ရာသီဥတုပြောင်းလဲခြင်းဆိုတာ ဘာတွေကြောင့်ဖြစ်တာလဲ..?
ရာသီဥတုနဲ့ မိုးလေဝသ ဆိုတာကို အရင်ဆုံး ပြောကြပါစို့။
မိုးလေဝသဆိုတော လက်လီ ရက်နဲ့တွက်တာဖြစ်ပြီးတော့ ဒီနေ့မှာ မိုးရွာခဲ့တယ်၊ နေပူခဲ့တယ်စတာတွေကို ခန့်မှန်းတွက်ချက်တာမျိုးဖြစ်ပါတယ်။ ရာသီဥတုဆိုတာကတော့ နှစ်နဲ့ချီတဲ့ မိုးလေဝသမှတ်တမ်းတွေကို လေ့လာတာကိုဆိုလိုပါတယ်။
ဆိုတော့ ရေတိုဆို မိုးလေဝသ၊ ရေရှည်ဆို ရာသီဥတုပါ။ မိုးလေဝသပြောင်းလဲမှုဆိုတာကတော့ နေ့အလိုက် အမြဲပြောင်းလဲနေတာမို့ မိုးလေဝသပြောင်းလဲတယ်လို့ အထူးအထွေ ပြောစရာမလိုပါဘူး။
ဘာတွေကို ဂရုစိုက်ရမလဲဆိုရင်တော့ ရာသီဥတုပြောင်းလဲလာတာတွေကို ဂရုစိုက်ရပါမယ်။
အရင်က ဆောင်းတွင်းဆို အရမ်းအေးတာ ခုတော့ ဆောင်းပျောက်နေပါပြီကွာ ဆိုတာမျိုးက ရာသီဥတုပြောင်းလဲခြင်းရဲ့ အကျိုးဆက်တွေပါပဲ။
ဒါဆို ရာသီဥတုက ဘာကြောင့် ပြောင်းလဲတာလဲ?
အမှန်ကတော့ သဘာဝအတိုင်းကိုက ရာသီဥတုက ပြောင်းလဲနေတာမျိုးရှိပါတယ်။ နောက်ပြီး လူတွေ လုပ်လို့ ပြောင်းလဲသွားရတာမျိုးလည်းရှိပါတယ်။
အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်
(၁) ဖန်လုံအိမ်ဓာတ်ငွေ့များ
ကာဗွန်ဒိုင်အောက်ဆိုက်ဒ်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုက်ဒ်လိုမျိုး ဓာတ်ငွေ့တွေကို ဖန်လုံအိမ်ဓာတ်ငွေ့တွေလို့ ခေါ်ပါတယ်။
ပုံမှန်ဆို နေက အလင်းနဲ့ အပူဟာ ကမ္ဘာ့လေထုကိုဖြတ်ပြီး ကမ္ဘာ့မြေကိုရောက်ပြီး အလင်းပြန်တဲ့ဟာကပြန်၊ လေထုထဲကနေ ကမ္ဘာ့ပြင်ပကို ပြန်ထွက်တဲ့သူက ထွက်၊ တစ်ချို့တစ်ဝက်က လေထုထဲ၊ မြေထုထဲ သိုလှောင်ကြပါတယ်။
အပေါ်က ဓာတ်ငွေ့တွေကသာ လေထုထဲမှာ များလာတယ်ဆိုရင် လေထုထဲကနေ အပူတွေကို ပြန််မထွက်နိုင်အောင် သူတို့က ထိန်းထားကြမှာဆိုတော့ ဖန်လုံအိမ်လိုမျိုးဖြစ်သွားမှာဖြစ်တဲ့အတွက်မို့ သူတို့ကို ဖန်လုံအိမ်ဓာတ်ငွေ့တွေလို့ နာမည်ပေးထားတာဖြစ်ပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ် - တစ်နှစ်ကို လူတွေကြောင့်ချည်းပဲ သီးသန့် ကာဗွန်ဒိုင်အောက်ဆိုက်ကို ၃၀ ဘီလီယံတန်လောက် လေထုထဲကို ရောက်ပါတယ်။ စက်မှုလုပ်ငန်းတွေက ကျောက်မီးသွေးတို့လို လောင်စာတွေကို သုံးနေကြတာကြောင့်ဖြစ်ပါတယ်။
မီသိန်း - စိုက်ပျိုးရေးလုပ်ငန်းတွေမှာဆိုရင် လယ်အပုပ်ဆိုပြီးထားတဲ့အထဲက အနံ့တွေက မိသိန်းတွေပါ။ စက်ရုံအလုပ်ရုံတွေမှာ သုံးကြတဲ့ ကွန်ပရက်ဆာတွေ၊ ပန့်တွေကနေလည်း ထွက်ပါတယ်။
