သဘာဝနည်းလမ်း ဖြင့် စိုက်ပျိုးခြင်း နည်းပညာ ဟောပြောပွဲ

24/04/2018 18:35 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Myanmar Nature Farming Network (MNFN) မှ ကြီးမှူး၍  နိုင်ငံတကာ နှင့် ပြည်တွင်းမှ ပညာရှင်များ ပါဝင်သော သဘာဝ နည်းလမ်းဖြင့် စိုက်ပျိုးခြင်း (Nature Farming) နည်းပညာ ဟောပြောပွဲကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့လည် ၁၂နာရီ တွင် ရန်ကုန်မြို့၊ဗိုလ်ချုပ် အောင်ဆန်း လမ်းရှိ Central Hotel တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပါ သဖြင့် မည်သူ မဆို လာရောက် နိုင်ပါကြောင်း MNFN မှ ဖိတ်ကြား ထားပါ သည်။

Myanmar Nature Farming Network (MNFN) ဆုုိသည္မွာ

Multi Agri Development Association မှ ကြီးမှူး၍ ဂျပန်နိုင်ငံ မှ International Nature Farming Research Centre (INFRC) ၏ အကူအညီဖြင့် Myanmar Nature Farming Network (MNFN) ကို ထူထောင်ထားပါသည်။

 ရှေ့ပြေး အစီအစဉ် အနေဖြင့် ဂျပန်နိုင်ငံမှ Nature Farming Expert တစ်ဦး မြန်မာပြည်တွင် (၃) နှစ်ကြာ လာရောက် နေထိုင်၍နည်းပညာ အကူအညီများ ပံ့ပိုး ပေးသွားမည် ဖြစ်ပါသည်။ ထို့နောက် INFRC မှ မြန်မာနိုင်ငံ နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ပါသည်။

နည်းပညာ လေ့လာ နိုင်ရန် ဂျပန် အကူ အညီ ဖြင့် မှော်ဘီတွင် စံပြ စိုက်ခင်း တစ်ခု ဆောင်ရွက် သွား မည် ဖြစ်ပြီး နည်းပညာ ဆိုင်ရာ သိလိုသည် များကို နိုင်ငံတကာ နှင့် ပြည်တွင်းမှ ပညာရှင် များနှင့် ကိုယ်တိုင် လာရောက် တွေ့ဆုံ၍ ဖြစ်စေ၊ online မှ ဖြစ်စေ တွေ့ဆုံ ဆွေးနွေး နိုင်ရန် ဆောင်ရွက် သွားပါမည်။  Website forum တစ်ခုလည်း ပြုလုပ် ထားမည် ဖြစ်ပါသည်။ အသင်း၏ vision, mission and activities များကို website တွင် ဖေါ်  ပြပေး ထားပါမည်။ 

MNFN Steering Committee ကို အောက်ပါ အတိုင်း ဖွဲ့စည်း ထားပါသည်။

၁။ ဒေါက်တာစောလွင် (မြန်မာနိုင်ငံပန်းအသင်း)                                                   ဥက္ကဌ

၂။ ဦးညဏ်လင်း (ရှမ်းမောမြေ၊ သြဂဲနစ်သွင်းအားစု ထုတ်လုပ်ရေး)                             ဒု ဥက္ကဌ

၃။ ဒေါ်လဲ့လဲ့ဦး  (မာလာမြိုင် ကုမ္ဗဏီလိမိတက်)                                                    ဒ ုဥက္ကဌ

၄။ ဒေါက်တာခင်မောင်ဝင်း ( Jaguco Co., EM production)                                 ဒု ဥက္ကဌ

၅။ ဒေါက်တာခင်လေးဆွေ (အငြိမ်းစား ဒု ပါချုပ်၊ Green Growth Generation Co.)     အဖွဲ့ဝင်

၆။ ဒေါက်တာခင်မောင်လွင် (FAME, ဆေးဝါးထုတ်လုပ်ရေး)                                       အဖွဲ့ဝင်

၇။ ဦခင်မောင်ဝင်း   (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း) (REAM)                                အဖွဲ့ဝင်

