မေတ္တာရပ်ခံ အသိပေးခြင်း

01/02/2022 14:23 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
အစိမ်းရောင်လမ်းဆော့ဝဲအသုံးပြုသူများနှင့် စိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီ၊ အဖွဲ့အစည်းများခင်ဗျာ..
အစိမ်းရောင်လမ်းသည် စိုက်/မွေးနယ်ပယ်မှ စိုက်ပျိုးထုတ်လုပ်ကြသူများ၊ ကုမ္ပဏီများနှင့် အခြား သက်ဆိုင်သူများအတွက် (၂၀၁၂)ခုနှစ်တွင် blogspot တစ်ခုဖြင့် စတင်ခဲ့ပြီး အခကြေးငွေမယူဘဲ နည်းပညာနှင့် သတင်းများ မျှဝေထောက်ကူပေးနေသည့် ဆော့ဝဲဖြစ်ပါသည်။
ကျွန်တော်တို့အနေဖြင့် နေ့စဉ်လေ့လာစရာ နည်းပညာ၊ သတင်းများ၊ ဈေးနှုန်းအချက်အလက်များ ဖြန့်ဝေခြင်း၊ တောင်းဆိုသည့် အကြောင်းအရာများအား စုစည်းတင်ပြပေးခြင်း၊ အကြံပြုချက်များအား ဆွေးနွေး အကောင် အထည်ဖော်ပေးခြင်း၊ အချိန်အခါအလိုက် အထောက်အကူပြုစေမည့်နည်းပညာများအား ရွေးချယ် ပြသပေးခြင်း စသည်ဖြင့် အသုံးပြုသူတို့အား ဗဟိုပြုသည့် နေ့စဉ် ပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် မျှဝေထောက်ကူပေးနိုင်ရေး အစဉ် ကြိုးစားလျက်ရှိပါသည်။
အထက်ပါလုပ်ငန်းစဉ်များအတွက် ပြီးခဲ့သည့် (10)နှစ်ကျော်အချိန်အတွင်း ကျွန်တော်တို့အနေဖြင့် မည်သည့် ကြော်ငြာမျှ လက်မခံခဲ့ဘဲ စိုက်ပျိုးရေးနယ်ပယ်မှ သက်ဆိုင်သူအားလုံးကို ကူညီပေးနိုင်ရေးကိုသာ ရှေ့ရှု၍ နေ့စဉ်လည်ပတ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။
သို့သော် ယခုအချိန်တွင်မူ ကျွန်တော်တို့ ဆော့ဝဲဆက်လက်လည်ပတ်နိုင်ရေးနှင့် အဖွဲ့သားများက ပညာပေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကူညီပေးသွားနိုင်ရန် အထွေထွေလိုအပ်မှုများ ရှိလာခြင်းကြောင့် စိုက်/မွေး သွင်းအားစုကြော်ငြာများ လက်ခံသွားရတော့မည်ဖြစ်ပါသည်။
ယင်းအတွက်ကြောင့် ကျွန်တော်တို့ဆော့ဝဲအသုံးပြုသူများအနေဖြင့် နည်းပညာနှင့် သတင်းများလေ့လာရင်း ကြော်ငြာများ မြင်ခဲ့ရသည် ရှိသော် စိတ်မညိုငြင်စေလိုကြောင်းနှင့် စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများနှင့် စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့်လည်း တောင်သူများကို ကူညီပေးနိုင်ရေးအတွက် ကျွန်တော်တို့နှင့်အတူ အတတ်နိုင်ဆုံး ပူပေါင်းပါဝင်ပေးပါရန် အစိမ်းရောင်လမ်းအဖွဲ့သားများက မေတ္တာရပ်ခံ အသိပေးလိုက်ရပါသည်။
ကြော်ငြာများထည့်သွင်းလိုပါက-
ဖုန်း - 09765408626
အီးမေး - sales@greenwaymyanmar.org
လိပ်စာ - ရတနာသုခလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့
သို့ ဆက်သွယ်ပေးပါခင်ဗျာ..။

Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်