နိုက်ထရပ်စ်အောက်ဆိုက်ဒ် - ပုလဲလို့ခေါ်တဲ့ နိုက်ထရိုဂျင် မြေသြဇာကို မြေကြီးမှာကျွေးရင်းနဲ့ အငွေ့ပျံ ဆုံးရှုံးတယ်ဆိုရင် နိုက်ထရပ်စ်အောက်ဆိုက်ဒ်ကို လေထုထဲကို လွှတ်ပေးလိုက်တာပါပဲ။ မြေသြဇာထုတ်လုပ်တဲ့စက်ရုံတွေ၊ ကျောက်မီးသွေးလောင်စာကိုသုံးတဲ့ စက်ရုံတွေ၊ ရေသန့်စင်စက်ရုံတွေလိုမျိုး နိုက်ထရစ်အက်ဆက်နဲ့ အက်ဒီပစ်အက်ဆစ်ကို သုံးရတဲ့ စက်ရုံအလုပ်ရုံတွေကနေ ထွက်ပါတယ်။
ဆိုတော့ ဒီလို ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်တဲ့နေရာမှာ လူသားတွေက ပါဝင်မှုရှိလား မရှိလားဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုဓာတ်ငွ့တွေက အပူကိုထိန်းထားတယ်ဆိုတော့ များများရှိလေ များများထိန်းထားနိုင်လေဖြစ်ပြီး အပူချိန်တွေ မြင့်မားလာတာကို ခံစားကြရမှာဖြစ်ပါတယ်၊
(၂) အလင်းပြန်ခြင်းနဲ့ နေစွမ်းအင်ကို စုပ်ယူခြင်း
ပုံမှန်ဆိုရင်လည်း အလင်းပြန်တာပဲ၊ နေရောင်တွေကို စုပ်ယူတာပဲ၊ ဒါပေမဲ့ ဘာတွေပြောင်းလဲသွားသလဲပေါ့။ စိမ်းစိမ်းစိုစိုတောအုပ်ကိုကြည့်ရတာနဲ့ လွင်ပြင်ကြီးကိုကြည့်ရတာ၊ ခြေဗလာနဲ့ ကတ္တရာလမ်းကိုနင်းကြည့်တာနဲ့ အဲ့ဘေးက မြေကြီးကို နင်းကြည့်တာ၊ ဒါကိုပြောလိုက်ရုံနဲ့ကိုသိသာပါတယ်။ အလင်းရောင် ရောင်ပြန်တာ မပြန်တာ၊ အပူကိုစုပ်ယူထားတာ မယူထားတာကလည်း ကမ္ဘာ့ရာသီဥတုတွေကိုပြောင်းလဲစေတဲ့အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

သဘာဝဖြစ်စဉ်တွေထဲက အချက်အလက်တွေဖြစ်တဲ့
(၃) ကမ္ဘာဝင်ရိုးနဲ့ ကမ္ဘာရဲ့လည်ပတ်မှု
အစကတည်းက စောင်းနေတယ်လို့ ပြောတဲ့ ဒီဝင်ရိုးမှာလည်ပတ်ရင်းနဲ့ ကမ္ဘာ့ရာသီဥတုကလည်း နေရောင်ရမှုတွေ မရမှုတွေ ရေခဲတောင်တွေ ပျော်တာ၊ ရေခဲတာ စတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကလည်း ရှိနေတာဖြစ်ပါတယ်။
(၄) နေရဲ့လှုပ်ရှားမှု
နေဆိုတာ လောင်ကျွမ်းနေတာဆိုတော့လည်း လောင်စာတွေမကုန်နိုင်ပေမဲ့လို့ သူလည်း ပြောင်းလဲမှုတွေရှိတာပဲ၊ နေရဲ့ပြောင်းလဲမှုတွေကြောင့်လည်း ဒီကမ္ဘာမြေမှာ ရာသီဥတုပြောင်းလဲမှုတွေ ရှိပါတယ်။ နေရောင်ခြည်လမ်းကြောင်းပြောင်းလဲတာလိုမျိူး၊ နေရောင်ပြင်းအား ကွာခြားလာတာမျိုးနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေဖြစ်တတ်ပါတယ်။
(၅) နေအလင်းပြန်မှု