၈။ ဒေါက်တာနန်းဖေါက်ဆိုက် (Rise Trade International Trading Co.,Ltd)             အဖွဲ့ဝင်

၉။ ဒေါက်တာမြင့်လွင် (အငြိမ်းစားပါမ္ခော၊ မြန်မာ့စိုက်ပျိုးအားမာန်အသင်း)                        အတွင်းရေးမှူး

အဖွဲ့ဝင်များအား ဖိတ်ခေါ်        

သို့ပါ၍ Nature Farming/ Organic Farming/ Chemical Free farming/ GAP farming (စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း အားလုံး အကျုံးဝင် ပါသည်) လုပ်ကိုင် နေသူများ၊ ၎င်းပစ္စည်းများ ရောင်းဝယ် ဖေါက်ကား နေသူများ၊ စားသုံး နေသူများ၊ နည်းပညာ လေ့လာလို သူများ နှင့် စိတ်ဝင်စား သူများ အားလုံးကို အသင်းတွင် ပါဝင် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ် အပ်ပါသည်။

MNFN တွင် အသင်းဝင်ခြင်း

အီးမေးဖြင့် အသင်းဝင်လိုလျှင် ဦးခွန်ထွန်းငွေ၊ mada.naturefarming2014@gmail.com. ထံတွင် အောက်ပါ ပုံစံကို ဖြည့်၍အသင်းဝင် နိုင်ပါသည်။ အီးမေးဖြင့် အသင်းဝင်လျှင် Associate member အဖြစ် လက်ခံ ထား မည် ဖြစ်ပြီး၊ အသင်း ဝင်ကြေး ၃၀၀၀ ကျပ် သွင်းပြီး လျှင် အသင်းသား ဖြစ်မည် ဖြစ်ပါသည်။

အမည်

အသက်

မှတ်ပုံတင်အမှတ်

အလုပ်အကိုင်

အဖွဲ့အစည်း/ ကုမ္မဏီ

အီးမေးနှင့် ဖုန်းနံပါတ်

လုပ်ငန်းတည်နေရာ/နေရပ်လိပ်စာ

စိတ်ဝင်စားသော/ လက်တွေ့လုပ်ကိုင်နေသော Nature Farming နှင့်ပတ်သက်သည့် လုပ်ငန်း      

 ဥပမာ- သဘာဝ နည်းဖြင့် ငါးမွေးမြူခြင်း ကို စိတ်ဝင် စားပါသည်။ သြဂဲနစ် စပါး စိုက်ပျိုးရေး ဆောင်ရွက် နေပါသည်။ ဓါတု ကင်းလွတ် ကြက်မွေးမြူရေး ဆောင်ရွက် လိုပါသည်။                                                      

ကိုယ်တိုင် လာရောက် အသင်းဝင် လိုလျှင် ဦးခွန်ထွန်းငွေ  နှင့် ဆက်သွယ် ၍ရုံးတွင် လာရောက် အသင်းဝင် နိုင်သည့်အပြင် ဟောပြောပွဲ နေ့တွင်လည်း လာရောက်၍လေ့လာ ဆွေးနွေးပြီး အသင်းဝင် နိုင်ပါသည်။

ဆက်သွယ်ရန်

အသေးစိတ် အချက် အလက် များ သိလိုလျှင် ဒေါက်တာမြင့်လွင် ( ၀၉၇၃၁၉၇၅၀၁ ။  e-mail: lwin399@gmail.com) သို့ဖြစ်စေ ဦးခွန်ထွန်းငွေ Admin Officer (၀၉၂၅၀၁၆၈၈၂၈၊ e-mail: mada.naturefarming2014@gmail.com) သို့ ဖြစ်စေ ဆက်သွယ် မေးမြန်း နိုင်ပါသည်။ အသင်း အကြောင်းသိလိုလျှင် admin officer ထံတွင် လည်း အီးမေးဖြင့် စုံစမ်း နိုင်ပါသည်။

Photo reference: http://lornali.com/wp-content/uploads/2009/09/10-best-green-social-netwo...


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်