စိုက်ပျိုးရေးသိပ္ပံ ပထမနှစ် သင်တန်းသားသစ်များခေါ်ယူခြင်း

09/07/2018 10:46 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

 

၁။ အောက်ဖော်ပြပါ မြို့များရှိ စိုက်ပျိုးရေးသိပ္ပံများတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ သင်တန်းတက်ရောက်လိုသူများ လျှောက်ထားနိုင်သည်။

 

စိုက်ပျိုးရေးဦးစီးဌာန- နေပြည်တော်(ပျဉ်းမနား)၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမောဆို၊ ဇွဲကပင်(ဘားအံ)၊ လုံပီး(ဖလမ်း)၊ ကျောက်တော်

၂။ စိုက်ပျိုးရေးသိပ္ပံသို့ တက်ရောက်ခွင့်ရရှိသူသည် () နှစ်သင်တန်း တက်ရောက်ရမည်ဖြစ်ပြီးထူးချွန်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိမည်ဖြစ်ပါသည်။

 

၃။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရပါမည်-

 

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သားဖြစ်ရမည်။

 

() အခြေခံပညာ အထက်တန်းကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ် အတွဲဖြင့်အောင်မြင်သူဖြစ်ပြီးလျှောက်လွှာပိတ်ရက်တွင် (၃၁--၂၀၁၈) ရက်တွင် အသက်(၂၂)နှစ်အထက်မကြီးရ။

 

၄။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာကျေးရွာ(သို့) မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့စခန်းတို့၏ ထောက်ခံချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်ရန် ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာဆရာဝန်၏ထောက်ခံချက်၊ စာမေးပွဲအောင်မြင်ကြောင်းနှင့် မွေးသက္ကရာဇ်အတွက် နောက်ဆုံးပညာသင်ကြားခဲ့သောကျောင်းမှ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်၊ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်စာရင်း(မူရင်းများ)၊ မိဘနှစ်ပါးနှင့်လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူများ၊ အိမ်ထောင်စုဇယား မိတ္တူများကို ပူးတွဲလျက် ၃၁--၂၀၁၈ ရက်ထက်နောက်မကျစေဘဲ မိမိတက်ရောက်လိုသော စိုက်ပျိုးရေးသိပ္ပံသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။

 

၅။ ဝင်ခွင့်လျှောက်လွှာများကို အထက်ဖော်ပြပါ စိုက်ပျိုးရေးသိပ္ပံများတွင် ဝယ်ယူလျှောက်ထားနိုင်သည်။

 

၆။ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၄၁၀၅၇၉၊ ၀၆၇-၄၁၀၂၉၆တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

 

စိုက်ပျိုးဦးစီးဌာန

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်