အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အားဖြည့် သဘာဝမြေသြဇာ ပြုလုပ်နည်း

အားဖြည့် သဘာဝမြေသြဇာ ပြုလုပ်နည်း

Green Way
Green Way • 08/12/2017

၁။ အားဖြည့် သဘာဝမြေသြဇာ ပြုလုပ်နည်း

မြို့နေလူထုမှ စွန့်ပစ်သော အမှိုက်များကို စနစ်တကျ စုဆောင်းပါ။ ယင်းတို့အနက်မှ သံတိုသံစ၊ သတ္တု၊ ဖန်ကွဲ၊ ပလပ်စတစ်၊ ကော်ကြွပ်စသည့် ပစ္စည်းများကိုရွေးထုတ် သန့်စင်ပါ။ ကျန်ဆွေးမြည့်ကြေပျက်နိုင်သော အမှိုက်များကို အလွှာလိုက် စုပုံ၍ EM ဖျော်ရည်များ ဖျန်းပါ။ ယင်းနောက်ဆွေးမြည့်ကြေပျက်စေရန် ၆လခန့် ထားပါ။ အထက်အောက် လှန်ပေးပါက မြန်မြန်ဆွေးပါသည်။ ယင်းနောက် အမှိုက်ဆွေးများအား ဇကာချပါ။ ရရှိသည့်မြေဆွေးမှုန့်များအား အာဟာရဓာတ် ပြည့်စုံစေရရန်မြေဆွေး ၂၅ ကီလို (၁၅ ပိဿာ) ကိုအောက်ပါ အာဟာရဓာတ်ပစ္စည်းများ အချိုးကျရော၍ သမအောင်မွှေပါ။

၂။ ထည့်သွင်းသုံးစွဲနည်း

နှံစားသီးနှံ၊ ပဲမျိုးစုံသီးနှံ၊ စက်မှုသီးနှံ၊ နှစ်ရှည်သီးနှံနှင့် သစ်သီးဝလံ ပန်းမန်များအားလုံးတွင် ထည့်သွင်း အသုံးပြုနိုင်သည်။ စပါးသီးနှံမြေပြုပြင်ချိန်တွင် ၅၆ပေါင် (၁၅ ပိဿာ)၊ ၄အိတ်နှုန်း ထည့်ပါ။ အပင် ဖြစ်ထွန်းချိန် တွင် ၂ အိတ်နှင့် မှို့ကပ်ချိန်တွင် ၂ အိတ် ထပ်မံ ထည့်သွင်းပါ။ အခြားသီးနှံများအတွက် မြေပြုပြင် ချိန်တွင် တစ်ဧက ၄ အိတ်နှုန်း ထည့်ပါ။ ဟင်းသီးဟင်းရွက်များတွင်မြေခံအဖြစ် ထည့်သွင်းပြီးနောက် ပေါင်းသင်၊ မြေဆွပြုလုပ်ချိန်တွင် ထပ်မံ ထည့်သွင်း သုံးစွဲနိုင်ပါသည်။ အတန်းလိုက် သီးနှံများ၌ အပင်ခြေတွင် အတန်းလိုက် ဖြူးပေး၍ မြေဖုံးပေးပါ။

၃။ အကျိုး သက်ရောက်မှု

သီးနှံအတွက် အဓိက အာဟာရဓာတ်များ ပါဝင်၍ အပင်ကြီးထွားသန်မာပြီး အထွက်နှုန်းကောင်းမွန်သည်။ အနည်းလို အာဟာရဓာတ်များ ပါဝင်၍ အထွက်နှုန်း ပိုမိုတိုးတက်စေသည်။ စေးသောမြေကို ဖွယ်စေပြီး ဖွယ်သောမြေကိုစေးစေသည်။ မြေဆီလွှာအတွင်း၊ လေဝင်လေထွက်ကောင်းပြီး အစိုဓာတ်နှင့် အပူချိန်ကို ထိန်သိမ်းပေးသည်။ အပင်သက်တမ်း တစ်လျှောက် အာဟာရဓာတ်များကို ဖြည့်စွက်ပေးသည်။

ကိုးကား- မြေဆီလွှာ အကျိုးပြု သဘာဝ မြေသြဇာ၊ ဇီဝမြေသြဇာ အမျိုးမျိုး ပြုလုပ်သုံးစွဲန

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Tin Maung Win

Tin Maung Win

လွန်ခဲ့သော ၅ နှစ် က

EM ဖျော်ရည်က ဝယ်လို့ လွယ်ပါသလား၊ မိမိအိမ်မှာဘဲ ပြုလုပ်ရတာ လွယ်ပါ သလားခင် ဗျာ။

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။