ဘိုင်အိုစူပရင်း ဇီဝသဘာဝမြေသြဇာ

ပျက်စီးသွားသော မြေကိုပြုပြင်ရန် ၊ မြေဆီတက်ရန် ၊ အပင်များ ရောဂါပိုးမွှားများဒဏ်ခံနိုင်ရန် သီးနှံအောင်မြင်စေရန် အရည်အသွေးကောင်းစေရန် သုံးပါ

ဇွတ်ထွား ဇီဝမြေသြဇာ

အပင်များကြီးထွားသန်စွမ်းရန် အထူးထုတ်လုပ်ထားပါသည်

ဇွတ်သီး ဇီဝမြေသြဇာ

အပွင့်အသီးများ၍ ကြီးထွားစေရန် အထူးထုတ်လုပ်ထားပါသည်

မြေချဉ်ငံကိန်းတိုင်း ကိရိယာ

မြေချဉ်ငံကိန်းအား လွယ်လင့်တကူ တိုင်းတာနိုင်၊ အကြမ်းခံပြီး စိုက်ခင်းနေရာမှာ တိုင်းတာပြီး ချက်ချင်း အဖြေသိနိုင်

အက်မက် ပလပ်စ် အစေ့အဆံ အစိုဓာတ်တိုင်း ကိရိယာ

အစေ့အဆံ အစိုဓာတ်တိုင်း ကိရိယာ

အက်မက် ပလပ်စ် ကော်ဖီစေ့ အစိုဓာတ်တိုင်း ကိရိယာ

ကော်ဖီစေ့ အစိုဓါတ်တိုင်း ကိရိယာ

မြေချဉ်ငံကိန်းနှင့် စိုထိုင်းဆတိုင်း ကိရိယာ

တစ်ကြိမ်တည်းဖြင့် မြေချဉ်ငံကိန်းနှင့် စိုထိုင်းဆ နှစ်မျိုးစလုံးအား လွယ်လင့်တကူ တိုင်းတာနိုင်၊ အကြမ်းခံပြီး စိုက်ခင်းနေရာမှာ တိုင်းတာပြီး ချက်ချင်း အဖြေသိနိုင်

အမ်တီ ပရို ကော်ဖီစေ့ နှင့် ကိုကိုးစေ့ အစိုဓာတ်တိုင်း ကိရိယာ

ကော်ဖီစေ့ နှင့် ကိုကိုးစေ့ အစိုဓာတ်တိုင်း ကိရိယာ

အမ်တီ ပရို အစေ့အဆံ အစိုဓာတ်တိုင်း ကိရိယာ

အစေ့အဆံ အစိုဓာတ်တိုင်း ကိရိယာ

ရီဖရက်တိုမီတာ (အပင်၊ အသီးသုံး)

အလင်းယိုင်တိုင်း ကိရိယာ (အပင်၊ အသီးသုံး)

ရီဖရက်တိုမီတာ (ပျားရည်၊ စားဆီ)

အလင်းယိုင်တိုင်း ကိရိယာ (ပျားရည်၊ စားဆီ)

ပျံလွှား ဇီဝစုပ်စားပိုးသတ်ဆေး (အော်ဂဲနစ်)

သဘာဝအတိုင်းတည်ရှိသော အင်းဆက်ပိုးများကို ရောဂါဖြစ်စေသည့် မှို (Verticillium lecanii) ၏ သီးသန့်ရွေးချယ်ထားသည့် မျိုးစိတ်တစ်ခုကို အခြေခံထားသော ဇီဝပိုးသတ်ဆေး ဖြစ်သည်။ စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။

ပျံလွှား ဇီဝမှိုသတ်ဆေး (ဩဂဲနစ်)

ဘတ်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော အပင်ရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။ အပင်ကြီးထွားမှုကို အားပေးသည်။

သြဂဲနစ် ဖော့စဖိတ် ကျောက်မှုန့်

ဖော့စဖိတ် ကျောက်မှုန့်

သဘာဝပိုတက်ဆီယမ် မြေဩဇာ

သဘာဝ ပိုတက်ဆီယမ် မြေဩဇာ

မာတီဖတ် (အစ္စရေး ရွက်ဖျန်းမြေဩဇာ)