ခုနကတစ်ခုနဲ့ တူတူလိုပဲဆိုပေမဲ့ ဒါက သဘာဝအတိုင်းဖက်ကနေ ကြည့်တဲ့ အပိုင်းပါ။ ကျရောက်တဲ့ နေရောင် ၇၀ ရာခိုင်နှုန်းလောက်ကို ကမ္ဘာမှာရှိတဲ့ အရာဝတ္ထုတွေက စုပ်ယူထားကြပါတယ်။ သမုဒ္ဓရာတွေ၊ သစ်တောတွေ၊ မြေကြီး စတဲ့ အရာတွေက စုပ်ယူထားသလို၊ အလင်းပြန်နိုင်တဲ့အရောင်ရှိတဲ့ အရာဝတ္တုတွေကျတော့လည်း အလင်းပြန်ကြပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပါပဲ၊ ဒီလိုဖြစ်စဉ်ကြောင့် ရေငွေ့ပျံတာ၊ မိုးရွာတာ စတဲ့ မိုးလေဝသတွေလည်း မှန်မှန်ကန်ကန်ဖြစ်စေပါတယ်။ သဘာဝအားဖြင့် ပုံမှန်အတိုင်း ဖြစ်တဲ့ ဖြစ်စဉ်ပါပဲ။
(၆) မီးတောင်တွေရဲ့ လှုပ်ရှားမှုများ
မြန်မာနိုင်ငံမှာဆိုရင် နာမည်ကြီးတဲ့ မီးတောင်တွေရှိပြီးတော့ သူတို့ကနေ ခုထိ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထုတ်လွှတ်နေတာမျိုးကလည်း သဘာဝဖြစ်စဉ်အားဖြင့်တော့ ရာသီဥတုကို ပြောင်းလဲစေနိုင်တဲ့အထဲမှာတော့ ထည့်သွင်းတွက်ချက်လို့ရပါတယ်။ ဒါပေမဲ့ လူတွေလုပ်သလောက်တော့ ဖန်လုံအိမ်ဓာတ်ငွေ့ (ကာဗွန်ဒိုင်အောက်ဆိုက်)မများဘူးဆိုတာ အသေအချာပါပဲ။
(၇) ကာဗွန်ဒိုင်အောက်ဆိုက်
ငယ်ငယ်တုန်းက သင်ရသလို သဘာဝဆိုရင် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကလည်း ပါဝင်ပါတယ်။ လူတွေရှုထုတ်တာကလည်း ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်ပြီးတော့ အပင်တွေ အစာချက်လုပ်ဖို့ကျပြန်တော့လည်း ကာဗွန်ဒိုင်အောက်ဆိုက်က လိုအပ်ပြန်တယ်၊ ဆိုတော့ သဘာဝအတိုင်းကိုက သူ့ဘာသာက ရှိပြီးသား၊ သူ့သဘာဝမှာ တောမီးလောင်တာလိုမျိုးနဲ့လည်း တစ်နှစ်ထက်တစ်နှစ်က များလာတဲ့ သဘောက အစကတည်းက ရှိပြီးသားဖြစ်ပါတယ်။ ရာသီဥတုပူရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏက မြင့်ပြီး အေးရင် နိမ့်ပါတယ်။ ဒါကတော့ သဘာဝအတိုင်းမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏပြောင်းလဲမှုပါပဲ။
ဘာလို့ ရာသီဥတုပြောင်းလဲမှုဆိုတာကြီးကို နားလည်သင့်သလဲဆိုတာကတော့ လူတွေ နဲ့အတူယှဉ်တွဲနေထိုင်ကြတဲ့ ကမ္ဘာကြီးဖြစ်တာကြောင့်မို့ လူသားတွေက လုပ်မိတဲ့ အချက်တွေကြောင့် ပြောင်းလဲတာမျိုးတွေကို လျှော့ချနိုင်အောင်နဲ့ လူတွေကိုဘယ်လိုထိခိုက်မှုတွေ သက်ရောက်မှုတွေရှိတယ်ဆိုတာကို ပြန်လည်သုံးသပ်နိုင်ဖို့ဖြစ်ပါတယ်။
ဒါတွေပြောနေရတဲ့အကြောင်းကတော့ အတူတူထိန်းသိမ်းမှ ဖြစ်မဲ့ကိစ္စမို့ပါ။ ရေခဲတောင်တွေ အရည်ပျော်ကျပြီး ရေတွေ ကြီးတာ၊ မြေအောက်ရေတွေ ရှားပါးလာတာ၊ မြေပျက်တာ၊ မိုးခေါင်တာ၊ မုတ်သုံနောက်ကျတာ စတာတွေ အားလုံးဟာ အားလုံးခံစားကြရတဲ့ကိစ္စဖြစ်ပြီးတော့ အားလုံးမှာ တာဝန်ရှိလို့ပါပဲ။
ကြံ့ကြံ့ခိုင်ရင်း ထိန်းသိမ်းနိုင်သော လက်များ ဖြစ်ကြပါစေခင်ဗျာ…
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026