တိရစ္ဆာန်ချေး မြေသြဇာ အရည် ပြုလုပ်နည်း
တိရစ္ဆာန်မွေးမြူရေးခြံများမှရရှိသော မစင်နှင့် အညစ်အကြေးတို့သည် မြေဆီလွှာတိုးတက်ကောင်းမွန် အောင် ပြုလုပ်ရာတွင် အလွန်အသုံးဝင်သည်။ ၎င်းသည် မြေဆီလွှာအတွင်း အဟာရများဖြည့်ဆည်းပေး ခြင်း၊ မြေဆီလွှာ၏ တည်ဆောက်ပုံကို ပိုမိုကောင်းမွန်စေခြင်းနဲ့ ရေဓာတ်ထိန်းသိမ်းမှုနှင့် အချဉ်၊ အငန်ဓာတ်တို့ကို မျှတစေသည်။
တိရစ္ဆာန်မွေးမြူရေးခြံများမှ မစင် အညစ်အကြေးများသည် ထုထည်ကြီးမားပြီး၊ အလွန်လေးလံပါသည်။ ၎င်းတို့ကို ပုပ်သိုးဆွေးမြေ့သွားအောင် ရှေးဦးစွာပြုလုပ်ရမည်။ အဘယ်ကြောင့်ဆိုသော် လတ်ဆက်သည့် တိရစ္ဆာန်ချေးသည် အပင်များကိုလောင်ကျွမ်းစေနိုင်သည်။ အညစ်အကြေးများထဲတွင် ပေါင်းပင်အစေ့များ များစွာပါဝင်နေသောကြောင့် သင်၏ ကောက်ပဲသီးနှံ များကြားတွင် ပေါင်းပင်များလည်း ရောနှောပေါက်လာတက်ပါသည်။
တိရစ္ဆာန်၏မစင်ရည်သည် တိရစ္ဆာန်တို့၏ချေးမှ တန်ဖိုးရှိသော အဟာရဓာတ်များပါဝင်ပြီး တန်ဖိုးယုတ် လျော့စေခြင်း မရှိစေပါ။
လိုအပ်သော ပစ္စည်းကိရိယာများ
အရည်စိမ့်ထွက်နိုင်၍ ခိုင်ခံ့သော ဂုံနီအိတ် သို့မဟုတ် ချည်အိတ်
၂၀၀ လီတာပုံး (သို့) စဉ့်အိုး
ပုံး (သို့) စဉ့်အိုးပုံး၏ အဖုံး
တိရစ္ဆာန်မွေးမြူရေးခြံမှထွက်သော မစင် အညစ်အကြးများ
ပြုလုပ်နည်း
• မစင်အညစ်အကြေးများကို အိတ်အတွင်းသို့ထည့်သွင်းပြီး အိတ်၏ ထိပ်ပိုင်းကို ကြိုးဖြင့် ချည်နှောင်ထားပါ။
• ထို့နောက် အိတ်ကို ပုံး (သို့) စဉ့်အိုးထဲသို့ ထည့်သွင်းထားလိုက်ပါ။
• ပုံး (သို့) စဉ့်အိုး ထဲသို့ ရေဖြည့်ထည့်လိုက်ပါ။
• ခြင်များမဝင်နိုင်အောင် အဖုံးဖြင့်ဖုံးအုပ်ထားလိုက်ပါ။
ရလဒ်
• သီတင်း (၂) ပတ်ကြာပြီးနောက် ပုံး (သို့) စဉ့်အိုးထဲရှိ ရေများသည် လက်ဖက်ရည်အရောင်ကဲ့သို့ အညိုရောင်ပြောင်းလဲသွားပါသည်။ တိရစ္ဆာန်အညစ်အကြေးထဲတွင်ရှိသော အဟာရဓာတ်များ ရေထဲတွင် ပျော်ဝင်သွားသောကြောင့်ဖြစ်သည်။
• မစင်ရည်များကို ဖောက်ထုတ်၍ အပင်များကို တိုက်ကျွေးပါ။
အသုံးမပြုမီ
