လယ်သမားဦးရေ ကျဆင်းလာခြင်းက အရှေ့တောင်အာရှ၏ ထိပ်တန်းဆန်ထုတ်သူ အင်ဒိုနီးရှားနိုင်ငံကို ခြိမ်းခြောက်လျက်ရှိ
အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ ထိပ်တန်းဆန်ထုတ်လုပ်သူအဖြစ် ထိုင်းနဲ့ ဗီယက်နမ်တို့ကို ကျော်တက်သွားခဲ့ပါပြီ။
၂၀၂၅ ခုနှစ်မှာ ဆန်တန်ချိန် ၃၂ သန်း ထုတ်လုပ်ရန် ရည်မှန်းထားပြီး ယခင်နှစ်ကထက် ၃ ရာခိုင်နှုန်း တိုးလာတာလည်း ဖြစ်ပါတယ်။
သို့ပေမဲ့ လယ်သမားဦးရေ ကျဆင်းလာတာကြောင့် စိုက်ပျိုးရေးကဏ္ဍရဲ့ ရေရှည်ရပ်တည်နိုင်မှုနဲ့ နိုင်ငံရဲ့ ကြီးထွားလာနေသော စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ရာအတွက် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
စားနပ်ရိက္ခာဖူလုံရေးတွင် စိုက်ထူနိုင်ခဲ့သော သမိုင်းဝင်မှတ်တိုင်
အင်ဒိုနီးရှားနိုင်ငံဟာ ဆန်ထုတ်လုပ်မှု ၄၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အစိုးရရဲ့ အရန်ဆန်မှာ သမိုင်းဝင် တန်ချိန် ၄ ဒသမ ၂ သန်းအထိ ရှိခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ပြီးခဲ့တဲ့ ဇူလိုင်လက ပြောကြားခဲ့ပါတယ်။
သို့သော်လည်း မြေယာခွဲဝေမှုမညီမျှခြင်းနဲ့ တောင်သူလယ်သမားများအတွက် ပံ့ပိုးကူညီမှု နည်းပါးခြင်းကဲ့သို့သော စိန်ခေါ်မှုတွေဟာ ဆန်စပါးတိုးမြှင့်ထုတ်လုပ်မှုကို ဆက်လက် ဟန့်တားလျက်ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံသား အများစုလိုပဲ နာမည်တစ်လုံးတည်းရှိတဲ့ လယ်သမားဇနီးမောင်နှံ Isna နှင့် Caca တို့ဟာ နေ့စဉ် ၇ နာရီ အလုပ်လုပ်ကြရပါတယ်။
သူတို့ ဇနီးမောင်နှံ ၂ ဦးဟာ ၁ ဒသမ ၂ တန် ခန့်ရှိတဲ့ စပါးတွေကို တစ်နှစ်လျှင် အနည်းဆုံး ၃ ကြိမ်ခန့် ရိတ်သိမ်းရပြီး ထွက်ရှိသမျှ စပါးအားလုံးကို စက်ရုံတွေမှာ သွားရောက်ရောင်းချကြတာ ဖြစ်ပါတယ်။ အဆိုပါရောင်းချမှုကနေ သူတို့အတွက် နှစ်စဉ်၀င်ငွေ အမေရိကန်ဒေါ်လာ ၃၆၀ ခန့် ရရှိကြပါတယ်။
တောင်သူဇနီးဖြစ်သူ Caca ပြောပြတာကတော့ သူမတို့ဟာ ဓာတ်မြေသြဇာ (သို့မဟုတ်) ငွေကြေးအကူအညီ တစ်ခါမျှမရရှိခဲ့ကြောင်း၊ ထိုကဲ့သို့သော ထောက်ပံ့မှုတွေသာ ရရှိခဲ့မယ်ဆိုရင် သူတို့ရဲ့ နေ့စဉ်စားဝတ်နေရေးကို အထောက်အကူဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
တောင်သူ Isna ထပ်လောင်းပြောကြားတာကတော့ အစိုးရအနေနဲ့ လယ်သမားတွေကို ကူညီသင့်ကြောင်း၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးသင့်သလို မရိတ်သိမ်းရသေးတဲ့ စပါးများကို ဝယ်ယူရန်လည်း ကူညီပေးသင့်ကြောင်း၊ သို့မှသာ ဆန်စပါး ဈေးနှုန်းများဟာ စံသတ်မှတ်ထားပြီးသားဖြစ်မယ် လို့ဆိုပါတယ်။
ဆန်စပါးထုတ်လုပ်မှုကို တိုးမြှင့်ဖို့ရာအတွက် အာဏာပိုင်များဟာ ဓာတ်မြေသြဇာထောက်ပံ့မှု၊ လယ်ယာသုံးစက်ယန္တရားများ အဆင့်မြှင့်တင်မှု၊ စိုက်ပျိုးချိန်ကို အရှိန်အဟုန်နဲ့မြှင့်တင်မှု အပါအဝင် စပါးကြမ်းခင်းဈေး တိုးမြင့်သတ်မှတ်မှုတို့ကို လုပ်ဆောင်ခဲ့ကြပါတယ်။
ထိုကဲ့သို့ ကြိုးပမ်းမှုတွေကြားမှာပဲ အင်ဒိုနီးရှားတာဝန်ရှိသူတွေဟာ ပြည်တွင်းအရန်ငွေများကို ထိန်းသိမ်းဖို့ရာနဲ့ ရာသီဥတုအခြေအနေများကို စောင့်ကြည့်ဖို့ရာအတွက် ဦးစားပေး လုပ်ဆောင်နေရတာကြောင့် ပြည်ပပို့ကုန်တွေဟာ ယခုအချိန်မှာ ရပ်တန့်လျက်ရှိနေပါတယ်။

စားနပ်ရိက္ခာဖူလုံအောင် လုပ်ဆောင်ခြင်း
