ဝက်ငယ်များတွင် ဖြစ်တတ်သော သွေးထဲသကြားဓာတ်နည်းခြင်းရောဂါ အကြောင်း

14/08/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

       မွေးကင်းစဝက်ငယ်လေးတွေရဲ့ အသဲထဲမှာ glycogen လို့ခေါ်တဲ့ ကစီဓာတ်ကို အလုံအလောက် မသိုလှောင်နိုင်တာကြောင့် သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေလျော့နည်းလာခြင်းကြောင့် ဒီရောဂါဖြစ်ပွားရခြင်းဖြစ်ပါသည်။ ဒါ့အပြင် ရောဂါဖြစ်ပွားရခြင်းမှာ မိခင်ရဲ့ နို့ရည်ထဲမှာပါတဲ့ Lactose အပေါ်မှာလည်း မူတည်ပါသေးတယ်။ ဝက်ငယ်ကလေးတွေမှာ ဒီရောဂါဖြစ်ပွားပါက သေနှုန်းကတော့မြင့်ပါသည်။

ရောဂါဖြစ်ရသည့်အကြောင်းရင်းများ

       ၁။ များသောအားဖြင့် ဝက်ငယ်ကလေးများမှာမွေးပြီး (၁၂-၂၄) နာရီအတွင်းမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်သည်။ ဝက်မကြီးကလည်း နို့အလုံအလောက်မပေးနိုင်တဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါသေးသည်။

       ၂။ ဝက်မကြီးမှ နို့အလုံအလောက်ပေးနိုင်သော်ငြား ဝက်ငယ်လေးများမှာ နို့ထစို့ဖို့အတွက် အင်အားချိနဲ့နေတဲ့အခါမျိုးမှာလည်း ရောဂါဖြစ်တတ်ပါသည်။

       ၃။ ဝက်မကိုကျွေးတဲ့အစာထဲမှာပါတဲ့ အာဟာရမမျှတတဲ့အခါမှာလည်း ရောဂါဖြစ်ပွားတတ်ပါသည်။

       ၄။ ဝက်မကြီး နို့မချခြင်း၊ ဝက်ခြံစိုထိုင်းစများခြင်း၊ အလွန်အေးခြင်း စတာတွေကြောင့်လည်း ရောဂါဖြစ်နိုင်ပါသည်။

       ၅။ ဒီရောဂါက အူလမ်းကြောင်းဆိုင်ရာရောဂါနှင့် အခြားသောဘက်တီးရီးယားရောဂါများ၊ မွေးရာပါရောဂါနှင့် သွေးယိုစိမ့်မှုရောဂါများနှင့်လည်း တွဲပြီးဖြစ်များတတ်ပါသည်။

       ရောဂါဖြစ်နိုင်ချေအများဆုံးမှာ ဝက်ကလေးများမွေးပြီး တစ်ပတ်အတွင်းမှာ အဖြစ်များဆုံးနဲ့ အတွေ့ရအများဆုံး ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

၁။ ချမ်းပြီးတုန်နေခြင်း

၂။ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်း

၃။ ပါးစပ်မှ အမြှုပ်(သို့) တံတွေးများကျနေခြင်း

၄။ အကြောများတုံ့ဆိုင်းနေခြင်း။

၅။ ဒယီးဒယိုင်ဖြစ်နေခြင်း

၆။ မှိုင်နေခြင်း

၇။ မေးခိုင်နေခြင်းနှင့် တောင့်တင်းခြင်း

၈။ အပူချိန်သာမန်ထက်လျော့နေခြင်း

၉။ မှောက်ထိုင်နေခြင်း

၁၀။ အာဟာရချို့တဲ့နေတဲ့ပုံပေါက်ခြင်း

၁၁။ မေ့မြောခြင်းနှင့် သေဆုံးခြင်းတို့က ရောဂါရဲ့နောက်ဆုံးအဆင့် ဖြစ်ပါသည်။

       ဝက်ဦးနှောက် အမှေးပါးရောင်ရောဂါလက္ခဏာနှင့် တချို့ဆင်တူသောကြောင့် သေချာခွဲတတ်ဖို့ လိုပါမည်။

ရောဂါကုသခြင်း

       ရောဂါဖြစ်ပြီးဆိုပါက ချက်ချင်းကုသပေးဖို့ လိုအပ်ပါမည်။

       ၁။ ရောဂါဖြစ်နေသော ဝက်ငယ်လေးကို ခြောက်သွေ့ပြီးနွေးသော (အပူချိန်အနည်းဆုံး ၃၀ ဒီဂရီခန့်ရှိသော) နေရာသို့ ရွှေ့ပေးရပါမည်။

       ၂။ ကောက်ရိုးခင်းပေးခြင်း(သို့)မီးလုံးတပ်ထားပေးတာမျိုး လုပ်ပေးရပါမည်။

       ၃။ ဝက်မကြီးမှ နို့သေချာတိုက်ပေးရပါမည်။

       ၄။ ၂၀% dextrose အရည်ကို syringe (သို့) stomachtube နဲ့ မိနစ်(၂၀)ခြား တစ်ခါပုံမှန်အခြေအနေပြန်ဖြစ်သည်အထိ တိုက်ပေးရပါမည်။

ဦးဇော် (dof)

မှီငြမ်း- ဒေါက်တာခွန်သူရ(B.V.Sc)၏ ဝက်ရောဂါအကြောင်းဆောင်းပါးမှ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်