ကျန်းမာရေးအတွက် အကောင်းဆုံးတွေက ဘူးသီးကရတာပါ
ဘူးသီးကြော်ဆို အချဉ်ရည်လေးနဲ့ တို့စားရင် ကြိုက်မှကြိုက်၊ ရေနွေးလေးနဲ့ မြည်း။ ကြက်သားနဲ့ ဘူးသီးလေး အရည်သောက်လေးရောချက်ရင် လည်း ထမင်းက မြိန်မှမြိန်လေ။ အစားကြီးတယ်လို့ မထင်ကြစေကုန်။ ဘူးသီးကို အမွှန်းတင်နေတာ အကြောင်းရှိတယ်ပေါ့နော်။ အကြောင်းကလည်း ကောင်းနေလို့ပါ။
ဘူးပင်ဟာဆိုရင် နွယ်ပင်ဖြစ်ပြီးတော့ ဘူးညွှန့်လေးဆိတ်ပြီး ကြော်စားရတာကလည်း အရသာပါပဲ။ ဘူးသီးမှာ ကယ်လိုရီတွေပါဝင်မှုကို ဖော်ပြရမယ်ဆိုရင်တော့
• ဘူးသီး (၁၀၀)ဂရမ် မှာမှ ကယ်လိုရီက ၁၅ ကယ်လိုရီပဲ ပါပါတယ်။
• ရေက ၉၆ ရာခိုင်နှုန်း ပါပြီးတော့ စားလို့ရတဲ့ အပိုင်းတွေချည်း ၁၀၀ ဂရမ်မှာ အဆီ (၁) ဂရမ်ပဲပါပါတယ်။ ဘူးသီးစားလို့ ပြည့်ဖောင်းလာမှာတော့မဟုတ်ပါဘူး။
• အစာကြေလွယ် အမျှင်တွေ၊ ဗီတာမင် စီ၊ သွပ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ့်၊ ပြည့်ဝဆီနည်းနည်း၊ ရိုက်ဘိုဖလက်ပင်၊ ကိုလက်စထရော နည်းနည်းပါပါတယ်။
ကျန်းမာရေးအတွက် အကောင်းဆုံးအချက်အလက်တွေဆိုတာ ဘူးသီးကနေ ရတာပါ။
၁. ဘူးသီးမှာ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ရော၊ မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ရောပါပြီးတော့ ကြေပျက်လွယ်တဲ့ အမျှင်ဓာတ်တွေကြောင့်မို့ အစာကြေလွယ်စေတယ်။ ဝမ်းချုပ်တာ၊ လေနာတာ၊ လိပ်ခေါင်းဖြစ်တာတောင် မဖြစ်အောင် ကူညီပေးပါသတဲ့။
၂. ဝိတ်ကျစေပါတယ်။ ဘူးသီးတစ်လုံး ကြက်ဥက ၁၀ လုံးတော့ စားဖို့မဟုတ်ဘူးပေါ့နော်။ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေကြောင့်မို့ ခန္ဓာကိုယ်က အာဟာရပြည့်ပြီးတော့ ဆာလောင်တာကို လျှော့ချပေးနိုင်ပါတယ်။ မနက်စောစောပိုင်းမှာ ဘူးသီးကို အရည်ကြိတ်ပြီး ဘာမှမစားခင် ဖျော်ရည်လုပ်သောက်ပေးကြည့်ပါ။ အလေးချိန်လျှော့ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
၃. သူများတွေလိုမဟုတ်ပဲ ပါဝင်တဲ့ ကိုလက်စထရောပါဝင်မှုက တော်တော်လေးကို နည်းပါးတာပါ။
၄. ရေက (၉၆) ရာခိုင်နှုန်းပါဝင်တာဆိုတော့ ရေဆာ ရေငတ်တာကိုလည်း သက်သာစေတယ်။ မောပန်းနွမ်းနယ်မှုတွေကိုမဖြစ်စေပဲ လန်းဆန်းနေစေနိုင်ပါတယ်။
၅. သံဓာတ်ပါဝင်ပြီး ဗီတာမင်ဘီနဲ့ ဗီတာမင်စီ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းစေပါတယ်။
၆. ဆိုဒီယမ်၊ ပိုတက်စီယမ် နဲ့ မရှိမဖြစ်လိုအပ်တဲ့ အနည်းလိုအာဟာရဓာတ်တွေပါဝင်တာကြောင့် သွေးဖိအားကိုမှန်ကန်ကောင်းမွန်စေပြီးတော့ နှံလုံးကျန်းမာရေးကို ကောင်းစေပါတယ်။
၇. သွေးတိုးတာကို လျှော့ချပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် ဘူးသီးက အကောင်းဆုံးအစာပါပဲ။