• ကောက်ပဲသီးနှံများကိုလက်တွေ့မတိုက်ကျွေးမီ အစမ်းသဘောအနေဖြင့် မြက်ပင်တစ်ကွက်ပေါ်သို့ မစင်ရည်အနည်းငယ် လောင်းချလိုက်ပါ။
• (၂) ရက် သို့မဟုတ် (၃) ရက် နောက်ပိုင်းတွင် မြက်ပင်များလောင်ကျွမ်း၍ အညိုရောင်ပြောင်းလဲသွားပါ က အဆိုပါ မစင်ရည်ကို ရေဖြင့် ထပ်မံ ရောထည့်ရပါမည်။
မှတ်သားရန်။ ။ အလေးချိန်တူသော ကြက်ချေး၊ ဝက်ချေးဖြင့်ပြုလုပ်သော မစင်ရည်သည် နွားချေး၊ သိုးချေး၊ ဆိတ်ချေးတို့ဖြင့် ပြုလုပ်သော မစင်အရည်ထက် ပိုမိုအာနိသင်ပြင်းနိုင်သည်ကို တွေ့ရပါသည်။
အကျိုးကျေးဇူးများ
အပင်များကြီးထွားသည့်အချိန်ရာသီအတွင်း၌ အပင်များအား လစဉ် သို့မဟုတ် သီတင်းနှစ်ပတ်တစ်ကြိမ် ပုံမုန်သဘောမျိုးဖြင့် လိုအပ်သောအာဟာရဓာတ်များကို တိုးမြှင့်ဖြည့်ဆည်းပေး နိုင်ရန်ဖြစ်သည်။
အပင်များသည် မြေသြဇာအရည်ကို ၎င်းတို့၏အမြစ်များမှလည်းကောင်း၊ အရွက်များ၏ အပင်ပေါက်များမှ လည်းကောင်းစုပ်ယူကြပါသည်။
မြေကြီးထဲတွင် မြေသြဇာအလုံအလောက်မရှိသောအခါများတွင် သို့မဟုတ် အပင်၏ အမြစ်များမသန်သည့် အနေအထားမျိုးတွင် အပင်၏အထက်ပိုင်း သစ်ရွက်များမှတစ်ဆင့် အာဟာရဖြည့်ဆည်းပါသည်။ အထူးသဖြင့် ဟင်းသီးဟင်းရွက်အပင်များကဲ့သို့သော အကြီးမြန်သည့် အပင်များ ကြီးထွားသည့် ရာသီအတွင်း၌ အပိုအာဟာရဖြည့်တင်းပေးခြင်းအတွက် ထိရောက်အသုံးဝင်မှု ရှိပါသည်။
အပင်၏ အမြစ်ပိုင်းတစ်ဝိုက်တွင် မြေသြဇာအရည်များကို အပင်၏အမြစ်သို့ သယ်ဆောင်ပေးနိုင်ပါသည်။
Source- Farming Technique Manual
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
Thet Paing Oo
လွန်ခဲ့သော ၃ နှစ် ကအချိုးအစား အတိအကျ လေးပါ ထည့်ပေးစေချင်ပါတယ် ဗျ ဥပမာ နွားချေး တစ်ပိသာ မှာ ရေဘယ်လောက်ရောရမယ် ဆိတ်ချေးတစ်ပိသာ မှာ ရေဘယ်လောက်ရောရမယ် ရောစပ်ပြီးနောက် အပင်တွေကို ဖြန်းတဲ့အခါ ရေဘယ်လောက် ရောရမယ်ဆိုတာလေး သိချင်ပါတယ်ဗျ
Oo Wah Htoo
လွန်ခဲ့သော ၆ နှစ် ကရေအပြည့်ထည့်ထားပေးရမှာလားသိချင်လို့
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ
Khing Hein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....