပင်လယ်ကွေ့ဒေသရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပါဝင်သည့် ရပ်ရွာအခြေပြုကမ်းရိုးတန်းစီမံခန့်ခွဲမှု စီမံချက်ကိုဆောင်ရွက်လျက်ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....