အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခြေတစ်သန်း လှမ်းခဲ့တဲ့ ကြက်

ခြေတစ်သန်း လှမ်းခဲ့တဲ့ ကြက်

Thein Soe Min
Thein Soe Min • Greenovator • 11/10/2018
00:00
00:00

တရုတ်နိုင်ငံရဲ့ ဆင်းရဲမှု ပပျောက်ရေးအတွက် လုပ်ဆောင်ခဲ့ကြတဲ့ အစီအစဉ်တွေထဲမှ နာမည်ကြီး အွန်းလိုင်းဈေးကြီး တစ်ခုဖြစ်တဲ့ JD က စိတ်ကူးသစ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒီစိတ်ကူးကလည်း မြို့ပေါ်မှာရှိတဲ့ စားသုံးသူတွေရဲ့ မွေးမြူရေး ကြက်သားတွေကို စားချင်စိတ်နည်းပါးလာတာကို ဖြည့်ဆည်းပေးဖို့ကနေ ရလာတဲ့ စိတ်ကူးလို့ ဆိုရမှာပါ။

မွေးမြူရေးကြက်မဟုတ်ဘဲ ကွင်းပြင်မှာ လွှတ်မွေးထားတဲ့ ကြက်တွေရဲ့ ဈေးနှုန်းက သာမာန်ကြက်တွေထက် သုံးဆခန့် ပိုများနေတာကိုလည်း တွေ့ရပါတယ်။ ဒီအစီအစဉ်ကို JD ကုမ္ပဏီကနေ ကျေးလက်မှာရှိတဲ့ ဝင်ငွေနည်းတဲ့ မိသားစုတွေနဲ့ စတင်ခဲ့ပါတယ်။

မိသားစုတစ်စုကို ကြက်အကောင်ရေ တစ်ရာ မွေးမြူစေပြီး ကုမ္ပဏီကနေ ခြေလှမ်းတိုင်းတဲ့ ကိရိယာကို ကြက်တွေမှာ တပ်ဆင်စေခဲ့ပါတယ်။ ကြက်တွေကို ကွင်းပြင်မှာ လွှတ်မွေးစေခဲ့ပြီး ခြေလှမ်းတစ်သန်းပြည့်မှ ကုမ္ပဏီကို ပြန်လည်ဝယ်ယူပါတယ်။ ကုမ္ပဏီကနေ ဝယ်ယူတဲ့ ဈေးနှုန်းက ကြက်တစ်ကောင်ကို ယွမ် ၁၀၀ အထက်မှာ ရှိပါတယ်။ ယွန် ၁၀၀ ဆိုတာ မြန်မာငွေနဲ့ဆို ကျပ် ၂၀,၀၀၀ (နှစ်သောင်း) အထက်မှာ ရှိပါတယ်။

မွေးမြူရေးခြံကကြက်နဲ့ လွှတ်မွေးထားတဲ့ ကြက်နဲ့ ဘာကွာခြားသလဲ နှိုင်းယှဉ်ကြည့်ရင် တရုတ်မှာရှိတဲ့ မွေးမြူရေးခြံက ကြက်အများစုက မွေးမြူတဲ့ ကာလတစ်လျောက်လုံးမှာ ၁၀ ပေထက်ပိုပြီး လမ်းမလျှောက်ခဲ့ဖူးပါဘူး။ မွေးမြူရေးကြက်တွေကို ၄၅ ရက်သားအထိသာ မွေးမြူကြပြီး လွှတ်မွေးတဲ့ ကြက်ကတော့ ရက်ပေါင်း ၁၆၀ လောက်ထိ မွေးရပါတယ်။

JD ကနေ ပြန်ရောင်းတဲ့ဈေးက ခြေလှမ်းတစ်သန်းလျှောက်ခဲ့တဲ့ ကြက်တွေကို အလေးချိန်ပေါ်မူတည်ပြီး ကျပ် ၃၀,၀၀၀ ကနေ ၄၅,၀၀၀ လောက်ထိ (ယွမ် ၁၂၈ ကနေ ၁၈၈ ထိ) ရောင်းချရပြီး မွေးမြူရေးကြက်ကိုတော့ ပျမ်းမျှ  ကျပ် ၁၁,၀၀၀ ပတ်ဝန်းကျင်ပဲရောင်းရပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ကျေးလက်မိသားစုတွေ ဝင်ငွေတိုးစေဖို့ ဒီလိုစိတ်ကူးကောင်းတွေနဲ့ စတင်သင့်နေပါပြီ။

သိန်းစိုးမင်း

3
မနွယ်နွယ်

မနွယ်နွယ်

လွန်ခဲ့သော ၅ နှစ် က

Good

ဖိုးဖြူ

ဖိုးဖြူ

လွန်ခဲ့သော ၅ နှစ် က

ကြမျိုး လိုအပ်ပါသည်

လှအေး

လှအေး

လွန်ခဲ့သော ၅ နှစ် က

နည်းပညာတွေ လိုအပ်ပါသည်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။