အပ်မှို
အပ်မှိုဟာ မှိုအမျိုးအစားများစွာရှိသည့်အနက်မှ ဆေးဖက်ဝင်ပြီး လူစားသုံးများသော မှိုတစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် အပ်မှိုကိုမစားသုံးမီ ကောင်းကျိုးများအပြင် ဆိုးကျိုးများကိုပါ သိရှိထားသင့်ပါတယ်။
၁။ မှိုအဆိပ်သင့်ခြင်း
အပ်မှိုဟာ ကြွက်သားများ ဆုံးရှုံးပျက်စီးစေတဲ့ရောဂါကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အပ်မှိုဟာ ကိုလက်စထရောကို လျော့ချပေးနိုင်သော်လည်း သွေးဖြူဥနှင့် ရောဂါကာကွယ်ပေးသော သွေးတွင်းဆဲလ်များ အရေအတွက်ကျဆင်းစေတာကို တွေ့ရှိခဲ့ရပါတယ်။ ထို့ကြောင့် အပ်မှိုဟာ ကြွက်သားများနှင့် နှလုံးအား ထိခိုက်စေနိုင်ပါတယ်။
၂။ ဓာတ်မတည့်ခြင်းများ
ကြက်ဥနှင့် အသားဓာတ် ဓာတ်မတည့်သောရောဂါ ရှိသူတွေဟာ အပ်မှိုကို ရှောင်ရှားသင့်ပါတယ်။ အစာအဆိပ်သင့်တတ်တဲ့သူတွေကတော့ အပ်မှိုကိုဂရုပြုစားသုံးသင့်ပါတယ်။
၃။ သွေးတွင်းသကြားဓာတ်ကျစေခြင်း
သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် သွေးတွင်းသကြားပမာဏ ကျဆင်းလေ့ ရှိသူတွေ အပ်မှိုကိုအလွန်အကျွံစားသုံးခြင်း မပြုသင့်ပါဘူး။
၄။ ဘတ်တီးရီးယားကူးစက်ရောဂါ
လတ်ဆတ်တဲ့မှိုကိုပဲ အမြဲစားသုံးသင့်ပြီး ပုပ်နေသော နွမ်းရိနေသောမှိုများကို မစားသုံးသင့်ပါဘူး။ ပလတ်စတစ်ပါကင်ဖြင့်ထုပ်ပိုးထားတဲ့ အပ်မှိုတံဆိပ်အချို့မှာ Listeria လို့ခေါ်တဲ့ ဘတ်တီးရီးယားပိုးများပါဝင်နေကြောင်း ၂၀၂၁ မေလ ၃၁ ရက်နေ့က သတင်းများထုတ်ပြန်ခဲ့ပါတယ်။ Listeria ဘတ်တီးယားပိုးဟာ မူးဝေအော့အန်ခြင်း၊ ပြင်းထန်စွာဖျားနာခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်းများအပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ပလတ်စတစ်ပါကင်ထုပ်ပိုးထားတဲ့အပ်မှိုများကို မဝယ်ယူမီ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးသင့်ပါတယ်။ အပ်မှိုအပြင် မည်သည့်မှိုမျိုးမဆို မဝယ်ယူမီ ပုပ်သိုးဆွေးမြေ့မှုရှိမရှိ စစ်ဆေးပြီး လတ်ဆတ်မှုရှိမှသာ ဝယ်ယူစားသုံးသင့်ပါတယ်။
မှိုတွေဟာ super food လို့ တင်စားခေါ်ဆိုနိုင်သော်လည်းပဲ တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း ချင့်ချိန်စားသုံးဖို့ တိုက်တွန်းလိုက်ရပါတယ်။
Soe Soe
လွန်ခဲ့သော ၅ နှစ် ကအပ်မှိုစိုက်နည်းသိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၈)
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
ဆက်စပ်မေးခွန်းများ
သဘာဝမြေသြဇာကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချချင်တာပါ။ဘယ်လိုအရာတွေကိုပေါင်းစပ်ထုတ်လုပ်ရမလဲဗျ နည်းပညာသိသူများမျှဝေပေးပါဦး
YeMinZaw • ဖြေကြားချက် 0 ခု
ထရိုင်ကိုဒါးမားဘယ်မှာဝယ်ရမလဲ မှုံရွာကပါ မှိုကြချိန်အသုံးပြုလို့အဆင်ပြေးလားဗျ
ko moe • ဖြေကြားချက် 1 ခု
ဖြေပေးပါအူးဗျာ နွားစာမရှိလို့ ပဲလွန်းနဲ့ ပြောင်းဖူးကျဲ ချင်ပါတယ် မကွေးတိုင်းချောက်မြို့နယ်မှာ မိုးရနိုင်သေးလားဗျ ကျဲသင့်မကျဲသင့်အကြံပေးပါအူးဗျ
U Yan • ဖြေကြားချက် 2 ခု
ပေါ်ဆန်း (ဘေးကြား) ခင်းဖြုတ်ကျရင် ဘာဆေးတွေကောင်းလဲဗျ ကျွန်တော်တို့ နယ်ဘက်မာတော့ ဝူရှူး၊ ပိုင်ဒီ၊ နော့ဒေါင်း စတဲ့ ဖြုတ်ဆေးတွေတော့အသုံးများပါတယ် ပထမတစ်ခါတော့ဝူရှူးပက်ထားပါတယ်ဗျ နောက်တစ်ရက်ခြာပီး ပက်ချင်လို့ ပက်သင့်တဲ့ ဖြုတ်နဲ့ ငါးမြောင်တောင် စတာတွေ ကာကွယ်တဲ့ ဆေးတစ်မျိုးလောက်ညွှန်ပေးကြပါဦးဗျ
အောင်မျိုးသူ • ဖြေကြားချက် 1 ခု
ပဲကောင်းပေါင်းသေဖျန်းရင်ပိုးသတ်ဆေးထည့်လို့ရလားဗျ ပိုးကျနေလို့
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၆-၂၀.၁၁.၂၀၂၆)
20/11/2026
စိုက်ခင်းအတွင်း နွားချေးအစိမ်း သုံးမိရင် ကြုံရမယ့် အန္တရာယ် ၃ မျိုး
20/11/2026
ရှမ်းပြည်ထွက် ကုန်စိမ်းများ ဈေးတက်နေ
19/11/2026
အရည်အသွေးကောင်းပြီး အထွက်နှုန်းမြင့်သည့် သီးနှံစိုက်ခင်းများကို ရရှိစေသည့် ဇီဝမြေဩဇာဆိုသည်
19/11/2026
ဝက်ခြံဖမ်းဈေး ကျဆင်းသော်လည်း အသားဈေး ကျပ် ၃၀,၀၀၀ အထက်တွင် ရှိနေ
18/11/2026
More from ThawZin
အားလုံး