မက်ပစိဖိတ် (စကာၤပူ) သည် ၁၉၉၃ ခုနှစ်တွင် Map Pacific Service Pte;Ltd နာမည်ဖြင့် မြန်မာပြည်အခြေစိုက်ရုံးခွဲကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်က မြန်မာ့စိုက်ပျိုးရေးဌာနလက်အောက်ရှိ မှော်ဘီပိုးသတ်ဆေးစက်ရုံအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စတင်၍တင်သွင်းခွင့်ရရှိခဲ့ပါသည်။ မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်းအတွက် မက်ဆိုက်ပါ ၁၀ အီးစီ၊ မက်မိုနိုကရိုတိုဖော့စ် ၄၀ SCW၊ မက်ဖက်စတက် ၃ အီးစီတို့ကို ၁၉၉၆ ခုနှစ်တွင် တင်သွင်းခဲ့ပါသည်။ မြန်မာပြည်အတွက် လိုအပ်သော စိုက်ပျိုးရေးသုံးဆေးများကို၁၉၉၉ ခုနှစ်အထိတင်သွင်းပေးခဲ့ပြီး ၂၀၀၀-၂၀၀၁ ခုနှစ်တွင် ကိုယ်တိုင်တင်သွင်းဖြန့်ချိရောင်းချခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် Map Pacific Service Pte;Ltd နာမည်အစား ယခုသုံးစွဲနေသည့် Map Pacific Pte;Ltd နာမည်သို့ပြောင်းလဲခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် ကိုယ်တိုင်တိုက်ရိုက်ရောင်းချခြင်းအစား မြန်မာနိုင်ငံရှိစိုက်ပျိုးရေးသုံးဆေးများ ဖြန့်ချိသည့် ယခင် ဒိုင်းမွန်းစတား၊ ယခု အာဗန်တင်း (အာမို)သို့ တစ်ဦးတည်း ဖြန့်ချိသူကိုယ်စားလှယ်အဖြစ် ပေးအပ်ခဲ့ပြီး အရည်အသွေးပြည့်မှီသော “မက်” ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများကို ထုတ်လုပ် တင်သွင်းခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် အာဗန်တင်း (အာမို) အပြင် မာဃမင်း၊ ဧကရာဇာ၊ အဂရိုဂရင်းလန်း စသည့် စိုက်ပျိုးရေးဆေးကုမ္ပဏီများအား ဖြန့်ချိသူကိုယ်စားလှယ်အဖြစ် ထပ်မံတိုးချဲ့ပေးအပ်ခဲ့ပါသည်။ နှစ်ပေါင်း ၂၇ နှစ်ကျော်တိုင်အောင် မက်ပစိဖိတ်(Singapore)ကုမ္ပဏီ မြန်မာပြည်တွင် ရပ်တည်နိုင်ခဲ့ခြင်းသည် တောင်သူများ၏ လက်ခံယုံကြည်အားပေးမှုကြောင့်ဖြစ်ပါသည်။ မက်ပစိဖိတ် ကုမ္ပဏီမှထုတ်လုပ်သော ဆေးတိုင်း၏နာမည်ရှေ့တွင် “မက်” ဆိုသည့် စာလုံး သုံး၍ ဖြန့်ချိခဲ့ပါသည်။ တောင်သူများအကြား ရေပန်းစားလူကြိုက်များသော မက်ဆိုက်ပါ၊ မက်နိုဖော့စ်၊ မက်ဆိုက်ပါဖေါ့စ်၊ မက်ဖိုက်တာ၊ မက်ကလိုဖော့စ်၊ မက်မစ်တင်၊မက်ဖက်စတား စသည်တို့သည် မက်ပစိဖိတ်(စကာၤပူ) ကုမ္ပဏီမှ ထုတ်လုပ်သော အရည်အသွေးပြည့်မှီ စိုက်ပျိုးရေးသုံးဆေးစွမ်းကောင်းများဖြစ်ပါသည်။ ဆေးနာမည် အားလုံး၏ရှေ့တွင် “မက်” ပါရှိပါက မက်ပစိဖိတ်(Singapore) ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော အရည်အသွေးမြင့်စံချိန်စံညွှန်းမီ စိုက်ပျိုးရေးသုံးဆေးစွမ်းကောင်းများဖြစ်သဖြင့် တောင်သူများအနေဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ပါသည်။ ပြောင်းလဲလာသော စိုက်ပျိုးရေးနည်းပညာများနှင့်အတူ ပတ်ဝန်းကျင်၊စားသုံးသူ နှင့် တောင်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးရည်ရွယ်ကာ မက်ပစိဖိတ်(စကာၤပူ) မှ အော်ဂန်းနစ် ပိုးသတ်ဆေး၊ အော်ဂန်းနစ် မှိုသတ်ဆေးများကိုလည်း တင်သွင်းဖြန့်ချိရန်ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။ တောင်သူများရင်ဆိုင်ကြုံတွေ့နေရသော စိုက်ပျိုးရေးအခက်အခဲပြသနာများအတွက် မက်ပစိဖိတ်စိုက်ပျိုးရေးပညာရှင်များမှ အကြံပေးကူညီသွားရန် အသင့်ရှိနေပါသည်။

Contact Info

"+951 392168"
null
Facebook