မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ခန့်မှန်းချက်များအရ ယခုနှစ်တွင် မုတ်သုန်လေဝင်ရောက်မှု နောက်ကျပြီး၊ မိုးရွာသွန်းမှုလျော့နည်းနိုင်သည့်အတွက် စိုက်ပျိုးရေရရှိမှုနည်းပါးနိုင်ကြောင်း သိရှိ ရပါသည်။ သို့ပါ၍ ရာသီဥတုပြောင်းလဲမှု အခြေအနေများပေါ်မူတည်၍ တုန့်ပြန်ဆောင်ရွက် နိုင်မည့် အောက်ပါနည်းလမ်းများကို ဆောင်ရွက်ကြရန် အသိပေးထုတ်ပြန်အပ်ပါသည်။
၁။ ရေလိုအပ်ချက်နည်း၍ ဒေသနှင့်ကိုက်ညီသည့် ဈေးကွက်ဝင် သက်တမ်းတိုစပါးမျိုးများနှင့် ရေငတ်ဒဏ်ခံစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးကြရန်ဖြစ်ပါသည်။
၂။ အောက်ပါရေလိုအပ်ချက်လျော့နည်းသည့် စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးကြရန် ဖြစ်ပါသည်။
(က) ပျိုးသက်နုကောက်ကွက်ကြဲ(SRI)စနစ်၊
( ခ) တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ်(အခြောက်/အစို)၊
( ဂ) Drum Seeder ဖြင့် စိုက်ပျိုးခြင်းစနစ်၊
(ဃ) ကြဲခင်းစနစ်၊
၃။ လုပ်သားအင်အားရရှိနိုင်မှုပေါ်မူတည်၍ -
(က) လုပ်သားအင်အားရရှိနိုင်ပါက ပျိုးသက်နုကောက်ကွက်ကြဲ(SRI)စနစ်ကို အသုံးပြုရန်၊
( ခ) လုပ်သားအင်အား အကန့်အသတ်ရှိပါက တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ် (အခြောက်/အစို)၊ Drum Seeder ဖြင့် စိုက်ပျိုးခြင်းစနစ်နှင့် ကြဲခင်းစနစ်များကို အသုံးပြုစိုက်ပျိုးရန်၊
၄။ လယ်ယာလုပ်ငန်းခွင်နှင့်ပတ်သက်၍ အခက်အခဲများ ကြုံတွေ့ပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီး ဌာနရုံးများ၊ စက်မှုလယ်ယာဦးစီးဌာနရုံးများနှင့် ရုံးချုပ်(ဖုန်း-၀၆၇-၃၄၁၀၅၂၆)သို့ ဆက်သွယ် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more