အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဗီတာမင်အေချို့တဲ့ခြင်းဆိုးကျိုးများနှင့် ဖြည့်ဆည်းပေးသင့်သည့် အစားအစာများ

ဗီတာမင်အေချို့တဲ့ခြင်းဆိုးကျိုးများနှင့် ဖြည့်ဆည်းပေးသင့်သည့် အစားအစာများ

Green Way
Green Way • 27/10/2022

ဗီတာမင်အေသည် မျက်စိအမြင်၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် ကိုယ်ခံစွမ်းအားကောင်းမွန်စေရန် အရေး ပါသည်။ မိခင်သည် လိုအပ်သော ဗီတာမင်အေပမာဏကို နို့တိုက်နေစဉ် အစာမှတစ်ဆင့် မရရှိပါက မိခင်နို့မှတဆင့် ကလေးတွင် ဗီတာမင်အေပမာဏ ကျဆင်းစေနိုင်ပါသည်။ 

ဗီတာမင်အေ ချို့တဲ့ပါက ကြက်မျက်သင့်ရောဂါနှင့် အခြားသော မျက်စိရောဂါများကို ရရှိနိုင်သည်။ နို့တိုက် မိခင်များသည် ဗီတာမင်အေဆေးလုံးကို မွေးပြီးလျှင်ပြီးချင်း သောက်သုံးသင့်ပါသည်။

ဗီတာမင်အေ၏အရေးပါပုံ

ဗီတာမင်အေသည် မျက်လုံးများ၊ သွားနှင့်အရိုးများ၊ အရေပြားနှင့်အခြားအမြှေးပါးများ အပါအဝင် ကိုယ်တွင်းကလီစာများ၏ ကျန်းမာရေးနှင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ရန် အရေးပါသည်။

ချို့တဲ့ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ

ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် နို့တိုက်မိခင်များမှာ ဗီတာမင်အေ ချို့တဲ့နိုင်ချေ ပိုများသည်။

ဗီတာမင်အေချို့တဲ့မှုသည် ကလေးများတွင် ကာကွယ်နိုင်သော မျက်စိမမြင်ခြင်းကိုဖြစ်ပေါ်စေပြီး အခြား ဆိုးရွားသော ဖျားနာခြင်းနှင့်သေဆုံးခြင်းများ၊ မကြာခဏဖျားနာခြင်းနှင့် ဝမ်းလျှောခြင်းအပါအဝင် ဝက်သက် ရောဂါပါ ဖြစ်ပွားနိုင်သည်။ ဗီတာမင်အေချို့တဲ့မှုသည် ကြက်မျက်သင့်ရောဂါကို ဖြစ်ပေါ်စေနိုင်ပြီး မိခင်သေဆုံးနှုန်းကိုလည်း မြင့်တက်စေနိုင်သည်။

ချို့တဲ့ခြင်းမှ ရှောင်ကြဉ်ရန်

ဗီတာမင်အေသည် မိခင်နို့မှတစ်ဆင့် ကလေးဆီသို့ရောက်နိုင်သောကြောင့် နို့တိုက်မိခင်များသည် ဗီတာမင် ကြွယ်ဝသောအစာများကို ၎င်းတို့နှင့် ၎င်းတို့၏ကလေးများအတွက် စားသုံးသင့်သည်။

ကိုယ်ဝန်ဆောင်များသည် ၎င်းတို့၏ကိုယ်ဝန်ဆောင် တတိယကာလတွင် ချို့တဲ့နိုင်ချေ အများဆုံးဖြစ်သည်။ အကြောင်းမှာ သန္ဓေသားမှာ အမြန်ဆုံးဖွံ့ဖြိုးနေပြီဖြစ်ပြီး ကလေး၏ဘဝတစ်လျှောက် လိုအပ်သောသွေးများ ကိုလည်း ထုတ်လုပ်မှုမြင့်မားနေခြင်းကြောင့် ဖြစ်သည်။

အများအားဖြင့် ဗီတာမင်အေကို ကျန်းမာပြီး အမျိုးအမည်စုံလင်သော အစာအုပ်စုမှ ရရှိသည်။ သို့သော် ချို့တဲ့မှုကို ကာကွယ်ရန်အတွက် မြန်မာနိုင်ငံတွင် မွေးပြီးတစ်လအတွင်း မိခင်အား ဗီတာမင်အေဆေးလုံး တိုက်ကျွေးလေ့ရှိသည်။ ထို့အပြင် ကလေးအသက် ၆ လနှင့် ၁၁ လကြားနှင့် ၁ နှစ်မှ ၅ လကြားတွင် ၆ လတစ်ကြိမ် တိုက်ကျွေးလေ့ရှိသည်။

ကြယ်ပွင့်အစားအစာများအကြောင်းသိလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၁)

https://bit.ly/3TnRBp0

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ စားပေးသင့်သည့် ကြယ်လေးပွင့်အစားအစာများ (၂)

https://bit.ly/3MuCnwi

#LEARN Program မှ ထုတ်ဝေထားသည့် ‘စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေး ကွင်းဆင်းလုပ်သားများအတွက် သင်တန်းပံ့ပိုးသူလက်စွဲလမ်းညွှန်’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။