အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နှင်းဆီပင်တွေ အမြဲပွင့်လန်းနေစေဖို့ (နှင်းဆီပန်းစိုက်ပျိုးမှု အာဟာရလမ်းညွှန်)

နှင်းဆီပင်တွေ အမြဲပွင့်လန်းနေစေဖို့ (နှင်းဆီပန်းစိုက်ပျိုးမှု အာဟာရလမ်းညွှန်)

သော်ဇင်
သော်ဇင် • 22/04/2026

တစ်ရာသီလုံး အဆက်မပြတ် ပွင့်နိုင်တဲ့ (Repeat-blooming) နှင်းဆီမျိုးတွေအတွက် အထူးစီမံထားတဲ့ ကျွန်ုပ်တို့ရဲ့ မြေဩဇာကျွေးစနစ်ရှိမယ်ဆို ရင်သပ်ရှုမောဖွယ် အပွင့်များကို ရရှိနိုင်မှာဖြစ်ပါသည်။ ဒီစနစ်ဟာ နှင်းဆီပင်တွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အပင်သန်စွမ်းဖို့နဲ့ ပန်းပွင့်ချိန် မှန်ကန်စေဖို့ ဖန်တီးထားတာပါ။ အဆင့်လိုက် လုပ်ဆောင်ရမယ့် အချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ စိုက်ပျိုးခြင်းမပြုမီ အဆင့် (Pre-Planting Stage)

အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ကို မြေဆီလွှာစစ်ဆေးခြင်းနဲ့ စတင်ပါ။ နှင်းဆီပင်ငယ်လေးတွေ ရှင်သန်ကြီးထွားဖို့ အကောင်းဆုံးပတ်ဝန်းကျင် ဖန်တီးနိုင်ရန် မြေဆီလွှာရဲ့ အာဟာရဓာတ်နဲ့ pH ပမာဏကို အရင်ဆုံး ဓာတ်ခွဲစစ်ဆေးပါ။

၂။ ပျိုးပင်ရွှေ့ပြောင်းစိုက်ပျိုးသည့်အဆင့် (Transplanting Stage) -(စိုက်ပျိုးပြီး ၁ ရက်မှ ၁၄ ရက်အတွင်း)

ပျိုးပင်များကို စိုက်ကွင်း သို့မဟုတ် ဖန်လုံအိမ်ထဲသို့ ပြောင်းရွှေ့ရာမှာ အပင်နာခြင်းမရှိစေဖို့ မျှတတဲ့ အပင်အခြေခံမြေဩဇာ (Starter Fertilizer) (ဥပမာ-၁၅:၂၀:၁၀)ကို အသုံးပြုပါ။ မြေဆီလွှာစစ်ဆေးချက် ရလဒ်ပေါ်မူတည်ပြီး သင့်တော်တဲ့ အမျိုးအစားနဲ့ ပမာဏကို ရွေးချယ်ကျွေးရပါမယ်။ ဒါမှသာ အမြစ်များ အလျှင်အမြန် ဖွံ့ဖြိုးပြီး ပင်စည်သန်စွမ်းမှာ ဖြစ်ပါသည်။

၃။ အပင်ကြီးထွားသည့်အဆင့် (Vegetative Growth Stage)- (၁၅ ရက်သားမှ ၄၅ ရက်သားထိ)

ဒီအဆင့်မှာ နှင်းဆီပင်တွေဟာ အမြစ်နဲ့ သစ်ရွက်တွေ ဖွံ့ဖြိုးဖို့ကို အဓိက အားစိုက်ပါတယ်။ နိုက်ထရိုဂျင် (Nitrogen) ကြွယ်ဝပြီး မရှိမဖြစ်လိုအပ်တဲ့ အနည်းလိုအာဟာရဓာတ် (Micronutrients) တွေ ပါဝင်တဲ့ မြေဩဇာက အပင်ကို သန်စွမ်းစေပြီး ပန်းပွင့်ဖို့အတွက် ပြင်ဆင်ပေးပါတယ်။ အရွက်များကို စစ်ဆေးခြင်းဖြင့် အပင်ရဲ့ အာဟာရ အခြေအနေကို သိရှိနိုင်ပြီး လိုအပ်ပါက အရွက်ဖျန်းမြေဩဇာများဖြင့် ဖြည့်စွက်ပေးနိုင်ပါသည်။

၄။ ပန်းပွင့်သည့်အဆင့် (Flowering Stage) - (၄၅ ရက်သားမှ ၆၀ ရက်သားဝန်းကျင်)

နှင်းဆီများ ပွင့်ခါနီးအချိန်မှာ ဖော့စဖောရပ် (Phosphorus) နှင့် ပိုတက်စီယမ် (Potassium) မြင့်မားစွာပါဝင်တဲ့ မြေဩဇာသို့ ပြောင်းလဲအသုံးပြုပါ။ ဒီအာဟာရဓာတ်တွေဟာ ကြီးမားတဲ့ အပွင့်များဖြစ်ထွန်းစေဖို့နဲ့ အရောင်အသွေး တောက်ပြောင်စေဖို့အတွက် အရေးကြီးပါသည်။ အနည်းလိုဓာတ် ချို့တဲ့မှုရှိပါက အရွက်ဖျန်းအားဆေးများဖြင့် ကုသဖျန်းပေးနိုင်ပါသည်။

၅။ ပန်းပွင့်ပြီးချိန်အဆင့် (Post-Bloom Stage) - (ပန်းပွင့်ပြီး တစ်ပတ်အတွင်း)

ပန်းပွင့်ချိန် တစ်ကျော့ပြီးတိုင်း နှင်းဆီပင်တွေဟာ အားအင်ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။ အချိုးမျှတစွာပါဝင်တဲ့(ဥပမာ-၁၅:၁၅:၁၅) အာဟာရဓာတ်တွေ ကျွေးခြင်းက အပင်ကို နာလန်ထူစေပြီး နောက်ထပ်တစ်ကြိမ် ပန်းပွင့်ဖို့အတွက် ပြင်ဆင်ပေးပါတယ်။ အပင်ရဲ့ ကျန်းမာရေးကို ပုံမှန်စောင့်ကြည့်ပါ။ မြေဆီလွှာနဲ့ အရွက်များကို ထပ်မံစစ်ဆေးပြီး လိုအပ်သလို အာဟာရကျွေးစနစ်ကို ပြုပြင်ပြောင်းလဲပေးပါ။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။