သီးနှံ ပန်းမန်မျိုးစုံ ပင်ပိုင်းကြီးထွား ကျန်းမာသန်စွမ်းစေ၍ သီးနှံအရည်အသွေးအထူးကောင်းမွန်စေပါသည်။

ကွမ်းရွက် အထူး အာဟာရစုံ ခိုင်တိုစန်

အာဟာရစုံ ခိုင်တိုစန် ဇီဝအထူး

မာတီအင်ပီကေ (အစ္စရေး ရွက်ဖျန်းမြေသြဇာ)

အိမ်အလှစိုက်ပန်းပင်များ သီးနှံများနှင့် မြေအလှဆင်အပင်များ (Landscaping) အတွက် အထူးပြုလုပ်ထားသည်။

စူပါကေ1 ရွက်ဖျန်းမြေသြဇာ (KCL 0-0-60)

သီးနှံ၊ ပန်းမန်၊ သစ်သီးဝလံမျိုးစုံ - အရွယ်အစား ကြီးမား၍ အထားခံ၊ အမှည့်ညီညာစေရန်၊ - အရောင်အသွေး တောက်ပြောင်စိုပြေ လှပစေရန်၊ - အရည်အသွေး၊ အရသာ ထူးခြားကောင်းမွန်စေရန် သုံးနိုင်သည်။

စူပရင်းရွှေဂဏန်း မြေသြဇာအရည် (ခိုင်တင်ခိုင်တိုစန် - သြဂဲနစ်)

အပင်ပေါက်နှုန်းကောင်း၊ အညှောင့်ထွက်မြန်၍ ရောဂါပိုးမွှားပါ ကာကွယ်နိုင်ရန်သုံးပါ။ - အပင်ပေါက်ရာနှုန်းကောင်း၍ အညှောင့်ထွက် မြန်စေရန်။ - ပိုးမွှားရောဂါ ကျရောက်ခြင်းမှ ထိရောက်စွာ ကာကွယ်ရန်။ - သစ်သီးဝလံ၊ ပန်းမန်များ အရည်အသွေး တောက်ပ စိုပြေ တာရှည် အထားခံစေရန် သုံးပါ။

ပင်ခွန်အား နာနိုဇီ၀ ပရီမီယံ အပင်အားတိုးဆေးရည်

အပင်ပိုင်း အသီး၊ အပွင့်နှင့် အစေ့အဆံများ၏ အရည်အသွေးကို ထိရောက်စွာ ကောင်းမွန်စေရန် သုံးနိုင်ပါသည်။

အမုန်းဖျန်း အတွဲ (၁)

မုန်ညင်း၊ မုန်လာ၊ မုန်လာထုပ်၊ ဆလပ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ဘူး၊ ဖရုံ၊ သခွား အထူး

အမုန်းဖျန်း အတွဲ(၂)

ကြက်သွန်ဖြူ၊ ကြက်သွန်နီ အထူး

အမုန်းဖျန်း အတွဲ(၃)

ငရုတ်၊ ခရမ်းချဉ်၊ ခရမ်းသီး၊ ရုံးပတီ အထူး

အမုန်းဖျန်း အတွဲ(၄)

မေမြို့၊ ဂန္ဓမာ၊ လီလီ ပန်းအထူး

မြေပဲ အထူး (အပင်သန်ရောဂါကင်းအတွဲ)

အပင်သန်ရောဂါကင်း အထူးအတွဲ

မြေပဲ အထူး (အစေ့အဆံပြည့် တင်းတိုး အထူးအတွဲ)

အစေ့အဆံပြည့် တင်းတိုး အထူးအတွဲ

နှမ်း အထူး အတွဲများ (သီးထွက်စုံညီ အောင်စေ့များ တင်းတိုး အထူး အတွဲ)