လေ့လာသုံးသပ်သူတွေ အဓိကမေးတဲ့ အကြောင်းအရာကတော့ အင်ဒိုနီးရှားနိုင်ငံဟာ ၎င်းရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းနိုင်မလား ဆိုတာပါပဲ။
စားနပ်ရိက္ခာဖူလုံရေး ပြည်သူ့အမျိုးသားညွန့်ပေါင်းအဖွဲ့ရဲ့ အမျိုးသားညှိနှိုင်းရေးမှူး အဗ္ဗဒူလာက စားနပ်ရိက္ခာ ရေရှည်တည်တံ့ခိုင်မြဲမှုရဲ့ ရှု့ထောင့်ကနေကြည့်ရင် စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ ရေရှည်တည်တံ့တဲ့ စားနပ်ရိက္ခာဖူလုံမှုကို လိုချင်တယ်ဆိုရင် အဆိုပါ ကဏ္ဍ ၃ ခုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီကဏ္ဍတွေကို ထိခိုက်ပျက်စီးမှုမရှိဘဲ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်" လို့ သူက ထပ်လောင်းပြောပါတယ်။
“အဆိုပါကဏ္ဍတွေကို ခိုင်မာတဲ့မူဝါဒတွေနဲ့ ပံ့ပိုးပေးခြင်းဖြင့် တောင်သူလယ်သမားတွေနဲ့ စိုက်ပျိုးရေးကဏ္ဍကို ပိုမိုအကူအညီ ဖြစ်စေမှာ အသေအချာပါပဲ”
အင်ဒိုနီးရှားနိုင်ငံမှာ တောင်သူလယ်သမားဦးရေ ကျဆင်းလာနေကြောင်းကို နိုင်ငံရဲ့ စိုက်ပျိုးရေးဆိုင်ရာ သုံးသပ်လေ့လာမှုများအရ သိရှိရပါတယ်။
စိုက်ပျိုးရေးကဏ္ဍကို ပိုမိုဆွဲဆောင်မှုရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်လာစေဖို့ရာအတွက် ပိုမိုကြိုးပမ်းအားထုတ်ရန် လိုအပ်ကြောင်း လေ့လာသုံးသပ်သူများက ပြောပါတယ်။
စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ အင်ဒိုနီးရှားနဲ့ တီမောလက်စ်တီနိုင်ငံဆိုင်ရာ တာဝန်ခံဒါရိုက်တာဖြစ်သူ Rajendra Aryal က အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ လယ်သမားတွေရဲ့ ၈၀ ရာခိုင်နှုန်း ခန့်ဟာ အသက် ၄၀ ကျော်အရွယ်ရှိသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
“နောက် အနှစ် ၂၀ ဆိုရင် သူတို့ရဲ့အသက်တွေက ၆၀ လောက် ရှိလာပါလိမ့်မယ်” “လယ်ယာကဏ္ဍမှာရှိတဲ့ အဆိုပါလုပ်သားအင်အားကို မထိန်းသိမ်းနိုင်ပါက ဆန်စပါး ထုတ်လုပ်မှုကိုလည်း ရေရှည်တည်တံ့အောင် ဆက်လက်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
အစိုးရရဲ့ အချက်အလက်များအရ လယ်ယာလုပ်ငန်းရဲ့ ကဏ္ဍခွဲအားလုံးမှာရှိတဲ့ လယ်သမားဦးရေဟာ ၂၀၀၃ ခုနှစ်မှာ ၃၅ သန်းခန့်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၂၈ သန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါတယ်။
လယ်ယာမြေ ၀.၅ ဟက်တာအောက် ပိုင်ဆိုင်တဲ့ လယ်သမားအိမ်ထောင်စု ၁၇ ရာခိုင်နှုန်းရှိပြီး စပါးကဲ့သို့ အဓိကကျတဲ့သီးနှံများကို စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမား ၁၅ သန်းခန့် ရှိနေတာကြောင့် လူဦးရေ သန်း ၂၈၀ ရှိသော နိုင်ငံသားများကို ရေရှည်တည်တံ့စွာ စားနပ်ရိက္ခာပေးနိုင်ဖို့ ရည်မှန်းထားတယ်ဆိုရင် တောင်သူလယ်သမားများရဲ့ စားဝတ်နေရေးကို တိုးတက်ကောင်းမွန်စေရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ဖို့ရာ လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။
CNO မှ သတင်းတစ်ပုဒ်အား မြန်မာဘာသာဖြင့် သင့်လျော်သလို ဘာသာပြန်ဆိုထားပါသည်။ ကိုးကားလင့်ကို နှိပ်ပါ။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
ကိုမေရှ
လွန်ခဲ့သော ၁ နှစ် က🥰
ဆက်စပ်ဆောင်းပါးများ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026