၈.ကလေးတွေလည်း ကျွေးလို့ရတယ်။ ကျန်းမာခါစ လူမမာတွေကိုလည်း ကျွေးရင်လည်း ကောင်းမွန်တဲ့ အစားအစာတစ်ခုပါပဲ။
၉. ကဲ ကိုကိုတို့ အသည်းကျန်းမာရေးအတွက်ကို ကောင်းစေတယ်တဲ့၊ ဘူးသီးကြော်နဲ့ မြည်းကြပါလို့ ပြောတာမဟုတ်ပါဘူး။ အသည်းကျန်းမာရေးအတွက်လည်း ညီညွတ်မျှတတဲ့ စားသောက်ဖွယ်ရာဖြစ်နေတာတော့ ငြင်းမရပါဘူး။
ဘူးသီးကို အရည်ဖျော်တိုက်ရင်…
(၁) ဘူးသီးဖျော်ရည်လေး တစ်ခွက်လောက် သောက်လိုက်ရင်တော့ ဆံပင်တွေကို ပြန်တောင် နက်မှောင်သန်မာစေပါတယ်တဲ့။
(၂) နှမ်းဆီလေး နည်းနည်းထည့်ပြီးသောက်ရင် ညဖက်တွေ အိပ်မပျော်တာကို သက်သာစေပါတယ်။
(၃) အစာအိမ်အချဉ်ပေါက်တာ၊ ဝက်ရူးပြန်တာ၊ အစာမကြေတာ၊ အကြောတွေ တောင့်တင်းတာမျိုးတွေကိုလည်း ဘူးသီးရည်လေးက သက်သာစေနိုင်ပါတယ်။
(၄) ဘူးသီးခါးလိုမျိုးလေ အဲ့လိုမျိုး စားတဲ့အခါမှာ လေပြွန်ယောင်ပြီးချောင်းဆိုးတာ၊ ပန်းနာရောဂါနဲ့ သည်းခြေလမ်းကြောင်းတွေမှာ ဝင်တတ်တဲ့ရောဂါတွေကို တိုက်ခိုက်စေတဲ့ အားကိုဖြစ်ပေါ်စေပါတယ်။
(၅) ဆားလေးနည်းနည်းထည့်သောက်တဲ့အခါ ခန္ဓာကိုယ်ကနေ ဆားဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။
(၆) ဆီးလမ်းကြောင်းကိုသန့်စင်စေတဲ့ ဆေးအဖြစ်လည်း သုံးလို့ရပါတယ်။
(၇) ဘူးပင်က ဘူးညွှန့်လေးတွေကို အရည်ညှစ်ပြီးသောက်ပေးရင် သည်းခြေထိလို့ အသားဝါတာကို သက်သာပျောက်ကင်းစေပါတယ်။
ဘူးသီးဖျော်ရည်ကို ဘယ်လိုလုပ်ကြမလဲ...
၁။ နည်းနည်းလေး ချဉ်နေတယ်ဆိုရင် မသုံးပါနဲ့နော်။ လိုချင်တဲ့ အပိုင်းလေးတွေကိုယူပြီးတော့ သေးသေးလေးတွေ လှီးဖြတ်ထားပါ။
၂။ အခွံတွေမပါအောင် ခွာထုတ်လိုက်ပါ။ ပြီးတော့ ကြိတ်စက်နဲ့ ကြိတ်ပါ။
၃။ ငရုတ်ကောင်းအနက်ကို နည်းနည်းထည့်၊ ဆားလေးနည်းနည်းခတ်ပြီးတော့ အရသာကိုမြည်းကြည့်လိုက်ပါဦး။ ကြိုက်ရင် ပူစီနံရွက်လေးတွေပါ ထည့်ပေးလို့ရပါတယ်။
၄။ လီမွန်ဖတ်လေးတွေလည်း ထည့်ပြီးတော့ သောက်ပေးရင် အန်တီအောက်စီးဒန့်တွေများလာပြီးတော့ ကိုယ်ခံအားကို ကောင်းစေပါတယ်။
၅။ တစ်ခြားဟာတွေနဲ့ ရောပြီးတော့ မသောက်သုံးဖို့ အကြံပြုပါတယ်နော်။ မနက်စောစော အစာအိမ်ထဲ ဘာမှမရှိခင်မှာ သောက်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။
အတိုချုံ့ပြောရရင်တော့ ခုဘူးသီးကို နိုင်ငံတကာမှာတောင် ကျန်းမာရေးအတွက်ကောင်းကျိုးတွေကြောင့် မရှိမဖြစ်လို့ ယူဆနေကြပြီဆိုတော့ နိုင်ငံတကာအဆင့်မီသော ဘူး ကို အားကိုးအားထားပြုရင်း ကျန်းမာရေးတွေ ကောင်းကြပါစေသား...
ထွန်းဝင်းကျော်
https://www.practo.com/healthfeed/16-reasons-why-lauki-is-healthy-3556/post
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....