သီးထွက်စုံညီ အောင်စေ့များ တင်းတိုး အထူး အတွဲ

မြေဆီလွှာ ဓာတ်ခွဲသေတ္တာ

NPK တိုင်းတာသော ကိရိယာ

ကုမ္ပဏီမိတ်ဆက် အရည်အသွေးအား အစဉ်အမြဲအလေးထားပြီး စိုက်ပျိုးသူတစ်ဦးတစ်ယောက်ခြင်း၏ လိုအပ်ချက်များ၊ အလေးထားမှုများနှင့် ကိုက်ညီသည့် ဆန်းသစ်သော စိုက်ပျိုးနည်းစနစ်များ ဖော်ဆောင်ပေးနိုင်မှုကြောင့် လူသိများ၍ထင်ရှားပါသည်။ လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိပဲ သီးနှံထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်စေပြီး၊ အကျိုးအမြတ် အများဆုံးရရှိ နိုင်ရန် ဆောင်ရွက်ပေးသည်။ ဝန်ထမ်းအင်အား ၁၅၀ကျော်ဖြင့် ကောင်းမွန်သည့် ကျင့်ဝတ်ဖြင့် စနစ်တကျရှိပြီး မျှော်လင့်သည်ထက် သာလွန်သော၊ အဆင့်မြင့် ဝန်ဆောင်မှုများ ပံ့ပိုးရန် သန္နိဌါန်ချထားပါသည်။ ၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် စူပရင်းကုမ္ပဏီများအုပ်စု (Supreme Group of Companies)၏ အဖွဲ့ဝင်ကုမ္ပဏီလည်းဖြစ်ပါသည်။ စူပရင်းဘိုင်အိုတက်သည် အပြည်ပြည်ဆိုင်ရာ သြဂဲနစ်စိုက်ပျိုးရေးလှုပ်ရှားမှု အဖွဲ့ချုပ်၏ အဖွဲ့ဝင်ဖြစ်ပြီး၊ စီမံခန့်ခွဲမှု နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ISO 9001:2018၊ မြန်မာ့သြဂဲနစ်အဖွဲ့ သြဂဲနစ်လက်မှတ်၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ Responsible Care လက်မှတ်၊ မလေးရှားနိုင်ငံမှ ချီးမြှင့်သော အာဆီယံ ရွှေတံဆိပ်ဆု MCC Golden Green Award 2011 တို့ကို ရရှိထားသည့် ကုမ္ပဏီဖြစ်ပါသည်။ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ မြေမပျက်စီး သီးနှံ မဆုံးရှုံးစေသော သြဂဲနစ်နှင့် ဇီဝမြေခံမြေသြဇာများ။ နာရီပိုင်းအတွင်း စိမ့်ဝင်အာနိသင်ပြသော နိုင်ငံတကာမှ ရွက်ဖျန်းမြေသြဇာများ။ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို မထိခိုက်စေသော သြဂဲနစ် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ။ စိုက်ပျိုးရေး စီမံခန့်ခွဲမှုနှင့် ဈေးကွက် အကြံပေးဝန်ဆောင်မှု။ တောင်သူများနှင့် ကတိကဝတ်ပြု စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ခြင်း။ ဖုန်း၊ ဗိုင်ဘာ၊ ဖေ့ဘုတ် အရေးပေါ် ဝန်ဆောင်မှု။ ဖြန့်ဖြူးလျက်ရှိသော ကုန်ပစ္စည်းများသည် နိုင်ငံတကာမှ စံချိန်စံညွှန်း၊ နည်းစနစ်၊ အသိအမှတ်ပြု ဆုတံဆိပ်များ ရရှိထားပြီး (၁) အရည်အသွေး နှင့် စွမ်းဆောင်ရည် မြင့်မားမှု (၂) ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုတို့ အပေါ် အဓိကထားပါသည်။ တောင်သူပညာပေး လုပ်ငန်းများ ရွာအရောက် စိုက်ပျိုးနည်းစနစ်များအား ဆွေးနွေးသုံးသပ်အကြံပေးခြင်း၊ ဦးဆောင်တောင်သူများအား စိုက်ပျိုးနည်းပညာ သင်တန်းများ ပေးခြင်း၊ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအခက်အခဲများအား ကူညီဖြေရှင်းပေးခြင်း၊ ဖေ့ဘုတ်၊ လက်ကမ်းစာဆောင်များဖြင့် စိုက်ပျိုးနည်းပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ ဖုန်း၊ ဗိုင်ဘာများမှ ရောဂါပိုး၊ စိုက်နည်းစနစ်များ အရေးပေါ်ဝန်ဆောင်မှုပေး ဖြေရှင်းပေးခြင်း၊ စိုက်ပျိုးရေး စီမံခန့်ခွဲမှုလုပ်ငန်းများ စိုက်ခင်းအရောက် သီးနှံထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်စေရန် မြေဆီလွှာစစ်ဆေးခြင်း၊ မြေသြဇာသုံးစွဲနှုန်းထားနှင့် သုံးစွဲချိန်၊ စိုက်ပျိုးနည်းစနစ် သတ်မှတ်ချက်များ၊ ကွင်းဆင်း ကြီးကြပ် စီမံခန့်ခွဲမှုအပိုင်းနှင့် အထွက်နှုန်းခန့်မှန်းခြင်း၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ချက်ပေးခြင်းတို့ကို စနစ်တကျ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကတိကဝတ်ပြု စိုက်ပျိုးရေးလုပ်ငန်းများ သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုရမည့် မျိုး၊ မြေသြဇာဆေး၊ စိုက်စရိတ်နှင့် စိုက်နည်းစနစ်တို့ကို ပံ့ပိုးပေးပြီး ထွက်ရှိသီးနှံများ ပြန်လည်ဝယ်ယူခြင်းကို တောင်သူများနှင့် ကတိကဝတ်ပြုကာ လုပ်ငန်းဆောင်ရွက်ခဲ့သည်မှာ ဧက ၂၂၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါသည်။ ကုမ္ပဏီ သမိုင်းအကျဉ်း - စူပရင်းကုမ္ပဏီများအုပ်စု၏ စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှုများကို ဂျပန်နိုင်ငံမှ Onizaki Company နှင့်ပူးပေါင်း ၍ သြဂဲနစ်နှမ်း စိုက်ပျိုးခြင်းဖြင့် ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပါသည်။ - မြန်မာနိုင်ငံသည် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ 60%၊ လုပ်သားအင်အားထု၏ 65%အထိ ပါဝင် လုပ်ကိုင်ဆောင်ရွက်နေသော စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသောနိုင်ငံဖြစ်သည့်အားလျော်စွာ စူပရင်း ကုမ္ပဏီအနေဖြင့် ၎င်း၏စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ခဲ့ပါသည်။ - စူပရင်းဘိုင်အိုတက် (Supreme Bio-Tech)ကို 2004 ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍကို တာဝန်ယူဆောင်ရွက်စေခဲ့ပါသည်။ - Supreme Bio-Tech သည် စိုက်ပျိုးရေးတောင်သူများ အမှန်တကယ်နှင့် ရေရှည်အကျိုးအမြတ် ရရှိစေနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးသွင်းအားစုနှင့် နည်းပညာ ပံ့ပိုးကူညီမှုများကို စိုက်ပျိုးရေးကျွမ်းကျင် ပညာရှင်များစွာဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသည်မှာ သက်တမ်းအားဖြင့် (၈)နှစ်ကျော်လာပြီဖြစ်ပါသည်။ - ကမ္ဘာ့ထိပ်တန်း စိုက်ပျိုးရေး ထုတ်ကုန်နှင့် နည်းပညာကုမ္ပဏီများဖြစ်ကြသော Netafim Drip Irrigation Systems, Haifa Chemicals, Rotem Amfert Negev Ltd., Kinkurushi Cooperation အစရှိသည်တို့နှင့် လက်တွဲ၍ Project များစွာကိုလည်း အောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်။

Contact Info

19/C, သုဓမ္မာလမ်း ။ နဝဒေးအိမ်ရာ ၊ ရန်ကုန် ပုသိမ် လမ်းမကြီး ၊ လှိုင်သာယာမြို့နယ် "09450059302"
null
Facebook http://www.supreme-companies.com/