အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒန့်သလွန်အပင်နှင့် ကျန်းမာရေး

ဒန့်သလွန်အပင်နှင့် ကျန်းမာရေး

ဒန့်သလွန်အပင်သည် ကျန်းမာရေးနှင့် အလွန်ညီညွှတ်သော အပင်ဖြစ်ပါသည်။ ထို့ကြောင့် ဆရာဝန်များသည် ဒန့်သလွန်နှင့် ပတ်သက်သော သုတေသနများ လုပ်ခဲ့ကြ ပါသည်။ ဒန့်သလွန်ကို စားသုံးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

၁။ ဒန့်သလွန်တွင် အာဟာရဓာတ်များစွာပါဝင်ခြင်း

အများစုသည် ဒန့်သလွန်အပင်ကို အရွက်နှင့် အသီးတို့ကို စားသုံးကြပါသည်။ ဒန့်သလွန်တွင် ပါဝင် သော အာဟာရဓာတ်များမှာ-

  • ဗီတာမင် A

  • ဗီတာမင် B1, B2, B3, B6

  • ဗီတာမင် C

  • ပရိုတီး

  • ကယ်လ်ဆီယမ်

  • ပိုတက်ဆီယမ်

  • အိုင်းရွန်း

  • မက်ဂနီဆီယမ်

  • ဖော့စ်ဖောရပ်စ် တို့ဖြစ်ကြပါသည်။

ဒန့်သလွန်အရွက်အစိုနှင့် အရွက်ခြောက်တို့၏ အာဟာရပါဝင်မှု

ထို့ကြောင့် အချို့သောနိုင်ငံများတွင် ဒန့်သလွန်အရွက်ခြောက်များကို ဖြည့်စွက်စာ အနေနှင့်စားသုံးကြပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဗီတာမင်နှင့် ပရိုတီးချို့တဲ့မှုများ တွေ့ရများသောကြောင့် ဒန့်သလွန်ပင်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရေးကြီ:သော အရင်းမြစ်တစ်ခု ဖြစ်ပါသည်။ ဒန့်သလွန်အသီးနှင့် အရွက်တွင် ဗီတာမင်များပါဝင်မှုများ မတူကြပါ။ အသီးတွင် ဗီတာမင် အများစု ပါဝင်မှုနည်းသော်လည်း ဗီတာမင်A ပါဝင်မှု အရွက်ထက်များပါသည်။

၂။ သွေးထဲရှိ သကြားပမာဏကို လျော့ချပေးခြင်း

လူခန္ဓာကိုယ်၏ သွေးထဲတွင် သကြားပမာဏများနေပါက ဆီးချိုသွေးချိုရောဂါဖြစ်စေ နိုင်ပါသည်။ သုတေသနစာတမ်းများအရ ဆီးချိုသွေးချိုရောဂါဖြစ်နေသော လူ(၆) ယောက်ကို ဒန့်သလွန်အရွက် (၅၀) ဂရမ်ကျွေးလိုက်သောအခါ သွေးထဲရှိသကြားပမာဏ ၂၁ ရာခိုင်နှုန်း လျော့ချပေးနိုင်သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဆီးချိုသွေးချိုရှိစေသာ လူများ ဒန့်သလွန်ကို စားသုံးပေးသင့်ပါသည်။

၃။ နာတာရှည်ရောဂါများကို သက်သာစေခြင်း

ဥပမာ- နှလုံးရောဂါ၊ ကင်ဆာရောဂါစသည့် ရောဂါများကို ဒန့်သလွန် အရွက်နှင့်အသီး တို့တွင် ပါဝင်သော Isothiocyanates က သက်သာစေပါသည်။ ၎င်းက လူခန္ဓာကိုယ်၏ သွေးဖိအားကိုလည်း လျော့ကျစေပါသည်။ ထို့ကြောင့် ဒန့်သလွန်ကို သွေးတိုးရှိသော လူများ လည်း စားသုံးပေးသင့်ပါသည်။

၄။ ကိုလက်စထရောဓာတ်(Cholesterol) ပါဝင်မှုနည်းခြင်း

ဒန့်သလွန်တွင် ကိုလက်စထရောဓာတ်ပါဝင်မှုမရှိသလောက် နည်းပါသည်။ ထို့ကြောင့် ဝိတ်ချ ချင်သောလူများ ဒန့်သလွန်ကို များများစားသုံးပေးသင့်ပါသည်။

၅။ အာဆန်းနစ်(Arsenic)အဆိပ်တောက်ဖြစ်မှုကို ကာကွယ်ပေးခြင်း

ယနေ့ခေတ်စိုက်ပျိုးရေးတွင် ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊ ဓာတုမြေသြဇာများ များစွာသုံးစွဲလာမှုကြောင့် အစားအစာနှင့် သောက်သုံးရေများတွင် အာဆန်းနစ်ဓာတ်ပါဝင်မှု များလာပါသည်။ အာဆန်းနစ်ဓာတ်သည် လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေကာ ကင်ဆာရောဂါများ ဖြစ်ပွားစေပါသည်။ ဒန့်သလွန်သည် အာဆန်းနစ်အဆိပ်တောက်ဖြစ်မှုကိုလည်း ကာကွယ်ပေးပါသည်။

ဒန့်သလွန်ကို စားသုံးခြင်းဖြင့် ဖြစ်ပေါ်သော ဆိုးကျိုးများ

ဒန့်သလွန်သည် သွေးအားနည်းစေသောကြောင့် သွေးအားနည်းသော လူများ အလွန်အကျွံမစားသုံးသင့်ပါ။ ဒန့်သလွန်အရွက်နှင့် အသီးထဲတွင် ပါဝင်သော Alkaloids ကွန်ပေါင်းသည် နှလုံးခုန်နှုန်းကို နှေးစေပါသည်။ ထို့အပြင် ကိုယ်ဝန် ဆောင်မိခင်များ ဒန့်သလွန်ကို စားသုံးလျှင် မီးဖွားရာတွင် ခက်ခဲစေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ မီးမဖွားမီ ဒန့်သလွန်စားသုံးခြင်းကို ရှောင်းရှား သင့်ပါသည်။

ချမ်းသာဦး

Reference

https://www.healthline.com/nutrition/6-benefits-of-moringa-oleifera

ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။