ငွေကို ပညာသားပါပါ စီမံခန့်ခွဲမှု

အခမဲ့ ရယူပါ (6.80 MB)

ငွေကို ပညာသားပါပါ စီမံခန့်ခွဲမှု

ငွေကို ပညာသားပါပါ စီမံခန့်ခွဲမှု စာအုပ်အား UNESCO - LIFT နှင့် ပူးပေါင်းပြီး အစိမ်းရောင်လမ်း၏စာအုပ်စင်တွင် ဖော်ပြပေးလိုက်ရပါသည်။

စာအုပ်သည် မြန်မာနိုင်ငံအနေဖြင့် ငွေကြေးဝန်ဆောင်မှုများအား ဘဏ်များ အသေးစားငွေးကြေးအဖွဲ့များ သမဝါယမအသင်းများနှင့် အခြားသောဝန်ဆောင်မှုများမှတစ်ဆင့် ပိုမိုတိုးတက်၍ လက်လှမ်းမီနေကြပြီ ဖြစ်ပါသည်။ သို့သော် အချို့နေရာများတွင် ၎င်းဝန်ဆောင်မှုများအကြောင်း သိရှိမှုအားနည်းနေကြကြောင်း သိရပါသည်။ ၎င်းအပြင် ငွေကြေးဝန်ဆောင်မှုများအကြောင်းနှင့် မိသားစုအတွင်း၌ ဝင်ငွေ၊ ထွက်ငွေ စီမံခန့်ခွဲမှုအကြောင်း သိရှိလိုကြောင်း အထူးသဖြင့် ကျေးလက်နေလူထုအကြား တောင်းဆိုမှုများရှိကြောင်းသိရသည်။ အခြားအဖွဲ့အစည်းလူပဂ္ဂိုလ်များကလဲ ငွေရေးကြေးရေးနှင့်ပက်သက်သော အသိပညာမျှဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြပါသည်။ မိမိတို့အနေဖြင့်လည်း တစ်တပ်တစ်အားအဖြစ် ပြည်သူလူထုအတွင်း ငွေကြေးဆိုင်ရာ အခြေခံသဘောတရားများကို ပိုမိုသိရှိနားလည်လာပြီး ငွေရေးကြေးရေးဝန်ဆောင်မှုများအား ပိုမိုလက်လှမ်းမှီလာစေရန် ရည်ရွယ်၍ ဤစာအုပ်အား ထုတ်ဝေခြင်းဖြစ်သည်။

မှတ်ချက် ။   ။ စာအုပ်အရွယ်အစားမှာ (၆.၈) မက်ဂါဘိုက်သာ ရှိပါသည်။